ကိုသားကြီးက သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမွေတွေထားခဲ့တဲ့ အကြောင်းပြောပြလိုက်တဲ့ “ဇွဲနိုင်ဝင်း”
|သရုပ်ဆောင်၊ အဆိုတော် ဇွဲနိုင်ဝင်းကတော့ အကယ်ဒမီဒွေး ရဲ့ ညွှန်ကြားပြသမှုနဲ့ အနုပညာလောကထဲမှာ နာမည်ရလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဇွဲနိုင်ဝင်းဟာ သူ့ရဲ့လက်ဦးဆရာဒွေး ကွယ်လွန်သွားခဲ့ပေမယ့်ဒွေးကို ဒီနေ့ဒီအချိန်ထိမမေ့သေးပဲ ဒွေးနဲ့ပတ်သက်တဲ့အမှတ်တရတွေကို အမြဲပြုလုပ်နေဆဲပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇွဲနိုင်ဝင်းက ဘုန်းကြီးဝတ်နေတာမို့ သာသနာ့ဘောင်ထဲ ကနေပြီး ဒွေးအတွက် ရည်စူးကုသိုလ် တွေပြုလုပ်ပေးနေလျက်ရှိပါတယ်။
လက်ရှိမှာ သာသနာ့ဘောင်ထဲဝင်ရောက်နေတဲ့ ဦးဇောတိကတ ဖြစ်လည်း ဇွဲနိုင်ဝင်းက လက်ဦးဆရာ မင်းသားဒွေးဝတ်ဆင်ခဲ့တဲ့ အင်္ကျီလေးတွေကို သူပြန်လည်ဝတ်ဆင်ခဲ့တဲ့ ဓာတ်ပုံတွေကို ယှဉ်တွဲပြသကာ “ကိုသားကြီးရဲ့ အင်္ကျီ အမွေအနှစ်လေးတွေ ပါဗျ ။ I love AKO I’Ll BE MISSING YOU” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
ဇွဲနိုင်ဝင်းကတော့ အစ်ကို၊ ဆရာ ကိုသားကြီး (ဒွေး) ဝတ်ဆင်ခဲ့တဲ့ အင်္ကျီလေးတွေကို အမွေအဖြစ်ရရှိပြီး တန်ဖိုးထားစွာ ဝတ်ဆင်ပြီး စနစ်တကျသိမ်းဆည်းထားတာပဲဖြစ်ပါတယ်။ ဒွေးသာရှိခဲ့ရင်လည်း ဇွဲနိုင်ဝင်းအတွက် အများကြီးအထောက်အပံ့တွေပေးနေဦးမယ်ဆိုတာ သေချာပါတယ်နော်။
ခရက်ဒစ်
zawgyi
သ႐ုပ္ေဆာင္၊ အဆိုေတာ္ ဇြဲႏိုင္ဝင္းကေတာ့ အကယ္ဒမီေဒြး ရဲ႕ ၫႊန္ၾကားျပသမႈနဲ႔ အႏုပညာေလာကထဲမွာ နာမည္ရလာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဇြဲႏိုင္ဝင္းဟာ သူ႔ရဲ႕လက္ဦးဆရာေဒြး ကြယ္လြန္သြားခဲ့ေပမယ့္ေဒြးကို ဒီေန႔ဒီအခ်ိန္ထိမေမ့ေသးပဲ ေဒြးနဲ႔ပတ္သက္တဲ့အမွတ္တရေတြကို အၿမဲျပဳလုပ္ေနဆဲပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဇြဲႏိုင္ဝင္းက ဘုန္းႀကီးဝတ္ေနတာမို႔ သာသနာ့ေဘာင္ထဲ ကေနၿပီး ေဒြးအတြက္ ရည္စူးကုသိုလ္ ေတြျပဳလုပ္ေပးေနလ်က္ရွိပါတယ္။
လက္ရွိမွာ သာသနာ့ေဘာင္ထဲဝင္ေရာက္ေနတဲ့ ဦးေဇာတိကတ ျဖစ္လည္း ဇြဲႏိုင္ဝင္းက လက္ဦးဆရာ မင္းသားေဒြးဝတ္ဆင္ခဲ့တဲ့ အက်ႌေလးေတြကို သူျပန္လည္ဝတ္ဆင္ခဲ့တဲ့ ဓာတ္ပုံေတြကို ယွဥ္တြဲျပသကာ “ကိုသားႀကီးရဲ႕ အက်ႌ အေမြအႏွစ္ေလးေတြ ပါဗ် ။ I love AKO I’Ll BE MISSING YOU” ဆိုၿပီး ေျပာလာခဲ့တာပဲျဖစ္ပါတယ္။
ဇြဲႏိုင္ဝင္းကေတာ့ အစ္ကို၊ ဆရာ ကိုသားႀကီး (ေဒြး) ဝတ္ဆင္ခဲ့တဲ့ အက်ႌေလးေတြကို အေမြအျဖစ္ရရွိၿပီး တန္ဖိုးထားစြာ ဝတ္ဆင္ၿပီး စနစ္တက်သိမ္းဆည္းထားတာပဲျဖစ္ပါတယ္။ ေဒြးသာရွိခဲ့ရင္လည္း ဇြဲႏိုင္ဝင္းအတြက္ အမ်ားႀကီးအေထာက္အပံ့ေတြေပးေနဦးမယ္ဆိုတာ ေသခ်ာပါတယ္ေနာ္။
ခရက္ဒစ္