ပရိသတ်ကြီးရေ ခိုင်သင်းကြည် ကတော့ အနုပညာလောကထဲ ကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးတဲ့ မိုးယံသို့ လွင့်ပျံစေမယ့် ကေသရာဇာတို့၏အားမာန် ဇာတ်ကားနဲ့ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီးတော့ ရုပ်ရှင်နဲ့ဗီဒီယိုကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှုပေါင်း များစွာကို ဆွတ်ခူးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။သူမ ဟာ (၂၀၀၂) ခုနှစ်မှာ ကိုခန့်နိုင်နှင့် လက်ထပ်ခဲ့ပြီး
ယခုဆို စံထိပ်ထားဦးဆိုတဲ့ သမီးလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပါတယ်။ ခိုင်သင်းကြည် ကတော့ ဆယ်စုနှစ် တစ်စုကျော် ယနေ့အချိန်အထိ ပရိသတ် အားမှု အခိုင်အမာ ရရှိနေဆဲဖြစ်ပါတယ်။ဆွဲဆောင်မှုရှိပြီး လှပကျော့ရှင်းတဲ့ အလှတရားတွေနဲ့ ရုပ်ရှင်နယ်ပယ်မှာ ယနေ့အချိန်အထိ အောင်မြင်မှုတွေကို ထိန်းထားဆဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခိုင်သင်းကြည် ကတော့ သူမရဲ့ဖေ့ဘွတ်မှာ ဓာတ်ပုံလေးတစ်ပုံကို ပရိသတ်အလွမ်းပြေ တင်ပေးထားပါတယ်။
ထပ်ဆင့်အကယ်ဒမီ မင်းသမီးချော ခိုင်သင်းကြည် ကတော့ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာ ရရှိထားရုံသာမကဘဲ ကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။သူမဟာ အလုပ်တွေမအားလပ်ပေမယ့်လည်း သမီးဖြစ်သူကို လိမ္မာရေးခြားရှိအောင် အမြဲသွန်သင်ဆုံးမတတ်တဲ့ မိခင်ကောင်းတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ
ရိုက်ကူးသရုပ်ဆောင်ရာမှာလည်း သရုပ်ဆောင်ပီပြင်လွန်းတဲ့အတွက် အကယ်ဒမီပေါင်းများစွာ ရရှိထားပါတယ်။ ရုပ်ရှင်လောကထဲမှာ အချိန်အတော်ကြာ ရပ်တည်ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာတော့ စုန်းပြူးဆိုတဲ့ ရုပ်ရှင် ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၄ ခုနှစ်မှာတော့ ကောင်းကျိုးကိုယ်၌တည်စေမင်းဆိုတဲ့ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ သူမပါဝင်ခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် တစ်ကားထဲမှာပဲ အကယ်ဒမီ လေးခုအထိ ရရှိခဲ့တဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။
ယနေ့တိုင်နုပျိုနေတဲ့ ခိုင်သင်းကြည် ရဲ့ဓာတ်ပုံလေးကို သူမကိုချစ်တဲ့ပရိသတ်ကြီးအတွက် အလွမ်းပြေဝေမျှပေး လိုက်ပါတယ်နော်။ ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
crd cele only