unicode
မိန်းမ ရဲ့ ဆေးတွေ အမြဲ ခိုးသောက်နေတဲ့ ယောက်ျား ရဲ့ စိတ်မကောင်းဖွယ်ရာ အဖြစ်
“မောင်ရေ လာပါဦး။ ဒီ မှာ သားလေးက ကျွန်မသောက်နေကျ အမျိုးသမီး အားဆေးတွေ
သူ သောက်မယ်ချည်း လုပ်နေတယ်။ ပြောလို့ လည်းမရဘူး” ကိုသာအေးကသူ့ မိန်းမကို အသာနေ ဆိုသည့်သဘောဖြင့် လက်ကာပြလိုက်ပြီး သားဖြစ်သူကို “သားသား” “ဂျာဂျာ့” “အဲတာ မေမေ့ဆေးတွေလေသား ရဲ့”“မေကြီးက တူတစ်ယောက်တည်း တောက်နေတယ်။
တားတား ရဲ တောက်ချင်တာပေါ့ရို့”“အဲဒီဆေးက ယောင်္ကျားတွေသောက်လို့မရဘူးသားရဲ့” “တောက်မိရင် ဘာဖြစ်ရဲ”“သောက်မိ သွားရင် ဟောဒီက သားသားရွှေပန်းလေး တဖြည်းဖြည်း သေးသွားပြီး အပ်ချည်မျှင်လောက်ပဲ ရှိတော့မှာ” ကိုသာအေးက သားငယ်ရွှေပန်းလေး ကို လက်နဲ့တို့ပြီးပြောလိုက်တော့ သားဖြစ်သူ မျက်လုံးပြူးသွားတယ်…။
“ဟင် ဂယ်ဂျီးယား” “တကယ်ပေါ့ သားသား ရဲ့” “အာ့ဆို တောက်တော့ဝူး ရော့”သားငယ်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် သူ့လက်ထဲက ဆေးပုလင်းကို ကိုသာအေးထံ ပေးလိုက်သည်။
ကိုသာအေးက သားငယ်ထံ မှဆေးပုလင်းကိုယူပြီး အောင်နိုင်သူ တစ်ယောက်၏ အပြုံးမျိုးဖြင့် ပြန်လှည့်အထွက်“ဒေါင် ဂလုံ” “အမလေး သောက်ကျိုးနည်း” မိန်းမဖြစ်သူက လက်ထဲက ဒယ်အိုးဖြင့် ကိုသာအေးခေါင်းကို အားရပါးရ ဆော်ထည့်လိုက်သည်…။
ကိုသာအေး နဖူးကို လက်ဖြင့်ပွတ်ရင်း ပြူးတူးကြောင်တောင်ဖြင့် ပြန်ကြည့်နေစဉ်မိန်းမဖြစ်သူက “ရှင် ကျွန်မဆေးတွေ ခိုးသောက်နေတာ တော်တော်ကြာပြီပေါ့လေ ဟုတ်လား”ငှင့် ဘာမလည်းဆိုင်ပဲ နဲ့ …။
ခရက်ဒစ်…..ရယ်မောပျော်ရွှင်ကြပါစေ…
Add a Comment
Your email address will not be published. Required fields are marked *
two + fifteen =