




crd : panpyoelat

unicode

တစ်နေ့တစ်ခြား ချစ်စရာကောင်းလာတဲ့ ညီမလေး စိမ်းလဲ့ရတနာ ကို ကြွေနေပြီလို့ ရင်ဖွင့် လာတဲ့ နေခြည်ဦး

သရုပ်ဆောင် နေခြည်ဦးက သူမအကြောင်းတွေ နဲ့ ပက်သတ်ပြီး ဖုံးကွယ်ထားခြင်း မရှိပဲ ပွင့်ပွင့်လင်းလင်း ချပြထားသူ တစ်ယောက် ဖြစ်ပါတယ်။ နေခြည့်လိုပဲ နေခြည်ဦးရဲ့ မိသားစုလေးက ဖော်ရွေပြီး ချစ်စရာကောင်းလွန်တာကြောင့် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ နေခြည်ဦး ရဲ့ မိသားစုဝင်တွေ ထဲက နေခြည်ဦး ရဲ့ ညီမအငယ်ဆုံးလေး စိမ်းလဲ့ရတနာက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ပိုမို ရရှိပိုင်ဆိုင် ထားသူလေး တစ်ယောက် ဖြစ်ပါတယ်။

နေခြည်ဦး ကလည်း သူမ ရဲ့ ချစ်စရာကောင်းတဲ့ ညီမလေးကို ပရိသတ်တွေနဲ့ ခဏခဏ မိတ်ဆက်ပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း နေခြည်ဦးက သူမရဲ့ ညီမလေး စိမ်းလဲ့ရတနာရဲ့ Tik Tok လေးကို Share ပြီး “ကြွေပြီ ဘေဘီ” ဆိုပြီး ပြောထားပါတယ်။ ပရိသတ်တွေ အတွက် နေခြည်ဦးတောင် ကြွေသွားရတဲ့ စိမ်းလဲ့လေးရဲ့ ဗီဒီယိုလေးကို မျှဝေပေး လိုက်ပါတယ်နော်။

နေခြည်ဦးရဲ့ ညီမလေး စိမ်းလဲ့ရတနာ ကတော့ အခုဆိုရင် ဆယ်တန်းကျောင်းသူ တစ်ယောက်ဖြစ်ပြီး အနုပညာလုပ်ငန်းတွေလည်း ဝါသနာပါသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦး ရဲ့ ညီမလေး စိမ်းလဲ့ကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

5 × 1 =