သူမကို ထားခဲ့တဲ့ သမီးလေး ရဲ့ ဖခင်အကြောင်းကို ရင်ဖွင့်ပြောပြလာတဲ့ အဆိုတော် “အေသင်ချိုဆွေ”

“အချစ် ဆိုတာ ဘဝတခု မဟုတ်ဘူး။ ကိုယ်လုပ်စရာရှိတာကို လုပ်ပြီး ကိုယ့်ကိုကိုယ် ချစ်နိုင်ဖို့က အရေးကြီးပါတယ်” ဒီခံယူချက် ဒီဆုံးဖြတ်ချက်တွေ နဲ့ ကိုယ်ဝန်ဖျက် မချဘဲ သမီးငယ်လေးကို မွေးဖွားခဲ့သူက နာမည်ကျော် အဆိုတော် အေသင်ချိုဆွေ ဖြစ်ပါတယ်။“ဘဝကို သေသေချာချာ လေးလေးနက်နက် ထားပြီး အရာအားလုံးကို အသေအချာ စဉ်းစား ဆင်ခြင်ပြီးဘဝတခုကို ထူထောင်မယ် ဆိုရင် ပိုပြီးတော့ အကျိုးရလဒ်ကောင်းတွေ ရမှာပေါ့။

လူတိုင်းက မှားတတ်တယ်၊ မမှားရင် ပိုကောင်းတယ်။ တကယ်လို့ မှားသွားခဲ့ရင်လည်း ဘယ်လို ရင်ဆိုင်မလဲ၊ ရှေ့ဆက်သွားမလဲ ဆိုတာအရေးကြီးပါတယ်။” လို့လည်း သူက ပြောပါတယ်။ အေသင်ချိုဆွေက လက်မထပ်ခင် သူနဲ့ အတူနေခဲ့တဲ့ အမျိုးသားက တာဝန်မယူလို့ နှစ်ယောက်သား လမ်းခွဲခဲ့ကြပြီး လူမှုအသိုင်းအဝိုင်း ရဲ့ ဝေဖန် ကဲ့ရဲ့မှုတွေကြားက ကလေးမွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့မှာ ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရကတည်းက အမျိုးသားနဲ့ ဆွေးနွေးတာ ရှိခဲ့ပြီး အဲဒီအမျိုးသားက တာဝန်ယူလိုမှု မရှိခဲ့ဘူးလို့ အေသင်ချိုဆွေက ပြောပါတယ်။ သမီးလေးကို ဖခင်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ၊ မိခင်တစ်ယောက်တည်း အခက်အခဲတွေ ကြားက မွေးဖွားခဲ့ရတဲ့ အကြောင်းတွေ အားလုံးကို မကွယ်မဝှက် ပြန်ပြောပြမယ်။ သူ့သမီးက သူ့ဘဝ၊ သူ့ဘဝက သူ့သမီး ဖြစ်တယ်လို့ အေသင်ချိုဆွေက ပြောပါတယ်။

crd

zawgyi

“အခ်စ္ ဆိုတာ ဘဝတခု မဟုတ္ဘူး။ ကိုယ္လုပ္စရာရွိတာကို လုပ္ၿပီး ကိုယ့္ကိုကိုယ္ ခ်စ္ႏိုင္ဖို႔က အေရးႀကီးပါတယ္” ဒီခံယူခ်က္ ဒီဆုံးျဖတ္ခ်က္ေတြ နဲ႔ ကိုယ္ဝန္ဖ်က္ မခ်ဘဲ သမီးငယ္ေလးကို ေမြးဖြားခဲ့သူက နာမည္ေက်ာ္ အဆိုေတာ္ ေအသင္ခ်ိဳေဆြ ျဖစ္ပါတယ္။“ဘဝကို ေသေသခ်ာခ်ာ ေလးေလးနက္နက္ ထားၿပီး အရာအားလုံးကို အေသအခ်ာ စဥ္းစား ဆင္ျခင္ၿပီးဘဝတခုကို ထူေထာင္မယ္ ဆိုရင္ ပိုၿပီးေတာ့ အက်ိဳးရလဒ္ေကာင္းေတြ ရမွာေပါ့။

လူတိုင္းက မွားတတ္တယ္၊ မမွားရင္ ပိုေကာင္းတယ္။ တကယ္လို႔ မွားသြားခဲ့ရင္လည္း ဘယ္လို ရင္ဆိုင္မလဲ၊ ေရွ႕ဆက္သြားမလဲ ဆိုတာအေရးႀကီးပါတယ္။” လို႔လည္း သူက ေျပာပါတယ္။ ေအသင္ခ်ိဳေဆြက လက္မထပ္ခင္ သူနဲ႔ အတူေနခဲ့တဲ့ အမ်ိဳးသားက တာဝန္မယူလို႔ ႏွစ္ေယာက္သား လမ္းခြဲခဲ့ၾကၿပီး လူမႈအသိုင္းအဝိုင္း ရဲ႕ ေဝဖန္ ကဲ့ရဲ႕မႈေတြၾကားက ကေလးေမြးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

သူ႔မွာ ကိုယ္ဝန္ရွိၿပီလို႔ သိလိုက္ရကတည္းက အမ်ိဳးသားနဲ႔ ေဆြးေႏြးတာ ရွိခဲ့ၿပီး အဲဒီအမ်ိဳးသားက တာဝန္ယူလိုမႈ မရွိခဲ့ဘူးလို႔ ေအသင္ခ်ိဳေဆြက ေျပာပါတယ္။ သမီးေလးကို ဖခင္နဲ႔ ပတ္သက္တဲ့ အေၾကာင္းေတြ၊ မိခင္တစ္ေယာက္တည္း အခက္အခဲေတြ ၾကားက ေမြးဖြားခဲ့ရတဲ့ အေၾကာင္းေတြ အားလုံးကို မကြယ္မဝွက္ ျပန္ေျပာျပမယ္။ သူ႔သမီးက သူ႔ဘဝ၊ သူ႔ဘဝက သူ႔သမီး ျဖစ္တယ္လို႔ ေအသင္ခ်ိဳေဆြက ေျပာပါတယ္။

crd