ကိုယ့်မြေကိုယ့်ရေရဲ့အဝေးမှာ နေသားကျအဆင်ပြေအောင်နေထိုင်ရကြောင်း ရင်ဖွင့်လိုက်တဲ့ “အာဇာနည်”

Posted on

ပရိသတ်တွေရဲ့ နှလုံးသားကို အစဉ်ထာဝရ ပိုင်ဆိုင်ထားတဲ့ အသံပါဝါကောင်းကောင်း နဲ့ သီချင်းသစ်တွေကို အမြဲဖန်တီးနေသူကတော့ အဆိုတော် R ဇာနည်ပဲ ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ၁၀ နှစ်မက ရပ်တည်လာခဲ့တဲ့သူ ဖြစ်တာကြောင့် ပရိသတ်တွေက အားပေးကြမ်းနေကြတာပဲ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့လက်ရှိ အခြေအနေမှာလည်း ပြည်သူနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။ တွယ်တာစရာ မိသားစုနှောင်ကြိုးတွေ ရှိနေပေမယ့်လည်း အမှန်တရားဘက်က ရပ်တည်ပြီး အခုလို တိုက်ပွဲ ဝင်ခဲ့တာပဲဖြစ်ပါတယ်။အဆိုတော် အာဇာနည်ဟာဆိုရင် မြန်မာပြည်မှာ ဟစ်ဟော့ဂီတ ကို စပြီး မိတ်ဆက်ပေးခဲ့တဲ့ ACID အဖွဲ့ဝင်ထဲက တစ်ယောက်ဖြစ်ပါတယ်။ အာဇာနည်ရဲ့နာမည်အရင်းက ဇာနည်မျိုးညွှန့်ဖြစ်ပါတယ်။ အာဇာနည်က နောက်ပိုင်းမှာလည်း ACID အဖွဲ့ထဲကနေခွဲထွက်ပြီး တစ်ကိုယ်တော်အဆိုတော်အဖြစ် ရပ်တည်ပြီးနောက်မှာလည်း အောင်မြင်မှုတွေ များစွာ ရရှိခဲ့ပါတယ်။

အာဇာနည်က အဆိုတော်အဖြစ် နာမည်မရခင်ကတည်းက အိမ်ထောင်ရှိတဲ့သူဖြစ်ပါတယ်။ အာဇာနည်ရဲ့ဇနီးနာမည်က ဝမ်းဖြစ်ပါတယ်။ အာဇာနည်က ၂၀၀၃ ခုနှစ်ကတည်းက လက်ထပ်ထားတဲ့သူဖြစ်တာကြောင့် လက်ရှိမှာ သူ့ရဲ့အိမ်ထောင်သက်က ၁၉ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ အာဇာနည်က ကိုယ့်မြေကိုယ့်ရေရဲ့အဝေးမှာ မိသားစုလေးနဲ့ နေသားကျ အဆင်ပြေအောင် နေထိုင်ရကြောင်း ပရိတ်သတ်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။

Credit

zawgyi




Credit