သူမဘဝရဲ့ အထီးကျန်အားငယ်ခဲ့ရတဲ့ နေ့ရက်တွေကုန်ဆုံးတော့မယ်ဆိုတဲ့အကြောင်း ပုံနဲ့တကွသက်သေပြလိုက်တဲ့ “အိုင်းရင်းဇင်မာမြင့်”

Posted on

ပရိသတ်ကြီးရေ အိုင်ရင်းဇင်မာမြင့်ကတော့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အိုင်ရင်းဇင်မာမြင့်ကတော့ တေးစီးရီးအယ်ဘမ်လ်တွေ များစွာထွက်ရှိထားတဲ့ အထိကို မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်ပ အနေနဲ့ကိုအောင်မြင်မှုတွေရရှိနေခဲ့သူလည်းဖြစ်ပါတယ်။ အိုင်းရင်းဇင်မာမြင့်ဟာ ခံစားချက်နဲ့အလုပ်လုပ်ရတဲ့ အနုပညာရှင်တစ်ယောက်ပီပီ သူမရဲ့မိခင်ကွယ်လွန်သွားပြီးနောက်မှာတော့ အနုပညာအလုပ်တွေလုပ်ကိုင်တာနည်းပါးသွားပြီး ရှားရှားပါးပါးသီချင်းတစ်ပုဒ် သာထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေ ကတော့ အိုင်းရင်းဇင်မာမြင့်ကိုချစ်တဲ့ စိတ်နဲ့ ဘာလေးပဲလုပ်လုပ်အားပေးနေကြဆဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အိုင်းရင်းဇင်မာမြင့်က မင်္ဂလာဆောင်စာချုပ်နဲ့ တူနေတဲ့ ဓာတ်ပုံတစ်ပုံအကြောင်းကို အခုလိုပဲ ဖြေရှင်းလာပါတယ်။ အိုင်းရင်းဇင်မာမြင့်က “တကယ်ပါ ဘဝမှာအခုလိုနေ့ရက်တွေပိုင်ဆိုင်ရမယ်လို့ဘယ်ထင်ပါ့မလဲနော်……..😍 အခုတော့အရမ်းဝမ်းသာခဲ့ရတာပြောမပြတတ်အောင်ပါပဲ❤️ အထီးကျန်အားငယ်တတ်တဲ့ကိုယ့်အတွက်တဲ့ အချိန်ပေးရတော့မယ့်အကြောင်းတရား🥰 ဘာလဲဆိုတော့………… အလှပြင်ဖို့ပါ 3months အတွင်း 30 millionsအထိပြင်ဆင်ခွင့်ရမယ့်အခွင့်အရေးပါ ခွဲစိတ်ပြုပြင်ဖို့တော့မဟုတ်ဖူးရှင့် နောက်3months ကြာရင်•••••အော်ပြောရဦးမယ် မဂ်လာဆောင် ဖိတ်စာ နဲ့တူနေတာကတော့ Dr Zello Moe Naing ရဲ့စိတ်ကူးပါ။ အမကိုဆောင်စေချင်နေလားတော့မသိ😂 အားကိုးတယ်နော်Dr😁” ဆိုပြီးပြောလာပါတယ်။

အိုင်းရင်းဇင်မာမြင့်ကတော့ သူမကို ဘဝမှာ အထီးကျန်အားငယ်တဲ့ နေ့ရက်တွေကုန်ဆုံးပြီး ပျော်ရွှင်ဖွယ်ရာနေ့ရက်တွေကို အလှပြင်ရင်းနဲ့ ကုန်ဆုံးသွားတော့မှာလို့ အသိပေးလာတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိုင်းရင်းဇင်မာမြင့်တစ်ယောက် အမြန်ဆုံးလှပလာမှာကို မြင်ချင်နေကြမယ်လို့ ထင်ပါတယ်။

Credit

zawgyi




Credit