အသက်(၁၇)နှစ်ထဲက အနုပညာလုပ်ကိုင်လာပေမယ့် ထင်သလောက်အောင်မြင်မှုမရခဲ့တဲ့အကြောင်း ရင်ဖွင့်လာတဲ့ မင်းသမီးချောလေး “သံသာညီ”

Posted on

ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင်သံသာညီက တော့အနုပညာလောကမှာပါရမီပါတဲ့အနုပညာကြယ်ပွင့်လေး တစ်ပွင့်ဖြစ်ပါတယ်နော်။ Mrtv4 ဇာတ်လမ်းတွဲတွေကနေပရိတ်သတ်တွေရဲ့အားပေးမှု့ကိုရရှိခဲ့သူလေး ဖြစ်ပါတယ်။

သံသာညီကအသက်(၁၇)နှစ်ထဲကအနုပညာအလုပ်ကို စတင်လုပ်ကိုင်လာပြီးခုဆိုအသက်၂၁နှစ်ပြည့်ပြီပဲဖြစ်ပါတယ်။ ၄ နှစ်ကြာလျှောက်လှမ်းလာတဲ့ သူမရဲ့ အနုပညာဟာလိုသလောက်ရောက်မလာခဲ့လို့နောက် ၂နှစ်၃နှစ်လောက် ဆိုရင် အခြေအနေပြောင်းလဲနိုင်ကြောင်းလဲ ရင်ဖွင့်လာခဲ့ပါတယ်။

“သံသာကအခုသုံးလေးနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင်အခြေအနေတွေ အမျိုးမျိုးပြောင်းနေတာဆိုတော့ ထင်သလောက်တော့မတိုးတက်လာဘူးလို့ လည်းတွေးမိနေတယ်။ ကိုယ်ကလေးတုန်းကတီဗီမှာတွေ့နေတဲ့မင်းသားတွေနဲ့ တွဲရိုက်ရတော့သူတို့ကပဲ နုနေတာလား၊ကိုယ်ကပဲ အရမ်းရင့်နေတာလားပေါ့” ဆိုပြီးမီဒီယာတစ်ခုမှာပြောပြလာခဲ့ပါတယ်။

Credit

zawgyi




Credit