ကိုယ်ပိုင်သီချင်းလေးဆိုပြီး မဂ်လာခမ်းမထဲကို ၀င်လာတဲ့ “မြတ်သူသူ” ရဲ့ မဂ်လာပွဲဗီဒီယိုလေးကို တင်ပေးလိုက်တဲ့ “စိုပြေမြင့်” နဲ့ “သွန်းသစ္စာဇော်”
|ပရိသတ်ကြီးရေ စိုပြေမြင့်ကတော့ MRTV – 4 ဇာတ်လမ်းတွဲတွေမှာပါဝင်တဲ့ မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။ သွန်းသစ္စာဇော်ကလည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။သူငယ်ချင်းတွေဖြစ်ကြတဲ့ စိုပြေမြင့်နဲ့ သွန်းသစ္စာဇော်တို့ (၂)ယောက်ကတော့ တကယ်ကို ဆိုးတူကောင်းဖက် သူငယ်ချင်းတွေ ဖြစ်ကြပြီး မောင်နှမတွေ လိုကို ချစ်ခင်ကြတဲ့သူတွေပဲဖြစ်ပါတယ်။
ဒီကနေ့ မတ်လ (၁၁) ရက်နေ့မှာတော့ စိုပြေမြင့်နဲ့ သွန်းသစ္စာဇော်တို့ဟာ ဖြိုးသံသာချိုနဲ့အတူတူ MRTV4 သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မြတ်သူသူ ရဲ့ မင်္ဂလာပွဲလေးကို တက်ရောက်ခဲ့ကြပါတယ်။ စိုပြေမြင့်က မြတ်သူသူရဲ့ မင်္ဂလာပွဲအစအဆုံးကို မှတ်တမ်းတင်ထားတာမို့ ပရိသတ်တွေကြည့်ရှုရအောင် အခုလိုပဲ ဝေမျှဖော်ပြပေး လိုက်ပါတယ်နော်။
စိုပြေမြင့်နဲ့ သွန်းသစ္စာဇော်တို့ကတော့ အိမ်ထောင်တစ်ခုကို စတင်ထူထောင်လိုက်ပြီ ဖြစ်တဲ့ သူငယ်ချင်း မြတ်သူသူရဲ့ မင်္ဂလာပွဲလေးကို တက်ရောက် ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ မြတ်သူသူရဲ့ မင်္ဂလာပွဲလေးကတော့ သူငယ်ချင်းတွေစုံစုံညီညီနဲ့အရမ်းပျော်စရာကောင်းပြီး အရမ်းလည်းခမ်းနားတာကို ပရိသတ်ကြီးလည်းတွေ့ရမှာဖြစ်ပါတယ်။
Source: S & T Friendzone ‘ fb
zawgyi