ျငင္းခုန္ စရာမလုိ၊ ဓာတ္တုိင္ေပၚ တက္ၾကည့္ စရာမလုိတဲ့ ေလာက္ကုိင္ၿမဳိ႕က လွ်ပ္စစ္ မီတာစနစ္

ယေန႔ လူမႈကြန္ယက္ မွာ ေဟာ့အျဖစ္ဆံုး နဲ႔ လူေျပာ အမ်ားဆံုး ကိစၥရပ္ကေတာ့ မီတာခ ကိစၥျဖစ္ပါတယ္။ မီတာခေတြ ပံုမွန္ထက္ ပုိက်ေနတဲ့ ကိစၥကုိ လွ်ပ္စစ္ဝန္ႀကီးဌာနကုိယ္တုိင္က သတင္းစာရွင္းလင္းပြဲေတြပါ လုပ္ရတဲ့ အေျခအေနကုိ ေရာက္ရွိခဲ့ပါတယ္။

မီတာခနဲ႔ ပတ္သက္ၿပီး လူအမ်ဳိးမ်ဳိးက သံုးသပ္ အေျဖရွာျပၾကေပမယ့္ အခုခ်ိန္ထိ ေက်နပ္ေလာက္တဲ့ အေျဖေတာ့ မရၾကေသး ပါဘူး။ ဘာပဲျဖစ္ျဖစ္ ေသခ်ာတာကေတာ့ လွ်ပ္စစ္မီတာ စနစ္မွာ ခ်ဳိ႕ယြင္းခ်က္ေတြ ရွိေနတာကေတာ့ အေသအခ်ာပါပဲ။ ဒီလုိ အျငင္းပြားမႈေတြ အဆံုးသတ္ဖုိ႔ ကေတာ့ စနစ္ကုိ ေျပာင္းလဲႏုိင္ဖုိ႔ အေရးႀကီး ပါတယ္။ ႏုိင္ငံတကာမွာ အသံုးျပဳေနတဲ့ စနစ္ေတြ ထဲက ကိုယ့္ႏုိင္ငံ နဲ႔ ကိုက္ညီမယ့္ စနစ္ေတြကုိ အတုယူ အသံုးျပဳသင့္ပါတယ္။

ဝန္ထမ္းေတြက ေန႔မအား ညမနား ႀကဳိးစားၿပီး အလုပ္လုပ္ေပးေနတယ္ဆုိတာ အရင္ေခတ္ေတြက စကားလံုးေတြပါ။ အဓိကက အသံုးျပဳ တဲ့ စနစ္ေကာင္းမြန္ၿပီး ျပည္သူေတြ စိတ္ေက်နပ္ဖုိ႔က ဝန္ႀကီးဌာနရဲ႕ တာဝန္ပဲ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံထဲက ျဖစ္ေပမယ့္ တရုတ္ႏုိင္ငံ နယ္စပ္ေလာက္ကုိင္ၿမဳိ႕က လွ်ပ္စစ္မီတာ စနစ္အေၾကာင္းကုိ ေဖာ္ျပေပးခ်င္ပါ တယ္။ ရွင္းလင္းလြယ္ကူၿပီး လူတုိင္း နားလည္လြယ္ အျငင္းမပြားတဲ့ စနစ္တခုပါပဲ။ မူရင္းပုိ႔ကုိ ေအာက္မွာ ေဖာ္ျပလုိက္ပါတယ္-

“လွ်ပ္စစ္မီတာ ေလာက္ကိုင္ၿမိဳ့ ရဲ့ ကဒ္ထိုးစနစ္။ 2018 မွာ စသုံးခဲ့တယ္။ ယခုထိ ဘာျပသာနာ မွ မရွိခဲ့ဖူးပါ။ လုပ္သားအင္အားလည္း အမ်ားႀကီးမလို။ အရမ္းအဆင္ေျပပါတယ္။

တစ္ၿမိဳ႕လုံးရဲ့ မီတာခကို ႐ုံးမွာ ထိုင္ၿပီး ေဘလ္လာျဖည့္တဲ့ သူေတြကို ကြန္ပ်ဴတာ နဲ႔ ထိုင္ျဖည့္ေပး႐ုံပဲ။ မီတာ ထိန္းသိမ္းခလည္း မယူ။ ရက္လြန္ဒါဏ္ေၾကးလည္း မရွိ။ ေဘလ္ကုန္ရင္ မီး မလင္းေတာ့ဘူး။”

crd : panpyoelat

unicode

ယနေ့ လူမှုကွန်ယက် မှာ ဟော့အဖြစ်ဆုံး နဲ့ လူပြော အများဆုံး ကိစ္စရပ်ကတော့ မီတာခ ကိစ္စဖြစ်ပါတယ်။ မီတာခတွေ ပုံမှန်ထက် ပိုကျနေတဲ့ ကိစ္စကို လျှပ်စစ်ဝန်ကြီးဌာနကိုယ်တိုင်က သတင်းစာရှင်းလင်းပွဲတွေပါ လုပ်ရတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။

မီတာခနဲ့ ပတ်သက်ပြီး လူအမျိုးမျိုးက သုံးသပ် အဖြေရှာပြကြပေမယ့် အခုချိန်ထိ ကျေနပ်လောက်တဲ့ အဖြေတော့ မရကြသေး ပါဘူး။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ လျှပ်စစ်မီတာ စနစ်မှာ ချို့ယွင်းချက်တွေ ရှိနေတာကတော့ အသေအချာပါပဲ။ ဒီလို အငြင်းပွားမှုတွေ အဆုံးသတ်ဖို့ ကတော့ စနစ်ကို ပြောင်းလဲနိုင်ဖို့ အရေးကြီး ပါတယ်။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ စနစ်တွေ ထဲက ကိုယ့်နိုင်ငံ နဲ့ ကိုက်ညီမယ့် စနစ်တွေကို အတုယူ အသုံးပြုသင့်ပါတယ်။

ဝန်ထမ်းတွေက နေ့မအား ညမနား ကြိုးစားပြီး အလုပ်လုပ်ပေးနေတယ်ဆိုတာ အရင်ခေတ်တွေက စကားလုံးတွေပါ။ အဓိကက အသုံးပြု တဲ့ စနစ်ကောင်းမွန်ပြီး ပြည်သူတွေ စိတ်ကျေနပ်ဖို့က ဝန်ကြီးဌာနရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက ဖြစ်ပေမယ့် တရုတ်နိုင်ငံ နယ်စပ်လောက်ကိုင်မြို့က လျှပ်စစ်မီတာ စနစ်အကြောင်းကို ဖော်ပြပေးချင်ပါ တယ်။ ရှင်းလင်းလွယ်ကူပြီး လူတိုင်း နားလည်လွယ် အငြင်းမပွားတဲ့ စနစ်တခုပါပဲ။ မူရင်းပို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

“လျှပ်စစ်မီတာ လောက်ကိုင်မြို့ ရဲ့ ကဒ်ထိုးစနစ်။ 2018 မှာ စသုံးခဲ့တယ်။ ယခုထိ ဘာပြသာနာ မှ မရှိခဲ့ဖူးပါ။ လုပ်သားအင်အားလည်း အများကြီးမလို။ အရမ်းအဆင်ပြေပါတယ်။

တစ်မြို့လုံးရဲ့ မီတာခကို ရုံးမှာ ထိုင်ပြီး ဘေလ်လာဖြည့်တဲ့ သူတွေကို ကွန်ပျူတာ နဲ့ ထိုင်ဖြည့်ပေးရုံပဲ။ မီတာ ထိန်းသိမ်းခလည်း မယူ။ ရက်လွန်ဒါဏ်ကြေးလည်း မရှိ။ ဘေလ်ကုန်ရင် မီး မလင်းတော့ဘူး။”

crd : panpyoelat