သူမယောက်ျားဖောက်ပြန်ခဲ့တုန်းက အကြောင်းကို ပြန်လည်ရင်ဖွင့်လိုက်တဲ့ အဆိုတော် “တင်ဇာမော်”

အသံပါဝါအားကောင်းကောင်း နဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော် တင်ဇာမော်ကို အားလုံးပဲ သိကြမှာပါနော်။ အဆိုတော် တင်ဇာမော်ဟာဆိုရင် ဧည့်သည် ၊ အချစ်မရှိနေ့ရက်များ ၊ အဆုံးမရှိ၊ ဝေဒနာတွေမပေးနဲ့ စတဲ့ကောင်းလွန်းလှတဲ့ သီချင်းတွေကို သီဆိုထားတဲ့ သူဖြစ်ပါတယ်။

အခုတစ်ခါမှာဆိုရင်တော့အဆိုတော်တင်ဇာမော်က သူမယောက်ျားဖောက်ပြန်ခဲ့တုန်းက အခြေအနေတွေကိုအခုလို ပြန်လည်ပြောပြလာခဲ့ပါတယ်နော်။ အဆိုတော်တင်ဇာမော်က ငါကျနားကပ်သေးသေးလေးတွေ့လိုက်၊ ခါးပါတ်သေးသေးလေးတွေ့လိုက်၊ လူမျိုးခြားနာမည် (လင်ရှိမိန်းမ) နဲ့ အိမ်ကိုစာတွေရောက်လာလိုက်၊ မြန်မာမနာမည် (လင်ရှိရော လင်မရှိရော) နဲ့ ဟိုဒီထွက်စားနေတယ်။

ကြားလိုက်၊ ဘိုက်ကြီးနေပြီကြားလိုက်၊ နိုင်ငံတစ်ကာအမျိုးသမီးများနေ့လို့ သတ်မှတ်ရလောက်အောင် ဖုန်းထဲ စာတွေတွေ့လိုက်၊ မထော်မနန်း ဂရုချက်တွေတွေ့လိုက်၊ ကိုယ့်မိတ်ဆွေအမျိုးသမီးတွေပါမနေရ hang out လုပ်ဖို့အခေါ်ခံရ ကြိုးစားအားထုတ်ခံရ နဲ့ အေ၊ စုံပလုံစိပါပဲ သာဓု သာဓု သာဓုပါတော် ဆိုပြီးတော့သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်။

Credit