ဒီႏွစ္ မကုန္ခင္ ကုသေဆး ထုတ္ႏိုင္မည္ျဖစ္ေၾကာင္း သမၼတ ထရန႔္ေျပာၾကား

အေမရိကန္ သမၼတေဒၚနယ္ထရန႔္က Covid-19 ကုသေဆး ကို ယခုႏွစ္မကုန္ခင္မွာ ထုတ္လုပ္ႏိုင္ဖို႔ သူ႔ရဲ႕အစိုးရအဖြဲ႕ကို တြန္းအားေပးထားေၾကာင္း ေမလ ၁၅ ရက္ေန႔က ထုတ္ေဖာ္ေျပာၾကားလာပါတယ္။ ယခုပေရာဂ်က္အတြက္ GSK ကာကြယ္ေဆးထုတ္လုပ္ေရးရဲ႕ အမႈေဆာင္ေဟာင္း Moncef Slaoui နဲ႔ ၾကယ္ေလးပြင့္ ဗိုလ္ခ်ဳပ္ Gustave Perna ကိုဦးေဆာင္ဖို႔တာဝန္ေပးထားၿပီး ေမွ်ာ္မွန္းထားတဲ့ရလဒ္ကို အျမန္ဆုံးရရွိေတာ့မွာပါလို႔ လည္း သမၼတထရန႔္ကေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ အေမရိကန္ ေဆးဝါးထုတ္လုပ္မႈ အရွိန္ျမႇင့္ႏိုင္ေအာင္ သမၼတ ထရန႔္ ေဒၚလာ ၁၀ ဘီလီယံကို ခြင့္ျပဳေပးထားၿပီး ဒါဟာဒုတိယကမာၻစစ္အတြင္းက အေမရိကန္တို႔ ျႏူလက္နက္ ရွာေဖြအဆင့္ျမႇင့္တင္ေရးပေရာဂ်က္ ” The Manhattan Project” ထက္ ေငြပိုမိုသုံးစြဲထားတာလည္းျဖစ္ပါတယ္။

အေမရိကန္ဟာ တစ္ကိုယ္ေကာင္းႏိုင္ငံ မဟုတ္ပဲ အျခားႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ကာ ကုသေဆးရရွိလာပါက စစ္တပ္အကူအညီနဲ႔ျဖန႔္ေဝေပးသြားမယ္လို႔လည္း ဆိုခဲ့ပါတယ္။ ယခု သုံးစြဲထားတဲ့ ေဒၚလာ ၁၀ ဘီလီယံဟာ အေမရိကန္ႏိုင္ငံအတြင္းက ေဆးဝါးထုတ္လုပ္ေရးပေရာဂ်က္ တစ္ခုထဲအတြက္မဟုတ္ပဲ အျခားႏိုင္ငံေတြရဲ႕သုေတသန လုပ္ငန္းေတြမွာပါ ထည့္ဝင္ ထားတာေၾကာင့္ ဘယ္ႏိုင္ငံကပဲ ကုသေဆးစတင္ေတြ႕ရွိရွိ အက်ိဳးအျမတ္ကို မွ်ေဝခံစားၾကရမွာလည္းျဖစ္တယ္လို႔ သိရပါတယ္။

အခ်ိဳ႕ေသာ ေဆးပညာရွင္ေတြကေတာ့ ယခုလို အင္တိုက္ အားတိုက္ႀကိဳးစားေနၾကေပမဲ့ အက်ိဳးသက္ေရာက္မႈရွိတဲ့ေဆးဝါးေပၚေပါက္ မလာႏိုင္တာမ်ိဳးလဲျဖစ္ႏိုင္တာေၾကာင့္ ျပည္သူေတြအေနနဲ႔ ေရာဂါကုသေဆးကိုခ်ည္း အားကိုးမေနပဲ အျခားေသာ ကူးစက္မႈဟန႔္တားျခင္းလုပ္ေဆာင္ခ်က္ေတြကိုပါ တိတိက်က်လိုက္နာၾကဖို႔ တိုက္တြန္းထားတာလည္းရွိပါတယ္။ SARS ေရာဂါတုန္းကလည္း လူ ၈၀၀၀ ေလာက္ကို ကူးစက္ၿပီး ရပ္တန႔္သြားခဲ့တာေၾကာင့္ ထိေရာက္တဲ့ကုသေဆးမထုတ္လုပ္ႏိုင္ခဲ့ပါဘူး။ Coronavirus ကုသေဆးဆိုလို႔ တိရစာၦန္ေတြကို ကုသတဲ့ေဆးတစ္မ်ိဳးသာ ယေန႔အခ်ိန္အထိေအာင္ေအာင္ျမင္ျမင္ထုတ္လုပ္ထားႏိုင္ေသးတာျဖစ္တယ္ လို႔လည္း သိရပါတယ္။

crd : panpyoelat

unicode

အမေရိကန် သမ္မတဒေါ်နယ်ထရန့်က Covid-19 ကုသဆေး ကို ယခုနှစ်မကုန်ခင်မှာ ထုတ်လုပ်နိုင်ဖို့ သူ့ရဲ့အစိုးရအဖွဲ့ကို တွန်းအားပေးထားကြောင်း မေလ ၁၅ ရက်နေ့က ထုတ်ဖော်ပြောကြားလာပါတယ်။ ယခုပရောဂျက်အတွက် GSK ကာကွယ်ဆေးထုတ်လုပ်ရေးရဲ့ အမှုဆောင်ဟောင်း Moncef Slaoui နဲ့ ကြယ်လေးပွင့် ဗိုလ်ချုပ် Gustave Perna ကိုဦးဆောင်ဖို့တာဝန်ပေးထားပြီး မျှော်မှန်းထားတဲ့ရလဒ်ကို အမြန်ဆုံးရရှိတော့မှာပါလို့ လည်း သမ္မတထရန့်ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် ဆေးဝါးထုတ်လုပ်မှု အရှိန်မြှင့်နိုင်အောင် သမ္မတ ထရန့် ဒေါ်လာ ၁၀ ဘီလီယံကို ခွင့်ပြုပေးထားပြီး ဒါဟာဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တို့ နြူလက်နက် ရှာဖွေအဆင့်မြှင့်တင်ရေးပရောဂျက် ” The Manhattan Project” ထက် ငွေပိုမိုသုံးစွဲထားတာလည်းဖြစ်ပါတယ်။

အမေရိကန်ဟာ တစ်ကိုယ်ကောင်းနိုင်ငံ မဟုတ်ပဲ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ ကုသဆေးရရှိလာပါက စစ်တပ်အကူအညီနဲ့ဖြန့်ဝေပေးသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။ ယခု သုံးစွဲထားတဲ့ ဒေါ်လာ ၁၀ ဘီလီယံဟာ အမေရိကန်နိုင်ငံအတွင်းက ဆေးဝါးထုတ်လုပ်ရေးပရောဂျက် တစ်ခုထဲအတွက်မဟုတ်ပဲ အခြားနိုင်ငံတွေရဲ့သုတေသန လုပ်ငန်းတွေမှာပါ ထည့်ဝင် ထားတာကြောင့် ဘယ်နိုင်ငံကပဲ ကုသဆေးစတင်တွေ့ရှိရှိ အကျိုးအမြတ်ကို မျှဝေခံစားကြရမှာလည်းဖြစ်တယ်လို့ သိရပါတယ်။

အချို့သော ဆေးပညာရှင်တွေကတော့ ယခုလို အင်တိုက် အားတိုက်ကြိုးစားနေကြပေမဲ့ အကျိုးသက်ရောက်မှုရှိတဲ့ဆေးဝါးပေါ်ပေါက် မလာနိုင်တာမျိုးလဲဖြစ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ရောဂါကုသဆေးကိုချည်း အားကိုးမနေပဲ အခြားသော ကူးစက်မှုဟန့်တားခြင်းလုပ်ဆောင်ချက်တွေကိုပါ တိတိကျကျလိုက်နာကြဖို့ တိုက်တွန်းထားတာလည်းရှိပါတယ်။ SARS ရောဂါတုန်းကလည်း လူ ၈၀၀၀ လောက်ကို ကူးစက်ပြီး ရပ်တန့်သွားခဲ့တာကြောင့် ထိရောက်တဲ့ကုသဆေးမထုတ်လုပ်နိုင်ခဲ့ပါဘူး။ Coronavirus ကုသဆေးဆိုလို့ တိရစ္ဆာန်တွေကို ကုသတဲ့ဆေးတစ်မျိုးသာ ယနေ့အချိန်အထိအောင်အောင်မြင်မြင်ထုတ်လုပ်ထားနိုင်သေးတာဖြစ်တယ် လို့လည်း သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

2 × 1 =