






unicode

မေလ(၁၄) ရက်နေ့ တွင် ရန်ကုန်ရှိ မြို့နယ် အားလုံးနီးပါး ယာယီ မီးပြတ်တောက်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ် များတွင်…

(၆၆) ကေဗွီ ၊ (၃၃) ကေဗွီ ဓာတ်အား ခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊
ရေရှည် ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ရေး အတွက် ဟောင်းနွမ်း၍ ဝန်အား မနိုင်တော့သော (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများနှင့်

ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေး အတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများကို မေလ ၁၂ ရက် (အင်္ဂါနေ့) နှင့် မေလ ၁၄ ရက် (ကြာသပတေးနေ့ ) တွင် မနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

လုပ်ငန်းဆောင်ရွက် စဉ် အချိန် အတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဉက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဗိုလ်တစ်ထောင်၊ တောင်ဉက္ကလာပ၊ ရန်ကင်း၊ ဒေါပုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွှေပေါက်ကံ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ မရမ်းကုန်း၊ စမ်းချောင်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ သန်လျင်၊ ကော့မှူး၊ ကျိုက်ထော်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ ဖောင်ကြီး၊ မြောင်းတကာ၊ ဉက္ကံ၊ တိုက်ကြီး၊ အဖျောက်မြို့နယ်များရှိ ရပ်ကွက် အချို့တို့တွင် အဆိုပါရက်များ၌ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိနိုင် သည်။

လေးစားစွာဖြင့် ခရစ်ဒက် ……YESC

Add a Comment

Your email address will not be published. Required fields are marked *

thirteen − thirteen =