လူအမ်ားစု မစားျဖစ္ပဲ ေထြးထုတ္ေနမိတဲ့ စပ်စ္သီးအေစ့ေလးေတြ အေၾကာင္း

စပ်စ္သီး အေစ့ ရဲ႕ အရသာက ခါးသက္သက္ စားရတာကလည္း မာဆတ္ဆတ္နဲ႔ဆိုေတာ့ စပ်စ္သီးစားတိုင္း ေထြးထုတ္ပစ္လိုက္တာ မ်ားပါတယ္။ဒါေပမယ့္ လူေတြမသိတဲ့အခ်က္တစ္ခုကစပ်စ္သီးက သူရဲ႕အစြမ္းသတၱိေတြအကုန္လုံးကို အေစ့ထဲမွာ သိမ္းဆည္းထားတာပါ။ စပ်စ္သီးအေစ့ထဲမွာပါတဲ့ အစြမ္းသတၱိေတြကိုသာ သိခဲ့မယ္ဆိုရင္အရင္က ေထြးထုတ္ ခဲ့မိတဲ့ စပ်စ္သီးေစ့ေလးေတြကို ႏွေျမာမိမွာ ေသခ်ာပါတယ္။ႏိုင္ငံတကာမွာလည္း စပ်စ္သီးအေစ့ရဲ႕ အဆီအႏွစ္ကို ထုတ္ယူၿပီး ေဆးဝါးအျဖစ္ ထုတ္လုပ္ေရာင္းခ် ေနတာမ်ိဳးလည္းရွိ ပါတယ္။

စပ်စ္သီးအေစ့ထဲမွာ အရမ္း ကို အစြမ္းထက္တဲ့ အင္တီေအာက္ဆီးဒင့္ တစ္မ်ိဳး ပါဝင္ပါတယ္။ အဲ့ဒီ ဓာတ္တိုးဆန႔္က်င္ပစၥည္းရဲ႕ အစြမ္းေၾကာင့္ အ႐ြယ္တင္ႏုပ်ိဳေစၿပီး အသားအေရကို ၾကည္လင္လွပေစပါတယ္။ကင္ဆာေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးၿပီး ခႏၶာကိုယ္မွာ ပ်က္စီးသြားတဲ့ ဆဲလ္ေတြကို ဖယ္ရွားေပး ပါတယ္။

ဆံခ်ည္မွ်င္ေသြးေၾကာေလးေတြ အထိ ေသြးလည္ပတ္မႈေကာင္းေစလို႔ ခႏၶာကိုယ္ကို က်န္းမာ လန္းဆန္းေစပါတယ္။

ေသြးထဲက မေကာင္းတဲ့ အဆီေတြ ကို ေလ်ာ့က်ေစလို႔ ႏွလုံးနဲ႔ေသြးေၾကာဆိုင္ရာေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။Omega 3 Fatty Acid ေတြလည္း ပါဝင္လို႔ ဦးေႏွာက္နဲ႔ ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစတယ္။

မက္စိက်န္းမာေရးအတြက္ လိုအပ္တဲ့ VitaminA လည္း ပါဝင္တယ္။ VitaminE လည္းပါဝင္လို႔ အသားအရည္နဲ႔ ဆံသားကို စိုျပည္လွပေစတယ္။Collagen ထုတ္လုပ္မႈကို တိုးတက္ေစလို႔ အသားအရည္ကို တင္းရင္းစိုျပည္လွပေစတယ္။အေရးျပားဆဲလ္အသစ္ေတြကို ျဖစ္ေပၚေစလို႔ ထိခိုက္ဒဏ္ရာမ်ားကို လ်င္ျမန္စြာ သက္သာေပ်ာက္ကင္း ေစပါတယ္။ အသည္းနဲ႔ ေက်ာက္ကပ္ကို အားျဖည့္ေပးၿပီး ခႏၶာကိုယ္ထဲက အဆိပ္ဓာတ္ေတြကို ရွင္းထုတ္ေပးႏိုင္တယ္။

crd : panpyoelat

unicode

စပျစ်သီး အစေ့ ရဲ့ အရသာက ခါးသက်သက် စားရတာကလည်း မာဆတ်ဆတ်နဲ့ဆိုတော့ စပျစ်သီးစားတိုင်း ထွေးထုတ်ပစ်လိုက်တာ များပါတယ်။ဒါပေမယ့် လူတွေမသိတဲ့အချက်တစ်ခုကစပျစ်သီးက သူရဲ့အစွမ်းသတ္တိတွေအကုန်လုံးကို အစေ့ထဲမှာ သိမ်းဆည်းထားတာပါ။ စပျစ်သီးအစေ့ထဲမှာပါတဲ့ အစွမ်းသတ္တိတွေကိုသာ သိခဲ့မယ်ဆိုရင်အရင်က ထွေးထုတ် ခဲ့မိတဲ့ စပျစ်သီးစေ့လေးတွေကို နှမြောမိမှာ သေချာပါတယ်။နိုင်ငံတကာမှာလည်း စပျစ်သီးအစေ့ရဲ့ အဆီအနှစ်ကို ထုတ်ယူပြီး ဆေးဝါးအဖြစ် ထုတ်လုပ်ရောင်းချ နေတာမျိုးလည်းရှိ ပါတယ်။

စပျစ်သီးအစေ့ထဲမှာ အရမ်း ကို အစွမ်းထက်တဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုး ပါဝင်ပါတယ်။ အဲ့ဒီ ဓာတ်တိုးဆန့်ကျင်ပစ္စည်းရဲ့ အစွမ်းကြောင့် အရွယ်တင်နုပျိုစေပြီး အသားအရေကို ကြည်လင်လှပစေပါတယ်။ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ်မှာ ပျက်စီးသွားတဲ့ ဆဲလ်တွေကို ဖယ်ရှားပေး ပါတယ်။

ဆံချည်မျှင်သွေးကြောလေးတွေ အထိ သွေးလည်ပတ်မှုကောင်းစေလို့ ခန္ဓာကိုယ်ကို ကျန်းမာ လန်းဆန်းစေပါတယ်။

သွေးထဲက မကောင်းတဲ့ အဆီတွေ ကို လျော့ကျစေလို့ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။Omega 3 Fatty Acid တွေလည်း ပါဝင်လို့ ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။

မက်စိကျန်းမာရေးအတွက် လိုအပ်တဲ့ VitaminA လည်း ပါဝင်တယ်။ VitaminE လည်းပါဝင်လို့ အသားအရည်နဲ့ ဆံသားကို စိုပြည်လှပစေတယ်။Collagen ထုတ်လုပ်မှုကို တိုးတက်စေလို့ အသားအရည်ကို တင်းရင်းစိုပြည်လှပစေတယ်။အရေးပြားဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေလို့ ထိခိုက်ဒဏ်ရာများကို လျင်မြန်စွာ သက်သာပျောက်ကင်း စေပါတယ်။ အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်ဓာတ်တွေကို ရှင်းထုတ်ပေးနိုင်တယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

twelve − nine =