သူမဗိုက်ထဲမှာ လွယ်ထားရတဲ့ တတိယမြောက်ရင်သွေးလေးက ဘာလေးလည်းဆိုတာ ပရိတ်သတ်ကိုပြောပြလိုက်တဲ့ “ချမ်းချမ်း”

Posted on

ပရိသတ်ကြီးရေ ချမ်းချမ်းကတော့ အဆိုတော်တစ်ယောက်အနေ နဲ့ အနုပညာလောကမှာ ရပ်တည်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ချမ်းချမ်းက အိမ်ထောင်ကျပြီး ခင်ပွန်းဖြစ်သူရဲ့ နေထိုင်ရာ အီတလီမြို့မှာ နေထိုင်နေခဲ့ပါတယ်။ချမ်းချမ်းဟာ ပထမအိမ်ထောင်နဲ့ရတဲ့ သမီးလေး မြမိုးဂင်္ဂါကိုလည်း သူမနဲ့အတူတူပဲ နေထိုင်စေပြီး သမီးကြီးမြမိုးဂင်္ဂါနဲ့ သမီးငယ် ပီလာလေးတို့အတွက် မိခင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် တတိယမြောက်ရင်သွေးလေးကို လွယ်ဆောင်ထားပြီး ဒီကနေ့မှာတော့ ချမ်းချမ်းက ဗိုက်ထဲကရင်သွေးလေးနဲ့ ပတ်သက်ပြီး သတင်းကောင်းလေးပါးလာခဲ့ပါတယ်။

“ဒီနေ့ ဓါတ်မှန်ရိုက် တော့ ဗိုက်ထဲက မီးမီးလေးက တအားကျန်းမာတာပဲတဲ့။ လက်မလေးကို ပါးစပ်ထဲထည့်ပြီး လက်တဖက်က နဖူးပေါ်တင်ခြေထောက်ကို ကြက်ခြေခတ်ပြီးလှဲနေတာတဲ့။ မိုက်သားပဲ သူ့ဘဝလေးကလဲ😅😅😅😂😂 ဘဝမှာ သားသမီးတွေအတွက် မိသားစုအတွက် တနေ့တာ ဟင်းချက်ရင်း အချိန်ကုန်ပေမဲ့ ပျော်တယ်။ သူတို့လေးတွေ ကျန်းမာရင် ကိုယ်လဲပျော်ပါတယ်။ ပိုက်ဆံကုန်သက်သာပြီး အာဟာရရှိတာလေးတွေစဉ်းစားရတာလဲ မလွယ်လှဘူး မေမေတို့ရေ .. အလွယ်ကူဆုံးဟင်းလေးတွေ ချက်လို့ရအောင် တင်ပေးလိုက်ပါတယ်။ စားကောင်းပြီး ကလေးတွေကျန်းမာစေလို့ ချက်စားကြည့်ပါနော် 😋😋🥰🥰” ဆိုပြီး ပြောလာပါတယ်။

ချမ်းချမ်းကတော့ သမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီးဆိုပေမယ့်လည်း တတိယမြောက်ကလေးလေးဟာလည်း သမီးမိန်းကလေးကိုပဲ ထပ်မံ ပိုင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ ဗိုက်ထဲက မီးမီးလေးက အခုဆိုရင် (၆) လနီးပါးအရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး ကျန်းကျန်းမာမာရှိတယ်လို့လည်းသိရပါတယ်။

Credit

zawgyi

ပရိသတ္ႀကီးေရ ခ်မ္းခ်မ္းကေတာ့ အဆိုေတာ္တစ္ေယာက္အေန နဲ႔ အႏုပညာေလာကမွာ ရပ္တည္ေနတဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ခ်မ္းခ်မ္းက အိမ္ေထာင္က်ၿပီး ခင္ပြန္းျဖစ္သူရဲ႕ ေနထိုင္ရာ အီတလီၿမိဳ႕မွာ ေနထိုင္ေနခဲ့ပါတယ္။ခ်မ္းခ်မ္းဟာ ပထမအိမ္ေထာင္နဲ႔ရတဲ့ သမီးေလး ျမမိုးဂဂၤါကိုလည္း သူမနဲ႔အတူတူပဲ ေနထိုင္ေစၿပီး သမီးႀကီးျမမိုးဂဂၤါနဲ႔ သမီးငယ္ ပီလာေလးတို႔အတြက္ မိခင္ေကာင္း တစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနထိုင္ေနလ်က္ရွိတာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ တတိယေျမာက္ရင္ေသြးေလးကို လြယ္ေဆာင္ထားၿပီး ဒီကေန႔မွာေတာ့ ခ်မ္းခ်မ္းက ဗိုက္ထဲကရင္ေသြးေလးနဲ႔ ပတ္သက္ၿပီး သတင္းေကာင္းေလးပါးလာခဲ့ပါတယ္။

“ဒီေန႔ ဓါတ္မွန္႐ိုက္ ေတာ့ ဗိုက္ထဲက မီးမီးေလးက တအားက်န္းမာတာပဲတဲ့။ လက္မေလးကို ပါးစပ္ထဲထည့္ၿပီး လက္တဖက္က နဖူးေပၚတင္ေျခေထာက္ကို ၾကက္ေျခခတ္ၿပီးလွဲေနတာတဲ့။ မိုက္သားပဲ သူ႔ဘဝေလးကလဲ😅😅😅😂😂 ဘဝမွာ သားသမီးေတြအတြက္ မိသားစုအတြက္ တေန႔တာ ဟင္းခ်က္ရင္း အခ်ိန္ကုန္ေပမဲ့ ေပ်ာ္တယ္။ သူတို႔ေလးေတြ က်န္းမာရင္ ကိုယ္လဲေပ်ာ္ပါတယ္။ ပိုက္ဆံကုန္သက္သာၿပီး အာဟာရရွိတာေလးေတြစဥ္းစားရတာလဲ မလြယ္လွဘူး ေမေမတို႔ေရ .. အလြယ္ကူဆုံးဟင္းေလးေတြ ခ်က္လို႔ရေအာင္ တင္ေပးလိုက္ပါတယ္။ စားေကာင္းၿပီး ကေလးေတြက်န္းမာေစလို႔ ခ်က္စားၾကည့္ပါေနာ္ 😋😋🥰🥰” ဆိုၿပီး ေျပာလာပါတယ္။

ခ်မ္းခ်မ္းကေတာ့ သမီးေလးႏွစ္ေယာက္ကိုပိုင္ဆိုင္ထားၿပီးဆိုေပမယ့္လည္း တတိယေျမာက္ကေလးေလးဟာလည္း သမီးမိန္းကေလးကိုပဲ ထပ္မံ ပိုင္ဆိုင္ခဲ့ရတာပဲျဖစ္ပါတယ္။ ဗိုက္ထဲက မီးမီးေလးက အခုဆိုရင္ (၆) လနီးပါးအ႐ြယ္ကိုေရာက္ရွိေနၿပီျဖစ္ၿပီး က်န္းက်န္းမာမာရွိတယ္လို႔လည္းသိရပါတယ္။

Credit