ပရိသတ်တွေကို တရုတ်ဖိုက်တာကြီး နဲ့ ထိုးသတ်ရမယ့် ပွဲနေ့အကြောင်းပြောပြလိုက်တဲ့ “အောင်လအန်ဆိုင်း”

၁၃-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော တစ်ရက် ကဒီပွဲလည်းနိုင်ပါစေဗျာ..အမေရိကန်မြေရဲ့ ONE Championship ပထမဆုံးပွဲစဉ် မှာ မြန်မာ့ဖိုက်တာကြီး ‘အောင်လအန်ဆိုင်း’ လည်းပါဝင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်ကို အမေရိကန်နိုင်ငံ Colorado ပြည်နယ် ‘One Fight Night 10’ မှာ တရုတ်ဖိုက်တာကြီး Fan Rong နဲ့ မေလ ၅ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်သွား မှာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် Fan Rong ဟာ တရုတ် Middle Weight ဖိုက်တာတစ်ယောက်ဖြစ်ပြီး MMA မှာလည်း ထိုးသတ်ခဲ့ဖူးသူဖြစ်ပါတယ်။ ONE Championship ဖိုက်တာတွေဖြစ်တဲ့ De Ridder နှင့် Bigdash တို့နဲ့ ထိုးသတ်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၁၉ ပွဲ အနိုင်ရရှိထားပြီး ၃ ပွဲ ရှုံးနိမ့် ထားပါတယ်။ အသက် ၃၇ နှစ်အရွယ် အောင်လအန်ဆိုင်း ကတော့ Middle Weight နှင့် Light Heavyweight ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး ဒီဆုနှစ်ခုလုံးကို De Ridder ကို ပေးလိုက်ရတာဖြစ်ပါတယ်။

အောင်လအန်ဆိုင်း က အမေရိကန်မှာ နှစ် ၂၀ ကျော်နေထိုင်ခဲ့သူမို့ ဒီပွဲဟာ သူ့အတွက် အားသာချက်ရှိတယ် လို့ ပြောခဲ့ပါတယ်။ “အမေရိကန်မှာထိုးရတာ အရမ်းကောင်းပါတယ်။ လေ့ကျင့်ဖော်‌တွေပိုများပြီး ပြင်ဆင်ချိန်လည်းပိုရတယ်” လို့ပြောခဲ့တာပါ။ သူပြောသလို အကောင်းဆုံးပြင်ဆင်ပြီး တရုတ်ဖိုက်တာကြီးကို အလဲထိုးနိုင်မလား စောင့်ကြည့်ရပါဦးမယ်။ ပရိသတ်ကြီး‌တို့ရော် အလဲထိုးနိုင်မယ်လို့ထင်လား..။

crd

zawgyi

၁၃-မတ္-၂၀၂၃ ၉am · လြန္ခဲ့ေသာ တစ္ရက္ ကဒီပြဲလည္းႏိုင္ပါေစဗ်ာ..အေမရိကန္ေျမရဲ႕ ONE Championship ပထမဆုံးပြဲစဥ္ မွာ ျမန္မာ့ဖိုက္တာႀကီး ‘ေအာင္လအန္ဆိုင္း’ လည္းပါဝင္ထိုးသတ္သြားမွာျဖစ္ပါတယ္။ ဒီပြဲစဥ္ကို အေမရိကန္ႏိုင္ငံ Colorado ျပည္နယ္ ‘One Fight Night 10’ မွာ တ႐ုတ္ဖိုက္တာႀကီး Fan Rong နဲ႔ ေမလ ၅ ရက္မွာ ယွဥ္ၿပိဳင္ထိုးသတ္သြား မွာျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ Fan Rong ဟာ တ႐ုတ္ Middle Weight ဖိုက္တာတစ္ေယာက္ျဖစ္ၿပီး MMA မွာလည္း ထိုးသတ္ခဲ့ဖူးသူျဖစ္ပါတယ္။ ONE Championship ဖိုက္တာေတြျဖစ္တဲ့ De Ridder ႏွင့္ Bigdash တို႔နဲ႔ ထိုးသတ္ခဲ့ေပမယ့္ ရႈံးနိမ့္ခဲ့ပါတယ္။ ၿပိဳင္ပြဲစုံ ၁၉ ပြဲ အႏိုင္ရရွိထားၿပီး ၃ ပြဲ ရႈံးနိမ့္ ထားပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ ေအာင္လအန္ဆိုင္း ကေတာ့ Middle Weight ႏွင့္ Light Heavyweight ခ်န္ပီယံေဟာင္းတစ္ဦးျဖစ္ၿပီး ဒီဆုႏွစ္ခုလုံးကို De Ridder ကို ေပးလိုက္ရတာျဖစ္ပါတယ္။

ေအာင္လအန္ဆိုင္း က အေမရိကန္မွာ ႏွစ္ ၂၀ ေက်ာ္ေနထိုင္ခဲ့သူမို႔ ဒီပြဲဟာ သူ႔အတြက္ အားသာခ်က္ရွိတယ္ လို႔ ေျပာခဲ့ပါတယ္။ “အေမရိကန္မွာထိုးရတာ အရမ္းေကာင္းပါတယ္။ ေလ့က်င့္ေဖာ္‌ေတြပိုမ်ားၿပီး ျပင္ဆင္ခ်ိန္လည္းပိုရတယ္” လို႔ေျပာခဲ့တာပါ။ သူေျပာသလို အေကာင္းဆုံးျပင္ဆင္ၿပီး တ႐ုတ္ဖိုက္တာႀကီးကို အလဲထိုးႏိုင္မလား ေစာင့္ၾကည့္ရပါဦးမယ္။ ပရိသတ္ႀကီး‌တို႔ေရာ္ အလဲထိုးႏိုင္မယ္လို႔ထင္လား..။

crd