ယနေ့ ရခိုင် နဲ့ မန္တလေးတိုင်း တို့မှာ ငလျင်လှုပ် ခဲ့ကြောင်း မိုးဇလကြေငြာ






unicode

ယခု သတင်းကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ တစ်ဆင့် ပြန်လည်ဖော်ပြခြင်းဖြစ် ပါသည်

၂၀၂၀ ပြည့်နှစ်၊ မေလ (၁၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၀၈)မိနစ်၊ (၄၇)စက္ကန့် အချိန်တွင် ဂွမြေ ငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၅၉)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံ ပြည်တွင်း (သံတွဲမြို့၏ တောင်-အရှေ့တောင်ဘက်

(၁၉)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၂၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၆) ဒီဂရီ၊ အနက် (၁၃၀) ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။

၂၀၂၀ ပြည့်နှစ်၊ မေလ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၀၂)မိနစ်၊ (၁၄)စက္ကန့် အချိန် တွင် နေပြည်တော်မြေငလျင်စခန်းမှ မြောက်ဘက် (၄၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ရမည်းသင်းမြို့၏ အနောက်မြောက်ဘက် (၅)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၄၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၇)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ