” မျပဳေ ကာင်း မပြုသင့် “
|📖 မပြုကောင်း ~ မပြုသင့် 📖
နိဒါန်း
နိဂုံး
MinMyatHein
unicode
📖 မပြုကောင်း ~ မပြုသင့် 📖
နိဒါန်း
တချို့သော ကိစ္စလေးတွေ ဟာ ၊ နည်းနည်းလေး ပြုမူ မိလိုက်တာ နဲ့ ၊ လုံးဝ (လုံးဝ) ကို သေချင်စော်နံလောက်အောင် ၊ ဖြစ်ပျက်သွားတာမျိုး၊ မိတ်ဆွေတို့ အနေဖြင့်ကြုံတွေ့ဖူးကြမှာပါ။အမှာစကား သိပ်မပါးချင်ဘူး၊ { စာလေးမှာလည်း စိုးရတယ်} လိုရင်းကိုပဲ ရေးတော့မယ်။ကဲ…. စလိုက် ရအောင်။
✡✡သင့်အတွက် ရှောင်ရန် အရာများ✡✡
တနင်္ဂနွေသားသမီးများအတွက်
ကြာသပတေးနေ့ မြောက်အရပ်သို့ ခရီးဝေး မသွားကောင်း။ ဆင်းတုတော် လှူခြင်း ၊ ကျောင်းဆောက်ခြင်း၊ ကုသိုလ်ကြီးကြီးမားမား မပြုကောင်း။အနောက်မြောက်အရပ်တွင် ၊ အလှူကြီး မလှူကောင်း။
တနင်္လာသားသမီးများ အတွက်
သောကြာနေ့တွင် အနောက်တောင် အရပ် သို့ ခရီးဝေးမသွားကောင်း။ အများသုံး ရေတွင်း ၊ ဦးဆောင်၍ မလှူကောင်း။အရှေ့မြောက် အရပ်တွင် အလှူကြီး မလှူကောင်း။
အင်္ဂါနေ့မွေးသူများအတွက်
စနေနေ့တွင် အရှေ့မြောက် အရပ်သို့ ခရီးဝေး မသွားကောင်း။စေတီ ၊ ပုထိုး ၊ ဇရပ် ၊ စာသင်တိုက် ၊ ကြီးကြီးမားမားမလှူကောင်း။အရှေ့တောင် အရပ်တွင် အလှူ အကြီးအကျယ်မပြုကောင်း။
ဗုဒ္ဓဟူးနေ့မွေးသူများ အတွက်
တနင်္ဂနွေနေ့တွင် အရှေ့အရပ် ခရီးဝေး မသွားကောင်း။ ထီး၊တံခွန်တိုင် ၊ ဦးဦးဖျားဖျား မလှူကောင်း။အနောက်တောင် အရပ်တွင် အလှူကြီး မလှူကောင်း။
ကြာသပတေးနေ့မွေးသူများ အတွက်
တနင်္လာနေ့တွင် အရှေ့တောင် အရပ် ခရီးဝေး မသွားကောင်း။သစ်သားဆင်းတုတော် ကြီးကျယ်စွာ မလှူကောင်း။အရှေ့မြောက်အရပ်တွင် အလှူကြီး မလှူကောင်း။
သောကြာနေ့မွေးသူများ အတွက်
အင်္ဂါနေ့တွင် တောင်အရပ် ခရီးဝေး မသွားကောင်း။ဖူးငုံရွှေကြာ အလှူကြီးကြီးမားမား မလှူကောင်း။အနောက်တောင်ထောင့်အရပ်တွင် အလှူကြီးမလှူကောင်း။
စနေနေ့မွေးသူများ အတွက်
ဗုဒ္ဓဟူးနေ့တွင် အနောက် အရပ်သို့ ခရီးဝေး မသွားကောင်း။စာတိုက်၊ စာသင်တိုက်၊ ဇရပ်၊ အလှူဦး မလှူကောင်း။အနောက်မြောက်အရပ်တွင် အလှူကြီး မလှူကောင်း။
နိဂုံး
ယခုဖော်ပြပေးသော အကြောင်းရာများသည် ၊ အင်းဝခေတ် ၊ ဒုတိယမင်းခေါင် လက်ထက်မှစ၍ ၊ထို့ခေတ်ကာလ ပေါ်ထွန်းခဲ့ကြသော ၊ ဗေဒင်ပညာအကျော်မော်များမှ ၊ ဟောပြောသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။။
မှတ်သားထားဖူးသော ၊ ပညာရပ်တခုအား၊ မိတ်ဆွေတို့ ၊ အကျိုးစီးပွား မျော်ကိုး၍၊ရေးသားဖော်ပြပေးခြင်း ၊ ဖြစ်ပါသည်။လေ့လာ မှတ်သားပြီး ၊ လိုက်နာ ကျင့်သုံးခြင်းဖြင့်၊မကောင်းသော အညံဆိုးများအား ၊ ရှောင်လွှဲနိုင် ပါသည်။
ချမ်းသာ ၊ ကိုယ်စိတ် ၊ မြဲကြ ၊ ပါစေ ။
ပညာရှင် ဆရာအပေါင်းတို့အား ဦးထိပ် တင်လျှက်…..
MinMyatHein