ပရိတ်သတ်တွေသဘောကျနေတဲ့ “အိန္ဒြာကျော်ဇင်” ရဲ့ လူတိုင်းစံထားထိုက်တဲ့ စိတ်နေသဘောထား
|သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကတော့ အမိုက်စားသရုပ်ဆောင်ကွက်တွေ နဲ့ အတူအမျိုးမျိုးသော ဇာတ်ကောင်တွေမှာ မတူညီတဲ့သရုပ်ဆောင်မှုများနဲ့အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာအပြည့်အဝ ရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ လူတိုင်းစံထားထိုက်တဲ့ စိတ်နေသဘောထားကို အခုလိုပြန်လည် တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နော်။ သရုပ်ဆောင်အိန္ဒြာကျော်ဇင်က ကိုယ့်အပေါ် ခင်ခင် မခင်ခင်၊ ကောင်းကောင်း မကောင်းကောင်း၊ ကိုယ်ကအမြဲတမ်းခင်တယ် ကိုယ်ကသူများ အပေါ်အမြဲတမ်းကောင်းတယ်၊
အဲ့လိုစိတ်ပဲ ထားလိုက်တယ်၊ ကိုယ့်ကိုမချစ်ဘူး ကိုယ့်ကိုမုန်းတယ်ဆိုတဲ့လူလည်း ဪ ငါ့ကိုမုန်းတယ် ငါပြန်မုန်းမယ်ဆိုတဲ့ စိတ်မထားဘူး၊ မုန်းချင်လဲမုန်း မချစ်ချင်လဲမချစ်နဲ့ ဒါပေမယ့် အဲ့ဒါနဲ့ပတ်သတ်ပြီး အမစိတ်ထဲမှာ ဘာမှမထားဘူး၊ အမကတော့ လူတိုင်းကို မေတ္တာတရားထားတယ်၊ စိတ်ထဲမှာ အားလုံးကို ချစ်ခင်တဲ့စိတ်နဲ့ပဲ အရာအားလုံးကိုကြည့်တယ်၊ မေတ္တာစိတ်နဲ့ပဲ အရာအားလုံးကိုကြည့်တယ်၊ အဲ့လိုမျိုးနဲ့ပဲ သွားတယ် ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်နော်။
crd
zawgyi
crd