




crd : panpyoelat

unicode

ပုရိသ ပရိသတ်တွေငေးမောကြွေဆင်း သွားစေမယ့် အလှတရားလေးတွေ နဲ့ လှပလွန်း တဲ့ မိုးဟေကို

အနုပညာလောက ထဲစဝင်လာ ကတည်း ကနေ အခုချိန်ထိကို နုပျိုပြီးလှပနေတဲ့ နာမည်ကျော် မင်းသမီးချောလေး မိုးဟေကို နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မိုးဟေကိုကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ် ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက် ပါဘူးနော်။ သူမရဲ့ အလှအပတွေကြား မှာ ပုရိသပရိသတ်တွေငေးမောလောက်တဲ့ ထိကို လှပလွန်းနေသူတစ်ဦးပဲဖြစ်ပါတယ်။

ကပ်ဆိုးရောဂါကြောင့် အနုပညာ အလုပ်တွေကို ခေတ္တခနရပ်နားထားရင်း သူမပရိသတ်တွေအတွက် ကိုရိုနာနဲ့ပတ်သက်တဲ့ ဗဟုသုတများနဲ့ အမှတ်တရပုံရိပ်လေးတွေကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာဆိုရင်တော့ မိုးဟေကိုက ဂျင်းဘောင်းဘီလေးနဲ့ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ဘယ်လိုပုံစံဝတ်စားဆင်ယင်ပါစေ ကြည့်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတာကြောင့် ပုရိသပရိသတ်တွေရဲ့ အသည်းကျော် တစ်ဦးပါပဲနော်။

ပရိသတ်တွေအတွက် မိုးဟေကို ရဲ့ Jean ကာလာနဲ့ ဆွဲဆောင်မှုအပြည့်ရှိလွန်းတဲ့ ပုံရိပ်လေးကို ပြန်လည်ပြီးမျှဝေပေး လိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း မိုးဟေကိုရဲ့ အလှတရားတွေကြားမှာ နစ်မျောနေကြမယ်လို့ ထင်ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

six + four =