မန္တလေးမြို့တော်ဝန် ဇနီးမောင်နှံ ရဲ့ မွန်မြတ်လှတဲ့ အလှူ တစ်ခု






ေနေ့စဉ်သတင်းႏွင်႕သုတရသအဖြာဖြာ

unicode

ယခု သတင်းသည် နေ့စဉ်သတင်းနှင့် သုတရသအဖြာဖြာ Page မှ ရေးသား ထားသော သတင်း ဖြစ်သည်။

မန်းတလေး မြို့တော်ဝန်ဖြစ်တဲ့ ဒေါက်တာ ရဲ လွင် နှင့် ဇနီးဖြစ် သူတို့ဟာ မန္တလေး မဟာမုနိရုပ်ပွားတော် မြတ်ကြီးကို ကြည်ညိုသဒ္ဒါ ပွားပြီး ဇနီးဖြစ်သူ၏ ဆန္ဒအတိုင်း အလှူ တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဒီအလှူကတော့ ဇနီးသည်ဖြစ်သူ ရဲ့ စိန်လည်စွဲ နဲ့ စိန်နားကပ် ရုပ်ပွားတော်မြတ်ကြီး အတွက် ပေးအပ်လှူဒါန်း ခဲ့တာဖြစ်ပါတယ်။

ဇနီးဖြစ်သူ မှာလည်း ကျန်းမာရေး ချို့တဲ့သည့် ကာလ ဖြစ်သည့် အပြင် အခုလို သူမရဲ့ ဆန္ဒလေးကို အကောင်အထည် ဖော်ပေးဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း မြို့တော်ဝန်က သူရဲ့ လူမှုကွန်ယက် စာမျက်နှာကနေအသိပေးထားတာကိုလည်းတွေ့ရပါတယ်။

အခုလို မွန်မြတ်လှတဲ့အတွက် သာဓု ခေါ်ဆိုရင်း နဲ့ မြို့တော်ဝန်ရဲ့ ဇနီးလည်း အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေဖို့အတွက် ဆုတောင်းပေးခဲ့ပါဦးနော်။

နေေ့စဉျသတငျးနှငျ့သုတရသအဖွာဖွာ