ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို မျှဝေလာခဲ့တဲ့ “မြတ်သူသူ”
|ပရိသတ်ကြီးရေ မြတ်သူသူကတော့ ပရိသတ်တွေ ရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်တွေ ရဲ့ အချစ်တော်မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ မြတ်သူသူကတော့ပြီးခဲ့တဲ့ မတ်လ (၁၁)ရက်နေ့က သူ့ရဲ့ချစ်ူလေးနဲ့ရွှေလက်တွဲ မင်္ဂလာပွဲလေး ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြတ်သူသူရဲ့ ချစ်သူကတော့မြတ်သူသူအပေါ်မှာ ချစ်ခြင်းမေတ္တာ အပြည့်နဲ့ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေး ဂရုစိုက်ပေးတာကြောင့် ပရိသတ်တွေကပါ သဘောတူနေခဲ့ရပါသေးတယ်။ မြတ်သူသူကတော့ သူ့ရဲ့ ခင်ပွန်းဖြစ်သူ မွေးနေ့ရက်မြတ်လေးမှာ အမှတ်တရအနေနဲ့ မင်္ဂလာပွဲလေးကို ကျင်းပ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
မြတ်သူသူကတော့ မနေ့ကသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သူတို့စုံတွဲလေးကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် မင်္ဂလာပွဲပုံရိပ်လေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ပရိသတ်ကြီးရေ မြတ်သူတို့စုံတွဲလေးကတော့ တကယ်ကို နေနဲ့လရွှေနဲ့မြလိုကို လိုက်ဖက်ညီနေတာနော်။
Source – Myat Thu Thu,chilli – CeleZone