လမ္းမ်ားေပၚ ေဆးဖ်န္းျခင္းေၾကာင့္ ကိုဗစ္-၁၉ ပိုးမေသေစႏိုင္ဘဲ က်န္းမာေရး ကိုသာ ထိခိုက္ ေစႏိုင္ေၾကာင္း ကမာၻ႔ က်န္းမာေရးအဖြဲ႕(WHO) သတိေပး

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က လမ္းမ်ားႏွင့္ ပလက္ေဖာင္းမ်ား သည္ COVID-19 ခိုေအာင္းရာအျဖစ္ မသုံးသပ္ေၾကာင္း ေျပာကာ ျပင္ ပ၌ ထိုသို႔ေသာ ပိုးသတ္ေဆး ဖ်န္းျခင္းမွာ လူတို႔၏ က်န္းမာေရးကိုပင္ အႏၲရာယ္ ျဖစ္ေစႏိုင္ သည္ဟု ျဖည့္စြက္ ဆိုခဲ့သည္။ လူတစ္ဦး ခ်င္း အား ပိုးသတ္ေဆးဖ်န္းျခင္း ကိုလည္း မေထာက္ခံေၾကာင္း WHO ၏ အဆိုပါ မွတ္တမ္း၌ အေလးအနက္ ေဖာ္ျပထားသည္။

“ယင္းသို႔ ပိုးသတ္ေဆး ဖ်န္းျခင္းသည္ ကိုယ္ပိုင္း ဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစႏိုင္ၿပီး အရည္အစက္ သို႔မဟုတ္ ထိေတြ႕ျခင္းမွ လူ၏ ဗိုင္းရပ္စ္ ကူးစက္ေစႏိုင္စြမ္းကို ေလွ်ာ့ခ်ႏိုင္လိမ့္မည္ မဟုတ္ေၾကာင္း။” ယင္း ထုတ္ျပန္ခ်က္၌ ေျပာထားသည္။ ႏိုင္ငံအခ်ိဳ႕တြင္ လုပ္ ေဆာင္ေနေသာ လမ္းမ်ားေပၚ ပိုးသတ္ေဆး ဖ်န္းျခင္း သည္ ကို႐ိုနာဗိုင္းရပ္စ္ကို ရွင္းလင္းပစ္ႏိုင္မည္မဟုတ္ဟု ဆိုသည္။

ပိုးသတ္ေဆးဖ်န္းျခင္းေၾကာင့္ က်န္းမာေရး ေဘးအႏၲရာယ္ပင္ ျဖစ္ေစႏိုင္ေၾကာင္း ကမာၻ႔ က်န္းမာေရးအဖြဲ႕ WHO က စေနေန႔တြင္ သတိ ေပးသည္။ ဗိုင္းရပ္စ္ တုံ႔ျပန္ေရး တစ္စိတ္ တစ္ပိုင္းျဖစ္ေသာ မ်က္ႏွာျပင္ မ်ားအား သန႔္စင္ျခင္းႏွင့္ ပိုးသတ္ေဆး ဖ်န္းျခင္း ႏွင့္ ပတ္သက္ ေသာ မွတ္တမ္း၌ WHO က ပိုးသတ္ေဆး ဖ်န္းျခင္း သည္ ထိေရာက္ မႈ မရွိႏိုင္ဟု ဆို ထားသည္။

“လမ္းမ်ား၊ ေဈးမ်ားကဲ့သို႔ ျပင္ပေနရာမ်ား အား ပိုးသတ္ေဈးဖ်န္းျခင္းတြင္ ဖုန္ႏွင့္ အမႈိက္ သ႐ိုက္မ်ား၏ အတားအဆီးေၾကာင့္ ပိုးသတ္ေဆး သည္ ထိေရာက္မႈ မရွိႏိုင္ေၾကာင္း။” WHO ရွင္းလင္းသည္။အတားအဆီးမ်ား မရွိသည့္ တိုင္ေအာင္ ဓာတုေဆးဖ်န္းျခင္းသည္ ဗိုင္းရပ္စ္ အား ရွင္သန္စြမ္းမဲ့ေစေအာင္ ထိေတြ႕မႈ ကာလအတြက္ လုံလုံေလာက္ေလာက္ ရွိလိမ့္မည္ မဟုတ္ေၾကာင္း ေဖာ္ျပထားသည္။

က႐ိုရင္း သို႔မဟုတ္ အျခား အဆိပ္ျဖစ္ ဓာတုေဆးမ်ား ဖ်န္းျခင္း သည္ လူမ်ားတြင္ မ်က္စိႏွင့္ အေရျပား က်ိန္းစပ္ျခင္းႏွင့္ ေက်ာက္ကပ္ႏွင့္ အစာအိမ္ အူမႀကီးတို႔၌ သက္ေရာက္မႈမ်ား ျဖစ္ေစႏိုင္သည္ဟု WHO က သတိေပး ေဖာ္ျပထားသည္။

REF: MIZZIMA

unicode

လမ်းများပေါ် ဆေးဖျန်းခြင်းကြောင့် ကိုဗစ်-၁၉ ပိုးမသေစေနိုင်ဘဲ ကျန်းမာရေး ကိုသာ ထိခိုက် စေနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) သတိပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လမ်းများနှင့် ပလက်ဖောင်းများ သည် COVID-19 ခိုအောင်းရာအဖြစ် မသုံးသပ်ကြောင်း ပြောကာ ပြင် ပ၌ ထိုသို့သော ပိုးသတ်ဆေး ဖျန်းခြင်းမှာ လူတို့၏ ကျန်းမာရေးကိုပင် အန္တရာယ် ဖြစ်စေနိုင် သည်ဟု ဖြည့်စွက် ဆိုခဲ့သည်။ လူတစ်ဦး ချင်း အား ပိုးသတ်ဆေးဖျန်းခြင်း ကိုလည်း မထောက်ခံကြောင်း WHO ၏ အဆိုပါ မှတ်တမ်း၌ အလေးအနက် ဖော်ပြထားသည်။

“ယင်းသို့ ပိုးသတ်ဆေး ဖျန်းခြင်းသည် ကိုယ်ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပြီး အရည်အစက် သို့မဟုတ် ထိတွေ့ခြင်းမှ လူ၏ ဗိုင်းရပ်စ် ကူးစက်စေနိုင်စွမ်းကို လျှော့ချနိုင်လိမ့်မည် မဟုတ်ကြောင်း။” ယင်း ထုတ်ပြန်ချက်၌ ပြောထားသည်။ နိုင်ငံအချို့တွင် လုပ် ဆောင်နေသော လမ်းများပေါ် ပိုးသတ်ဆေး ဖျန်းခြင်း သည် ကိုရိုနာဗိုင်းရပ်စ်ကို ရှင်းလင်းပစ်နိုင်မည်မဟုတ်ဟု ဆိုသည်။

ပိုးသတ်ဆေးဖျန်းခြင်းကြောင့် ကျန်းမာရေး ဘေးအန္တရာယ်ပင် ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က စနေနေ့တွင် သတိ ပေးသည်။ ဗိုင်းရပ်စ် တုံ့ပြန်ရေး တစ်စိတ် တစ်ပိုင်းဖြစ်သော မျက်နှာပြင် များအား သန့်စင်ခြင်းနှင့် ပိုးသတ်ဆေး ဖျန်းခြင်း နှင့် ပတ်သက် သော မှတ်တမ်း၌ WHO က ပိုးသတ်ဆေး ဖျန်းခြင်း သည် ထိရောက် မှု မရှိနိုင်ဟု ဆို ထားသည်။

“လမ်းများ၊ ဈေးများကဲ့သို့ ပြင်ပနေရာများ အား ပိုးသတ်ဈေးဖျန်းခြင်းတွင် ဖုန်နှင့် အမှိုက် သရိုက်များ၏ အတားအဆီးကြောင့် ပိုးသတ်ဆေး သည် ထိရောက်မှု မရှိနိုင်ကြောင်း။” WHO ရှင်းလင်းသည်။အတားအဆီးများ မရှိသည့် တိုင်အောင် ဓာတုဆေးဖျန်းခြင်းသည် ဗိုင်းရပ်စ် အား ရှင်သန်စွမ်းမဲ့စေအောင် ထိတွေ့မှု ကာလအတွက် လုံလုံလောက်လောက် ရှိလိမ့်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။

ကရိုရင်း သို့မဟုတ် အခြား အဆိပ်ဖြစ် ဓာတုဆေးများ ဖျန်းခြင်း သည် လူများတွင် မျက်စိနှင့် အရေပြား ကျိန်းစပ်ခြင်းနှင့် ကျောက်ကပ်နှင့် အစာအိမ် အူမကြီးတို့၌ သက်ရောက်မှုများ ဖြစ်စေနိုင်သည်ဟု WHO က သတိပေး ဖော်ပြထားသည်။

REF: MIZZIMA

Add a Comment

Your email address will not be published. Required fields are marked *

five + 18 =