“စင်ကာပူက ရေမှမဟုတ်ရင် မသောက်ဘူးဆိုတဲ့ မင်းသမီးကြီး ထက်ထက်မိုးဦး” အကြောင်းကိုဖောက်သည်ချလာတဲ့ မိတ်ကပ်ဆရာ
|သရုပ်ဆောင် မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ တစ်ခေတ်တစ်ခါက မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။သူမရဲ့ ဖက်ရှင်နဲ့ဆံပင်ပုံစံတွေကအစ အားလုံးလိုက်ဝတ်ခဲ့ကြတဲ့အထိကို ရေပန်းစားခဲ့တဲ့ ထိပ်တန်းမင်းသမီးလေး တစ်လက်အဖြစ် ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။
ဘယ်မင်းသားနဲ့ မဆို လိုက်ဖက်ညီအောင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အကယ်ဒမီထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ထက်ထက်ဟာ ကားရိုက်တွေမရှိသေးဘဲ Live Sales ပေါင်းများစွာကို လက်ခံကာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ထက်ရဲ့ မိတ်ကပ် ဆရာဖြစ်ခဲ့ဖူးတဲ့ မိတ်ကပ် မင်းမင်းက “ထက်ထက်မိုးဦး က စင်ကာပူ က ရေသန့် မှ မှာသောက်တာ။ သူ့ ရေကို သူများ သောက်တာ မကြိုက်ဘူး။ ရှူတင် တစ်ခုမှာ ရေ အရမ်း ဆာလွန်းလို့ သူမသိအောင် သူ့ရေသန့် ခိုးသောက် ခဲ့ဖူးတယ်” လို့ ပြောလာတာပဲ ဖြစ်ပါတယ်။
Credit
zawgyi
Credit