




Source- Wai Minn Maung

unicode

ဒီနေ့လေး မှာ ချစ်သူ သက်တမ်း( ၁၁ ) နှစ်ပြည့်သွားပြီဖြစ် တဲ့ လွှမ်းပိုင် နဲ့ Bobby Soxer

ပရိသတ်ကြီးရေ လူငယ်ကြိုက် အဆိုတော်နှစ်ဦးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ အတွဲလေး ကတော့ အနုပညာလောကမှာ လိုက်ဖက်ညီရုံသာမက အပြင်လက်တွေ့ဘဝမှာလည်း အရမ်းကို လိုက်ဖက်ညီတဲ့ ဆယ်လီစုံတွဲလေးပဲဖြစ်ပါတယ်။သူတို့ချစ်သူနှစ်ဦးကတော့ အောင်မြင်မှုများစွာနဲ့ အနုပညာ လမ်းတွေလျှောက်လှမ်းနေသူတွေဆိုလဲမမှားပါဘူးနော်…။

လွှမ်းပိုင်နဲ့ Bobby Soxer တို့ ချစ်သူနှစ်ဦး ကတော့ တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်ရှိတဲ့ အတွဲလေးဖြစ်တာကြောင့် ပရိတ်တွေက အားကျနေရတာပဲဖြစ်ပါတယ်။လွှမ်းပိုင်တို့ ချစ်သူနှစ်ဦးကတော့ တစ်ယောက်လိုအပ်ချက်တွေကိုတစ်ယောက်က ဖြည့်ဆည်းပေးရင်း လက်တွဲလာခဲ့တာ ဒီနေ့မှာ ဆိုရင်တော့ ချစ်သူသက်တမ်း (၁၁)ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။

အားလုံးက အားကျရတဲ့ လွှမ်းပိုင်တို့ နှစ်ဦးရဲ့ ချစ်သူ သက်တမ်း (၁၁) ပြည့်တဲ့နေ့လေးမှာတော့ အနုပညာရှင်ညီအကို မောင်နှမများက ဂုဏ်ပြုစကားဆိုထားတာတွေရပါတယ်။လွှမ်းပိုင်တို့ ချစ်သူနှစ်ဦးရဲ့ ဒီနေ့မှာကျရောက်တဲ့ ( 11 ) Years Anniversary မှစပြီး ပျော်ရွှင်တဲ့ ဘဝခရီးလမ်းကို အမြန်ဆုံးအကောင် အထည်ဖော်နိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်…။

Source- Wai Minn Maung

Add a Comment

Your email address will not be published. Required fields are marked *

10 + three =