ပရိသတ်ကြီးရေ ပိုင်ဇေရဲထွန်းကတော့ ပရိသတ်တွေ ရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ မိသားစုနဲ့အေးချမ်းစွာ နေထိုင်နေခဲ့ပါတယ်။ပိုင်ဇေရဲထွန်းကတော့ အနုပညာအလုပ်တွေ ရပ်နားထားပေမဲ့ ချစ်ခင်တဲ့ပရိသတ်တွေ ကတော့ အခုအချိန်ထိရှိနေစဲပါပဲ။ ပိုင်ဇေရဲထွန်းတို့ မိသားစုကတော့ မိသားစုလိုက်ကို ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားခဲ့ကြတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ပိုင်ဇေရဲထွန်းက သူ့ရဲ့ချစ်ဇနီးအပေါ် သူ့ရဲ့ချစ်ခြင်း မေတ္တာတွေကို သက်သေပြလာတာကို တွေ့ရပါတယ်။ ပိုင်ဇေရဲထွန်းက သူ့ရဲ့အသက် (၄၅) နှစ်အရွယ်မှာ ပထမဦးဆုံး အကြိမ်ထိုးတဲ့ တက်တူးကို သူ့ဇနီးရဲ့နာမည်အတိုကောက်နဲ့ သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ Date လေးကို လက်မောင်းမှာ ထိုးခဲ့တာပဲဖြစ်ပါတယ်။
ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံကတော့ အခုဆိုရင် အိမ်ထောင်သက်တမ်း (၁၈) နှစ်နီးပါးရှိနေပြီဆိုပေမယ့် တစ်ယောက်အပေါ်တစ်ယောက်မေတ္တာမပျက်ပဲ အချစ်တွေပိုလို့တောင်တိုးလာသေးတာပဲဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းကတော့ မိန်းမကိုချစ်တတ်တဲ့နေရာမှာတော့ တကယ့်ကိုပြိုင်စံရှား တစ်ယောက်ပါပဲနော်
Source: Paing Zay Ye Tun’s fb
zawgyi