မြန်မာပြည်ကြီး ဂုဏ်တက်အောင်စွမ်းဆောင်ပြလိုက်တဲ့ ကရင်မလေး “နော်မာသာထူးဝါး”
|ဖိုးမူကြီးလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အဆိုတော်မလေး မာသထူးဝါး ကတော့ သီချင်းဆိုကောင်းတဲ့ ကရင်မလေး အဖြစ် ပရိသတ်ကြီးအားလုံးသိပြီးသား ဖြစ်မှာပါ။ မာသထူးဝါးလေးဟာ တောင်ကိုရီးယားနိုင်ငံမှာနေထိုင်နေလျက်ရှိပြီး သူမဝါသနာပါတဲ့ ဂီတအနုပညာအလုပ်ကို လုပ်ကိုင် နေလျက်ရှိတာပဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်ပြီး အနုပညာ အလုပ်လုပ်ကိုင် နေလျက် ရှိတဲ့ မာသထူးဝါးဟာ ဒီကနေ့ မှာလည်း ဂုဏ်ယူစရာကိစ္စတစ်ခုကို ပြုလုပ်နိုင်ခဲ့ပြန်ပါပြီ။ဂယောင်ဂီပြည်နယ် မီးသတ်ရုံးချုပ် ရုံးအုပ်ကြီး မစ္စတာ ဂျိုဆောင်ဟိုက ကိုရီးယားနိုင်ငံမှာ နေထိုင်နေတဲ့ ကရင်အဆိုတော် နော်မာသထူးဝါး ( ဝါန်နီဟွာ) ကို ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် မီးသတ်ရုံးချုပ် ရဲ့ ပြန်ကြားရေးသံတမန်အဖြစ် ခန့်အပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပရိသတ်ကြီး အတွက် မီးသတ်ရုံးချုပ်ရဲ့ပြန်ကြားရေး သံသတမန်အဖြစ် ခန့်အပ်ခံရတဲ့ မာသထူးဝါး ရဲ့ ပုံရိပ်လေးကို မျှဝေပေး လိုက်ပါတယ်နော်။ မာသထူးဝါး ကတော့ နိုင်ငံခြားသားတွေထဲမှာ မီးသတ်ရုံးချုပ်ရဲ့ပြန်ကြားရေးသံသတမန်အဖြစ် ခန့်အပ်ခံရတဲ့ ပထမဦးဆုံးနိုင်ငံခြားသားတစ်ယောက်လို့လည်း သိရပါတယ်။ မာသထူးဝါးကတော့ တကယ့်ကိုမြန်မာပြည်ရဲ့ အဖိုးတန်လေးပါပဲနော်။
Credit