က်န္းမာေရးေကာင္းမြန္ လာျပီးတဲ့ေနာက္ ေျမးမေလးေကသရာ နဲ ့အတူတူ ေပ်ာ္ရႊင္ဖြယ္ ျဖတ္သန္းေန တဲ့ ေဇာ္ဝင္းထြဋ္

က်န္းမာေရးေကာင္းမြန္ လာျပီးတဲ့ေနာက္ ေျမးမေလးေကသရာ နဲ ့အတူတူ ေပ်ာ္ရႊင္ဖြယ္ ျဖတ္သန္းေန တဲ့ ေဇာ္ဝင္းထြဋ္

အဆုိေတာ္ၾကီး ေဇာ္ဝင္းထြဋ္ကေတာ့ ျပီးခဲ့တဲ့ လက Covid- 19 ေရာဂါပိုး ရိွသူနဲ့ ထိေတြ့ ခဲ့တာေၾကာင့္ Quarantine (၂၁) ရက္ေနျပီး ေစာင့္ၾကပ္ၾကည့္ရႈခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ကံေကာင္းစြာနဲ့ပဲ ေဇာ္ဝင္းထြဋ္ဟာ Covid- 19 ေရာဂါပိုး ကူးစက္ ခံရျခင္းမရိွတဲ့အျပင္ ေရာဂါလကၡဏာေတြလည္းမျပတာေၾကာင့္ က်န္းက်န္းမာမာ နဲ့ပဲ ေနအိမ္ ကို ျပန္သြားနိုင္ခဲ့ျပီ ျဖစ္ပါတယ္။ ေဇာ္ဝင္းထြဋ္အတြက္ စိုးရိမ္ေနၾကတဲ့ ပရိသတ္ေတြကလည္း သတင္းေကာင္းေၾကာင့္ ျပန္လည္ဝမ္းသာလာၾကတာကို ေတြ့ရပါတယ္။

က်န္းမာေရးေကာင္းမြန္ေနျပီျဖစ္တဲ့ ေဇာ္ဝင္းထြဋ္ဟာ လက္ရိွမွာေတာ့ မိသားစုနဲ့ အတူတူ အခ်ိန္ေတြ ကုန္ဆံုးေနတာပဲ ျဖစ္ပါတယ္။ ေဇာ္ဝင္းထြဋ္က ေျမးမေလး ေကသရာနဲ့အတူတူ ေဆာ့ကစားရင္း သူ့ဘဝရဲ့ အေကာင္းဆံုးေသာ အခ်ိန္ေတြကို ျဖတ္သန္းေနလ်က္ ရိွတာကို ေတြ့ရပါတယ္။

ေဇာ္ဝင္းထြဋ္ကို စိတ္ပူေနၾကတဲ့ ပရိသတ္ေတြ လည္း ေဇာ္ဝင္းထြဋ္တစ္ေယာက္ အခုလိုပဲ က်န္းက်န္းမာမာရိွေနတာကိုျမင္ရျပီး ဝမ္းသာေနၾကမယ္လို့ ထင္ပါတယ္။ အဆုိေတာ္ၾကီး ေဇာ္ဝင္းထြဋ္လည္း ေနာက္္နွစ္ေပါင္းမ်ားစြာတိုင္ အခုလိုပဲ မိသားစုနဲ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္နိုင္ ပါေစေနာ္။

crd : panpyoelat

unicode

ကျန်းမာရေးကောင်းမွန် လာပြီးတဲ့နောက် မြေးမလေးကေသရာ နဲ့အတူတူ ပျော်ရွှင်ဖွယ် ဖြတ်သန်းနေ တဲ့ ဇော်ဝင်းထွဋ်

အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ ပြီးခဲ့တဲ့ လက Covid- 19 ရောဂါပိုး ရှိသူနဲ့ ထိတွေ့ ခဲ့တာကြောင့် Quarantine (၂၁) ရက်နေပြီး စောင့်ကြပ်ကြည့်ရှုခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ဇော်ဝင်းထွဋ်ဟာ Covid- 19 ရောဂါပိုး ကူးစက် ခံရခြင်းမရှိတဲ့အပြင် ရောဂါလက္ခဏာတွေလည်းမပြတာကြောင့် ကျန်းကျန်းမာမာ နဲ့ပဲ နေအိမ် ကို ပြန်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်အတွက် စိုးရိမ်နေကြတဲ့ ပရိသတ်တွေကလည်း သတင်းကောင်းကြောင့် ပြန်လည်ဝမ်းသာလာကြတာကို တွေ့ရပါတယ်။

ကျန်းမာရေးကောင်းမွန်နေပြီဖြစ်တဲ့ ဇော်ဝင်းထွဋ်ဟာ လက်ရှိမှာတော့ မိသားစုနဲ့ အတူတူ အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်က မြေးမလေး ကေသရာနဲ့အတူတူ ဆော့ကစားရင်း သူ့ဘဝရဲ့ အကောင်းဆုံးသော အချိန်တွေကို ဖြတ်သန်းနေလျက် ရှိတာကို တွေ့ရပါတယ်။

ဇော်ဝင်းထွဋ်ကို စိတ်ပူနေကြတဲ့ ပရိသတ်တွေ လည်း ဇော်ဝင်းထွဋ်တစ်ယောက် အခုလိုပဲ ကျန်းကျန်းမာမာရှိနေတာကိုမြင်ရပြီး ဝမ်းသာနေကြမယ်လို့ ထင်ပါတယ်။ အဆိုတော်ကြီး ဇော်ဝင်းထွဋ်လည်း နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင် ပါစေနော်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

3 × 4 =