တကယ့္ လူသားအစစ္ လို ေခ်ာေမာ လွပလြန္းတဲ့ အမ်ိဳးသမီး စက္႐ုပ္ ( ႐ုပ္ / သံ )

နည္းပညာေတြ တိုးတက္လာတာ နဲ႔အမွ် တကယ့္ လူသားလား၊ စက္႐ုပ္လားဆိုတဲ့ မကြဲျပားမႈက ပိုမိုတိုးျမႇင့္လာေနတယ္လို႔ ေမရာသတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

႐ုပ္သံထဲမွာေတြ႕ရတဲ့ အလြန္ေခ်ာေမာ လွပတဲ့ တကယ့္လူသား အစစ္လို အမ်ိဳးသမီးစက္႐ုပ္က သင့္ကို လူလား၊ စက္႐ုပ္လားဆိုတဲ့ အျမင္မကြဲျပားမႈကို လုံးဝေပ်ာက္ကြယ္သြားေစၿပီး တကယ့္လူသားစင္စစ္လို အထင္ေရာက္ေစမယ္လို႔ ဆိုထားပါတယ္။

ဂ်ပန္ႏိုင္ငံမွာ တိုက်ိဳၿမိဳ႕မွာက်င္းပတဲ့ ဂိမ္းျပပြဲမွာ ခင္းက်င္းျပသ ထားတဲ့ မိန္းကေလးစက္႐ုပ္ ဗြီဒီယို႐ုပ္သံကို လူမႈကြန္ရက္ေပၚ တင္ခဲ့ရာမွာ ၾကည့္ရႈသူေပါင္း ၃ သန္းေက်ာ္ ရွိခဲ့တယ္လို႔ သိရပါတယ္။

အခု မိန္းကေလးစက္႐ုပ္နဲ႔အတူ ခင္းက်င္းျပသ ထားတဲ့ သူမလို အမ်ိဳးအစားတူ အ႐ုပ္ေတာ္ေတာ္မ်ားမ်ားက ျပင္သစ္ကုမၸဏီျဖစ္တဲ့ ကြန္တစ္ဒရီးမ္ (Quantic Dream) က တိုးတက္ တီထြင္ထားတဲ့ ဂိမ္းအမ်ိဳးအစားေတြျဖစ္ၿပီး ဂ်ပန္ႏိုင္ငံရဲ႕ ဆိုနီ အင္တာအက္တစ္ဗ္ အန္တာတိန္းမန္႔ ဂိမ္းကုမၸဏီ (Sony Interactive Entertainment) က ထုတ္လုပ္ထားတာလို႔ သိရပါတယ္။

႐ုပ္သံထဲမွာ မိန္းကေလးစက္႐ုပ္ရဲ႕ မ်က္ႏွာ နဲ႔ ေျခလက္လႈပ္ရွားမႈေတြ အေသးစိတ္ တည္ေဆာက္ပုံေတြကို အလြန္လွပ အံ့ၾသဖြယ္ ေတြ႕ရလို႔ လာေရာက္ၾကည့္ရႈသူေတြ အေနနဲ႔ တကယ့္လူသားလို႔ အထင္ေရာက္ၾကမွာျဖစ္ၿပီး စက္႐ုပ္က ၿပဳံးျပ၊ လက္ေတြေဝွ႔ယမ္းျပလို႔ လာေရာက္ၾကည့္သူေတြနဲ႔ လူမႈကြန္ရက္ သုံးစြဲသူေတြ အံအား သင့္ေစခဲ့တယ္လို႔ ဆိုပါတယ္။

crd : khitalin

unicode

နည်းပညာတွေ တိုးတက်လာတာ နဲ့အမျှ တကယ့် လူသားလား၊ စက်ရုပ်လားဆိုတဲ့ မကွဲပြားမှုက ပိုမိုတိုးမြှင့်လာနေတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ရုပ်သံထဲမှာတွေ့ရတဲ့ အလွန်ချောမော လှပတဲ့ တကယ့်လူသား အစစ်လို အမျိုးသမီးစက်ရုပ်က သင့်ကို လူလား၊ စက်ရုပ်လားဆိုတဲ့ အမြင်မကွဲပြားမှုကို လုံးဝပျောက်ကွယ်သွားစေပြီး တကယ့်လူသားစင်စစ်လို အထင်ရောက်စေမယ်လို့ ဆိုထားပါတယ်။

ဂျပန်နိုင်ငံမှာ တိုကျိုမြို့မှာကျင်းပတဲ့ ဂိမ်းပြပွဲမှာ ခင်းကျင်းပြသ ထားတဲ့ မိန်းကလေးစက်ရုပ် ဗွီဒီယိုရုပ်သံကို လူမှုကွန်ရက်ပေါ် တင်ခဲ့ရာမှာ ကြည့်ရှုသူပေါင်း ၃ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

အခု မိန်းကလေးစက်ရုပ်နဲ့အတူ ခင်းကျင်းပြသ ထားတဲ့ သူမလို အမျိုးအစားတူ အရုပ်တော်တော်များများက ပြင်သစ်ကုမ္ပဏီဖြစ်တဲ့ ကွန်တစ်ဒရီးမ် (Quantic Dream) က တိုးတက် တီထွင်ထားတဲ့ ဂိမ်းအမျိုးအစားတွေဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ဆိုနီ အင်တာအက်တစ်ဗ် အန်တာတိန်းမန့် ဂိမ်းကုမ္ပဏီ (Sony Interactive Entertainment) က ထုတ်လုပ်ထားတာလို့ သိရပါတယ်။

ရုပ်သံထဲမှာ မိန်းကလေးစက်ရုပ်ရဲ့ မျက်နှာ နဲ့ ခြေလက်လှုပ်ရှားမှုတွေ အသေးစိတ် တည်ဆောက်ပုံတွေကို အလွန်လှပ အံ့သြဖွယ် တွေ့ရလို့ လာရောက်ကြည့်ရှုသူတွေ အနေနဲ့ တကယ့်လူသားလို့ အထင်ရောက်ကြမှာဖြစ်ပြီး စက်ရုပ်က ပြုံးပြ၊ လက်တွေဝှေ့ယမ်းပြလို့ လာရောက်ကြည့်သူတွေနဲ့ လူမှုကွန်ရက် သုံးစွဲသူတွေ အံအား သင့်စေခဲ့တယ်လို့ ဆိုပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

20 + 5 =