ချစ်ဇနီးရွှေမှုံ ရဲ့ မွေးနေ့ မှာ မွေးနေ့ ဆုတောင်းပေးရင်း ကလေး လိုချင်တယ်လို့ ပူဆာလိုက်တဲ့ ရွှေထူး







Chilli-CeleGabar

unicode

ပရိသတ်ကြီးရေ ဒီနေ့ မေလ (၁၆)ရက်နေ့လေးကတော့ ပရိသတ်တွေ ရဲ့ အချစ်တော် မင်းသမီးချောလေး ရွှေမှုံရတီ ရဲ့ မွေးနေ့ရက်မြတ်လေး ပဲဖြစ်ပါတယ်။

ဒီနေ့မွေးနေ့လေးမှာ သဲကအသက် (၂၂)နှစ်ပြည့်မြောက် သွားတာဖြစ်ပြီး ခင်ပွန်းဖြစ်သူရွှေထူး ကတော့ ဒီနေ့ ချစ်ဇနီးရဲ့ မွေးနေ့လေးအတွက်ကို အခုလိုပဲမွေးနေ့ ဆုတောင်းပေးလာခဲ့ပါတယ်။

“ချစ်ရသော ငါ့ရဲ့ မိဖုရားရေ။ ယနေ့ အသက် (၂၂) ပြည့်မွေးနေ့မှသည် နှစ်ပေါင်းများစွာအထိ ပျော်ပျော်ရွှင်ရွင်စိတ်ချမ်းသာကိုယ်ကျန်းမာပြီး မိဘ ညီအကိုမောင်နှမ ပရိသတ် သူငယ်ချင်း မိတ်ဆွေအပေါ်မှာ တာဝန်ကျေပွန်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပါစေဗျာ။ စာတွေအများကြီး မရေးတော့ဘူး။

ဓာတ်ပုံအဟောင်းလေးတွေ တင်ပြီး ဆုတောင်းပေး လိုက်ပါတယ်”လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဆုတောင်းပေးထားတာပဲဖြစ်ပါတယ်။

ရွှေထူးကတော့ သဲအတွက်မွေးနေ့ ဆုတောင်းလေးအပြင် အလုပ်တွေကို နှစ်ယောက်သား အတူတူကြိုးစားလုပ်ကိုင်ကြဖို့နဲ့ ကလေးလေး လိုချင်တယ် လို့လည်း သဲကို ပြန်ပူဆာထားပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ ရွှေထူးက ချစ်ဇနီးလေးကို မွေးနေ့ဆုတောင်းပေးရင်း ကလေးလေး လိုချင်တယ်လို့ ပူဆာနေပါပြီနော်။

Chilli-CeleGabar

Add a Comment

Your email address will not be published. Required fields are marked *

10 − seven =