အသက္ (၁၂) ႏွစ္ အရြယ္ ေကာင္ေလးက (၂) ႏွစ္အရြယ္ ေကာင္မေလး ကို ျပဳက်င့္မႈျဖစ္ပြား

ေတာင္ႀကီးၿမိဳ႕ တြင္ အသက္ ၁၂ ႏွစ္အရြယ္ ေကာင္ေလးက (၂) ႏွစ္အရြယ္ ေကာင္မေလး ကို ျပဳက်င့္မႈျဖစ္ပြား…

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ့၊ စိန္ပန္း ရပ္ကြက္တြင္ ၿပီးခဲ့ သည့္ ေမလ ၁၅ ရက္၊ ညေနပိုင္းက အသက္ ၂ ႏွစ္ အရြယ္ မိန္းကေလးငယ္ အား အသက္ ၁၂ ႏွစ္အရြယ္ ေယာက္်ားေလးငယ္က ျပဳက်င့္မွု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ့၊ စိန္ပန္းရပ္ကြက္၊ သရဖီလမ္းေန အမ်ိဳးသမီး တစ္ဦးသည္ ေမလ ၁၅ ရက္၊ ညေန ၅ နာရီခန႔္က ေနအိမ္ေရွ႕၌ ရွိေနစဥ္ အသက္ ၂ ႏွစ္ ၁၀ လ အရြယ္ ၎၏ သမီး မိန္းကေလးငယ္အား အခန္းခ်င္းကပ္လ်က္ ငွားရမ္းေနထိုင္သူ အသက္ ၁၂ ႏွစ္အရြယ္ ဆ႒မတန္းေက်ာင္းသားႏွင့္ အတူ ေနအိမ္ေနာက္၌ ေဆာ့ကစားေနသည္ ကို ျမင္ေတြ႕သျဖင့္ ေနပူထဲမေဆာ့ရန္ ေျပာၾကားၿပီး ေနအိမ္အတြင္းသို့ ဝင္သြားခဲ့ေၾကာင္း ၊ ၁၅ မိနစ္ခန႔္အၾကာတြင္ သမီးျဖစ္သူ အသံမၾကားသျဖင့္ လိုက္လံရွာေဖြရာ ေနအိမ္အေနာက္ဘက္ အိမ္သာ အနီးတြင္ သမီးျဖစ္သူအား အသက္ ၁၂ ႏွစ္အရြယ္ ေကာင္ေလးက သားမယား အျဖစ္ ျပဳက်င့္ေနသည္ကို ျမင္ေတြ႕သျဖင့္ ေအာ္ဟစ္ရာ ေကာင္ေလး မွာ ထြက္ေျပးသြား ခဲ့ေၾကာင္း သိရသည္။

သို့ျဖစ္၍ မိဘ အုပ္ထိန္းမွုေအာက္၌ ရွိေသာ အသက္မျပည့္ေသး သည့္ မိန္းကေလးငယ္အား သားမယား အျဖစ္ ျပဳက်င့္သူ အသက္ ၁၂ ႏွစ္အရြယ္ ဆ႒မတန္း ေက်ာင္းသားအား မိန္းကေလးငယ္ ၏ မိခင္မွ ေတာင္ႀကီးနယ္ေျမ ရဲစခန္းတြင္ အမွုဖြင့္
တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တိုင္တန္းမွုႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ့မရဲစခန္းမွ(ပ)၄၅၂/ ၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ၃၆၃/ ၃၇၆တို့ျဖင့္ ေမလ ၁၆ ရက္တြင္ အမွုဖြင့္ကာ တရားလို/သက္ေသမ်ား စစ္ေဆးျခင္း၊ အခင္းျဖစ္ရပ္စစ္ေဆးျခင္း၊ က်ဴးလြန္သူအား ထိန္းသိမ္းရန္ ေတာင္ႀကီးၿမိဳ့နယ္ တရားသူႀကီးထံ ေတာင္းခံေရးတို့ကို စီစဥ္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။

crd – whitesone

unicode

တောင်ကြီးမြို့ တွင် အသက် ၁၂ နှစ်အရွယ် ကောင်လေးက (၂) နှစ်အရွယ် ကောင်မလေး ကို ပြုကျင့်မှုဖြစ်ပွား…

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စိန်ပန်း ရပ်ကွက်တွင် ပြီးခဲ့ သည့် မေလ ၁၅ ရက်၊ ညနေပိုင်းက အသက် ၂ နှစ် အရွယ် မိန်းကလေးငယ် အား အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးငယ်က ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ သရဖီလမ်းနေ အမျိုးသမီး တစ်ဦးသည် မေလ ၁၅ ရက်၊ ညနေ ၅ နာရီခန့်က နေအိမ်ရှေ့၌ ရှိနေစဉ် အသက် ၂ နှစ် ၁၀ လ အရွယ် ၎င်း၏ သမီး မိန်းကလေးငယ်အား အခန်းချင်းကပ်လျက် ငှားရမ်းနေထိုင်သူ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသားနှင့် အတူ နေအိမ်နောက်၌ ဆော့ကစားနေသည် ကို မြင်တွေ့သဖြင့် နေပူထဲမဆော့ရန် ပြောကြားပြီး နေအိမ်အတွင်းသို့ ဝင်သွားခဲ့ကြောင်း ၊ ၁၅ မိနစ်ခန့်အကြာတွင် သမီးဖြစ်သူ အသံမကြားသဖြင့် လိုက်လံရှာဖွေရာ နေအိမ်အနောက်ဘက် အိမ်သာ အနီးတွင် သမီးဖြစ်သူအား အသက် ၁၂ နှစ်အရွယ် ကောင်လေးက သားမယား အဖြစ် ပြုကျင့်နေသည်ကို မြင်တွေ့သဖြင့် အော်ဟစ်ရာ ကောင်လေး မှာ ထွက်ပြေးသွား ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ မိဘ အုပ်ထိန်းမှုအောက်၌ ရှိသော အသက်မပြည့်သေး သည့် မိန်းကလေးငယ်အား သားမယား အဖြစ် ပြုကျင့်သူ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသားအား မိန်းကလေးငယ် ၏ မိခင်မှ တောင်ကြီးနယ်မြေ ရဲစခန်းတွင် အမှုဖွင့်
တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းမှ(ပ)၄၅၂/ ၂၀၂၀၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၆၃/ ၃၇၆တို့ဖြင့် မေလ ၁၆ ရက်တွင် အမှုဖွင့်ကာ တရားလို/သက်သေများ စစ်ဆေးခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ ကျူးလွန်သူအား ထိန်းသိမ်းရန် တောင်ကြီးမြို့နယ် တရားသူကြီးထံ တောင်းခံရေးတို့ကို စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။