ဝယ္လို အားနည္းေနခ်ိန္ တရုတ္ျပည္ မွ အာလူးမ်ား ဝင္ေရာက္ျခင္းေၾကာင့္ ေတာင္သူ မ်ား အခက္ႀကံဳ

ေဒသထြက္အာလူးမ်ား ဝယ္လို အားနည္းေနခ်ိန္ တရုတ္ျပည္မွ အာလူးမ်ား ဝင္ေရာက္ျခင္းေၾကာင့္ ေတာင္ သူမ်ား အခက္ႀကံဳ…

ရွမ္းျပည္နယ္ထြက္ အာလူးမ်ား ၀ယ္လိုအား မရွိသည့္အျပင္ တ႐ုတ္ႏိုင္ငံမွ အာလူး မ်ား ဝင္ေရာက္ေနမႈေၾကာင့္ ေတာင္သူမ်ား အခက္အခဲ ျဖစ္ေပၚေနေၾကာင္း သိရသည္။

“ ျပည္တြင္းေဈးကြက္မွာ စားသုံးမႈ ဖူလုံေနတယ္၊ ေရာဂါေၾကာင့္ ပို႔ေဆာင္မႈ အသြား အလာ နည္းပါးတာ၊ ေဈးေတြ မဖြင့္တာေတြေၾကာင့္ ၀ယ္လိုအားက နည္းေနတယ္။ ဒီအခ်ိန္မွာ တ႐ုတ္က အာလူးနဲ႔ ၾကက္သြန္က အပ္ကုန္ အေနနဲ႔ ဘယ္ေဈး ရရ ေရာင္းဆိုတဲ့ သေဘာမ်ိဳး ၀င္လာၿပီး ေအာက္ေဈး နဲ႔ ေဈးကြက္ကို ၀င္လာတာက ျပည္တြင္း ေတာင္သူေတြကို ထိခိုက္ေစပါတယ္။ ဒါကို အစိုးရအေနနဲ႔ အခြန္ေကာက္ျခင္းနဲ႔ ထိန္းေစခ်င္ပါတယ္။ ထိုင္းႏိုင္ငံမွာ သူတို႔ လိုအပ္ရင္ တစ္မ်ိဳး ေကာက္ၿပီး မလိုရင္ တစ္မ်ိဳး ေကာက္တဲ့ နည္းမ်ိဳးေပါ့။ မသြင္းခိုင္းတာ မဟုတ္ဘူး။ အခြန္လည္း ရ၊ ကိုယ့္ ေတာင္သူေတြကိုလည္း ကာကြယ္ေပးတဲ့ အေနနဲ႔ေပါ့။ အခြန္စနစ္နဲ႔ ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ ေပးေစလိုပါတယ္။” ဟု အာလူးစိုက္ေတာင္သူမ်ားအသင္း ဥကၠဌ ဦးေအာင္သန္းခ်စ္က ေျပာပါသည္။

COVID-19 ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ျပည္တြင္း အဓိက စားသုံးသူ ျဖစ္သည့္ ရန္ကုန္ ဘုရင့္ေနာင္ ေဈးကြက္သို႔ တ႐ုတ္အာလူးမ်ား ေဈးေလ်ာ့ေရာင္းခ်ျခင္းျဖင့္ ၀င္ေရာက္ေနမႈေၾကာင့္ ရွမ္းျပည္ထြက္ အာလူးေဈးႏႈန္းမွာ ယခင္ကထက္ ေလ်ာ့နည္းလာရသည့္အျပင္ ဝယ္လိုအားမွာလည္း ထက္ဝက္ေက်ာ္ခန႔္ ထိ က်ဆင္းေနလ်က္ ရွိေၾကာင္း သိရသည္။

“ အရင္ကဆို ၁၂ ဘီးကား အနည္းဆုံး ၂ စီး အထက္ ထြက္ တယ္၊ ခုက တစ္စီးေတာင္ အႏိုင္ႏိုင္ ျဖစ္လာတယ္။ ၀ယ္လိုအားက မရွိေတာ့၊ အာလူးေတြလည္း အထားမခံေတာ့ အပုပ္ အနာေတြ မ်ားလာၿပီး ဆုံးရႈံးလာရတယ္။ ပိႆာခ်ိန္ ၃၀၀၀၀ ပုံထားတာ လွန္ေတာ့ ပိႆာ ၄၀၀ ေလာက္ ပ်က္စီးရတယ္။ တ႐ုတ္အာလူးေတြက ဘုရင့္ေနာင္ ကို ကားစီးလိုက္ ၀င္ေနေတာ့ ဒီက ေတာင္သူေတြ မေရာင္းရလို႔ အခက္ ႀကဳံလာရတယ္၊ ပ်က္စီး ဆုံးရႈံးမႈ မ်ားလာရင္၊ မေရာင္းရရင္ စြန႔္ပစ္ရမႈေတြ ရွိလာေတာ့မွာ ျဖစ္တယ္။” ဟု ေအာင္ပန္းၿမိဳ႕မွ ပြဲ႐ုံ ပိုင္ရွင္ ဦးလွမ်ိဳးေအာင္က ေျပာသည္။

တရုတ္ျပည္မွ လာေသာ တ႐ုတ္မ်ိဳးရင္း အာလူးမ်ားမွာ အလုံးႀကီး၍ အေလးခ်ိန္ ရွိသျဖင့္ ၃ လုံးလ်င္ တစ္ပိႆာခန႔္ ရွိသည့္အျပင္ ေဈးႏႈန္းမွာလည္း ျပည္တြင္းထြက္ အာလူးေဈးထက္ နည္းပါးျခင္းေၾကာင့္ ျပည္တြင္းထြက္ အာလူးထက္ တ႐ုတ္ အာလူးကိုသာ ဝယ္ယူမႈ မ်ားျပားေနလ်က္ ရွိေၾကာင္း ၎က ဆက္လက္ ေျပာၾကားသည္။

ရွမ္းျပည္နယ္မွ ေဒသထြက္ အာလူးမ်ားကို ယခင္ႏွစ္က တစ္ပိႆာ လွ်င္ အနည္းဆုံး ၅၀၀ က်ပ္မွ ၇၅၀ က်ပ္ခန႔္အထိ ေရာင္းရေသာ္လည္း ယခုႏွစ္တြင္ တစ္ပိႆာလွ်င္ ၄၈၀ က်ပ္၀န္းက်င္သာ ေရာင္းခ်ေနရသည့္အျပင္ ေဈးကြက္အတြင္း ၀င္ေရာက္လာေနသည့္ တ႐ုတ္အာလူးမ်ားေၾကာင့္ ၀ယ္လိုအား နည္းပါးလာေနျခင္း ျဖစ္ေၾကာင္း သိရ သည္။

crd : whitesone

unicode

ဒေသထွက်အာလူးများ ဝယ်လို အားနည်းနေချိန် တရုတ်ပြည်မှ အာလူးများ ဝင်ရောက်ခြင်းကြောင့် တောင် သူများ အခက်ကြုံ…

ရှမ်းပြည်နယ်ထွက် အာလူးများ ဝယ်လိုအား မရှိသည့်အပြင် တရုတ်နိုင်ငံမှ အာလူး များ ဝင်ရောက်နေမှုကြောင့် တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ ပြည်တွင်းဈေးကွက်မှာ စားသုံးမှု ဖူလုံနေတယ်၊ ရောဂါကြောင့် ပို့ဆောင်မှု အသွား အလာ နည်းပါးတာ၊ ဈေးတွေ မဖွင့်တာတွေကြောင့် ဝယ်လိုအားက နည်းနေတယ်။ ဒီအချိန်မှာ တရုတ်က အာလူးနဲ့ ကြက်သွန်က အပ်ကုန် အနေနဲ့ ဘယ်ဈေး ရရ ရောင်းဆိုတဲ့ သဘောမျိုး ဝင်လာပြီး အောက်ဈေး နဲ့ ဈေးကွက်ကို ဝင်လာတာက ပြည်တွင်း တောင်သူတွေကို ထိခိုက်စေပါတယ်။ ဒါကို အစိုးရအနေနဲ့ အခွန်ကောက်ခြင်းနဲ့ ထိန်းစေချင်ပါတယ်။ ထိုင်းနိုင်ငံမှာ သူတို့ လိုအပ်ရင် တစ်မျိုး ကောက်ပြီး မလိုရင် တစ်မျိုး ကောက်တဲ့ နည်းမျိုးပေါ့။ မသွင်းခိုင်းတာ မဟုတ်ဘူး။ အခွန်လည်း ရ၊ ကိုယ့် တောင်သူတွေကိုလည်း ကာကွယ်ပေးတဲ့ အနေနဲ့ပေါ့။ အခွန်စနစ်နဲ့ ထိထိရောက်ရောက် ထိန်းချုပ် ပေးစေလိုပါတယ်။” ဟု အာလူးစိုက်တောင်သူများအသင်း ဥက္ကဌ ဦးအောင်သန်းချစ်က ပြောပါသည်။

COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ပြည်တွင်း အဓိက စားသုံးသူ ဖြစ်သည့် ရန်ကုန် ဘုရင့်နောင် ဈေးကွက်သို့ တရုတ်အာလူးများ ဈေးလျော့ရောင်းချခြင်းဖြင့် ဝင်ရောက်နေမှုကြောင့် ရှမ်းပြည်ထွက် အာလူးဈေးနှုန်းမှာ ယခင်ကထက် လျော့နည်းလာရသည့်အပြင် ဝယ်လိုအားမှာလည်း ထက်ဝက်ကျော်ခန့် ထိ ကျဆင်းနေလျက် ရှိကြောင်း သိရသည်။

“ အရင်ကဆို ၁၂ ဘီးကား အနည်းဆုံး ၂ စီး အထက် ထွက် တယ်၊ ခုက တစ်စီးတောင် အနိုင်နိုင် ဖြစ်လာတယ်။ ဝယ်လိုအားက မရှိတော့၊ အာလူးတွေလည်း အထားမခံတော့ အပုပ် အနာတွေ များလာပြီး ဆုံးရှုံးလာရတယ်။ ပိဿာချိန် ၃၀၀၀၀ ပုံထားတာ လှန်တော့ ပိဿာ ၄၀၀ လောက် ပျက်စီးရတယ်။ တရုတ်အာလူးတွေက ဘုရင့်နောင် ကို ကားစီးလိုက် ဝင်နေတော့ ဒီက တောင်သူတွေ မရောင်းရလို့ အခက် ကြုံလာရတယ်၊ ပျက်စီး ဆုံးရှုံးမှု များလာရင်၊ မရောင်းရရင် စွန့်ပစ်ရမှုတွေ ရှိလာတော့မှာ ဖြစ်တယ်။” ဟု အောင်ပန်းမြို့မှ ပွဲရုံ ပိုင်ရှင် ဦးလှမျိုးအောင်က ပြောသည်။

တရုတ်ပြည်မှ လာသော တရုတ်မျိုးရင်း အာလူးများမှာ အလုံးကြီး၍ အလေးချိန် ရှိသဖြင့် ၃ လုံးလျင် တစ်ပိဿာခန့် ရှိသည့်အပြင် ဈေးနှုန်းမှာလည်း ပြည်တွင်းထွက် အာလူးဈေးထက် နည်းပါးခြင်းကြောင့် ပြည်တွင်းထွက် အာလူးထက် တရုတ် အာလူးကိုသာ ဝယ်ယူမှု များပြားနေလျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရှမ်းပြည်နယ်မှ ဒေသထွက် အာလူးများကို ယခင်နှစ်က တစ်ပိဿာ လျှင် အနည်းဆုံး ၅၀၀ ကျပ်မှ ၇၅၀ ကျပ်ခန့်အထိ ရောင်းရသော်လည်း ယခုနှစ်တွင် တစ်ပိဿာလျှင် ၄၈၀ ကျပ်ဝန်းကျင်သာ ရောင်းချနေရသည့်အပြင် ဈေးကွက်အတွင်း ဝင်ရောက်လာနေသည့် တရုတ်အာလူးများကြောင့် ဝယ်လိုအား နည်းပါးလာနေခြင်း ဖြစ်ကြောင်း သိရ သည်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

two × four =