မြန်မာရုပ်ရှင်အသိုင်းအဝိုင်းမှ ပထမဆုံးအကြိမ်သတိပေးခြင်းကိုခံလိုက်ရတဲ့ မင်းသမီး “မိုးဟေကို”
|မင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေယနေ့ အချိန်ထိ ပရိတ်သတ် တွေရဲ့ အားပေးမှုကို စိတ်ကွက်မှု မရှိအောင် ရှည်ကြာစွာ ထိန်းသိမ်း ထားနိုင်ခဲ့တဲ့ မင်းသမီးလေး မိုးဟေကို ကတော့ ဒီကနေ့မှာ မြန်မာရုပ်ရှင်လောကရဲ့ သတိပေးခြင်းကို ခံလိုက်ရပါပြီပဲ ဖြစ်ပါတယ်။
မိုးဟေကို ဟာအနုပညာလောက မှာသွက်လက်ပြီး သရုပ်ဆောင် ပိုင်နိုင်လွန်းတဲ့ မင်းသမီးလေး အဖြစ် ပရိတ်သတ်တွေက ချစ်ခင်အားပေး ခဲ့ကြရပြီး သူမရဲ့ထိမိတဲ့ သရုပ်ဆောင် ပိုင်နိုင်မှုတွေကြောင့် ယနေ့ အချိန်ထိ အောင်မြင်မှု ရရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ယနေ့ထက်ထိ အောင်မြင်မှု တွေ ပိုင်ဆိုင် ထားနိုင် သေးတဲ့ မိုးဟေကို ကိုတော့ ဒီကနေ့ မတ်လ ၂၄ရက်နေ့မှာ မြန်မာ့ရုပ်ရှင်လောက မှ ပထမအကြိမ်သတိပေး နှိုးဆော်ခံခဲ့ရတာပဲဖြစ်ပါတယ်။
မိုးဟေကို ဟာ မြန်မာပြည်သူ တွေ တော်လှန်နေကြတဲ့ အာဏာရှင် စနစ် ဆန့်ကျင်ရေးမှာ ပြည်သူ တွေနဲ့ အတူ တစ်သားတည်း ရပ်တည်ထား ခဲ့ပေမဲ့လဲ အခုလို အချိန်ထိ ပြည်သူ အတွက် စာတစ်ကြောင်းမျှ ဖွင့်ဟခဲ့ခြင်း ကိုမတွေ့ရခဲ့ပါဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်း တွေတုန်းက မင်းသမီးလေး မိုးဟေကိုဟာ သူမရဲ့ မိခင်ကျန်းမာရေး မကောင်းတာကြောင့် ဆေးရုံတင်ထား ရတဲ့ သူမရဲ့ မိခင် အနားမှာ အနီးကပ် ပြုစု စောင့်ရှောက် နေခဲ့ရကြောင်းလဲ သတင်း ထွက်ပေါ် လာခဲ့ပါ သေးတယ်။
အခုလို သတိပေးလိုက်တာနဲ့ ပတ်သက်ပြီး သူမရဲ့ ပရိတ်သတ်တွေ ဟာသဘော မတူကြောင်း မိုးဟေကို Social Punishment မလုပ်သင့် ကြောင်း မှတ်ချက်တွေ ရေးသား ခဲ့ကြ တာကို တွေ့ရှိ ရပါတယ်။ ပရိတ်သတ် ကြီးတို့ရဲ့ ထင်မြင် ချက် တွေကိုလဲ ရေးသား ပေးခဲ့ကြပါဦးနော်။ ဖတ်ရှုအားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး လဲ သာယာတဲ့ နေ့ရက်များ ပိုင်ဆိုင် နိုင်ကြပြီး စိတ်ချမ်းမြေ့ ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။
Source ; The Myanmar Academy Awards Official