သဲလြန္စေပ်ာက္ လူနာ (၁၈၃) ေနသည့္ သမုိင္း ၂ ရပ္ကြက္ မင္းရဲေက်ာ္စြာလမ္း ကုိ ေလာ့ေဒါင္းခ်

ကူးစက္မႈ ကြင္းဆက္ ပ်က္ လူနာ အမွတ္ (၁၈၃) ေနထုိင္သည့္ သမုိင္း ၂ ရပ္ကြက္ မင္းရဲေက်ာ္စြာလမ္း ကုိ ေလာ့ေဒါင္းခ်…

ယေန ့(ေမလ ၁၇) ည ၈ နာရီအခ်ိန္ က်န္းမာေရးႏွင့္ အားကစားဝန္ၾကီးဌာန၏ သတင္းထုတ္ျပန္မွု အရ မရမ္းကုန္းျမိဳ ့နယ္အတြင္း၌ ပိုးေတြ ့ရွိသူ လူနာသစ္တစ္ဦး ပါဝင္လာခဲ့ပါတယ္။ ယင္းလူနာသည္ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္မွ အသက္ ၅၇ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ျဖစ္ၿပီး ျပည္ပ ခရီးသြား ရာဇဝင္မရွိသလို ေရာဂါ အတည္ျပဳလူနာႏွင့္ လည္း ထိေတြ႕မႈရွိသူျဖစ္သည္။

၄င္းသည္ မရမ္းကုန္းၿမိဳ႕နယ္၊ ၂ ရပ္ကြက္၊ မင္းရဲေက်ာ္စြာလမ္း တြင္ ေနထိုင္သူ ျဖစ္ၿပီး ယင္းလမ္းအား ည ၁၁ နာရီအခ်ိန္ခန္ ့မွစ၍ Lockdown ျပဳလုပ္ျပီျဖစ္ေၾကာင္း သိရသည္။ အဆိုပါလူနာအမွတ္ (၁၈၃) မွာ ဖ်ားနာျပီးေနာက္ ေဆး ခန္းသြားျပရာမွ ေရာဂါပိုးေတြ ့ရွိလာသူျဖစ္သည္ဟုလည္း အဆိုပါလမ္းအတြင္း ေနထိုင္သူ တစ္ဦးကေျပာသည္။ “လမ္းထဲမွာေတာ့ ရုတ္စိရုတ္စိနဲ ့ပဲဗ်။ အခုေတာ့ လမ္းကို Lockdown လုပ္လိုက္တယ္” ဟု ဆိုသည္။

လူနာအမွတ္ (၁၈၃) မွာ မတ္လအတြင္းက စင္ကာပူႏိုင္ငံမွ ျပန္လည္ေရာက္ ရွိလာသူျဖစ္သည္ဟုလည္း သိရွိရ သည္။ က်န္းမာေရးႏွင့္အားကစားဝန္ၾကီးဌာန၏ထုတ္ ျပန္မွုတြင္မူ လူနာအမွတ္ (၁၈၃)ကို ျပည္ပခရီးသြားရာဇဝင္ ရွိ သည္ဟု မေဖာ္ျပထားေပ။ ထိုကဲ့သို ့ခရီးသြားရာဇဝင္ မထည့္ သြင္းျခင္းမွာ မတ္လအတြင္း ကျပန္လာသူျဖစ္ ၍ မတြက္ခ်က္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ က်န္းမာေရးႏွင့္အားကစားဝန္ၾကီးဌာန၏ ယေန ့ည ၈ နာရီအခ်ိန္သတင္းထုတ္ျပန္မွုအျပီးထိ ျမန္မာႏိုင္ငံ တြင္ Covid-19 အတည္ျပဳလူနာ ၁၈၄ ဦး ရွိေနသည္။

လူနာအမွတ္ (၁၈၄) သည္ ပုဇြန္​ေထာင္ၿမိဳ႕နယ္ မွ အသက္ ၄၁ ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးျဖစ္ၿပီး ေရာဂါအတည္ျပဳ လူနာႏွင့္ ထိေတြ႕မႈမရွိဘဲ မေလးရွားႏိုင္ငံသို႔ သြားေရာက္ထားေသာ ခရီးသြား ရာဇဝင္ရွိသူျဖစ္ေၾကာင္း သိရသည္။ ၄င္းသည္ ပုစြန္ေထာင္ ၅ ရပ္ကြက္မွာေသာ္လည္း မေလးရွားက ျပန္လာၿပီး ကတည္းက Q ဝင္ေနသျဖင့္ ရပ္ကြက္သို႔ ျပန္မ ေရာက္ေသးေၾကာင္း သိရွိ ရပါသည္။

crd : whitesone

unicode

ကူးစက်မှု ကွင်းဆက် ပျက် လူနာ အမှတ် (၁၈၃) နေထိုင်သည့် သမိုင်း ၂ ရပ်ကွက် မင်းရဲကျော်စွာလမ်း ကို လော့ဒေါင်းချ…

ယနေ့(မေလ ၁၇) ည ၈ နာရီအချိန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှု အရ မရမ်းကုန်းမြို့နယ်အတွင်း၌ ပိုးတွေ့ရှိသူ လူနာသစ်တစ်ဦး ပါဝင်လာခဲ့ပါတယ်။ ယင်းလူနာသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှ အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ပြည်ပ ခရီးသွား ရာဇဝင်မရှိသလို ရောဂါ အတည်ပြုလူနာနှင့် လည်း ထိတွေ့မှုရှိသူဖြစ်သည်။

၎င်းသည် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း တွင် နေထိုင်သူ ဖြစ်ပြီး ယင်းလမ်းအား ည ၁၁ နာရီအချိန်ခန့်မှစ၍ Lockdown ပြုလုပ်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါလူနာအမှတ် (၁၈၃) မှာ ဖျားနာပြီးနောက် ဆေး ခန်းသွားပြရာမှ ရောဂါပိုးတွေ့ရှိလာသူဖြစ်သည်ဟုလည်း အဆိုပါလမ်းအတွင်း နေထိုင်သူ တစ်ဦးကပြောသည်။ “လမ်းထဲမှာတော့ ရုတ်စိရုတ်စိနဲ့ပဲဗျ။ အခုတော့ လမ်းကို Lockdown လုပ်လိုက်တယ်” ဟု ဆိုသည်။

လူနာအမှတ် (၁၈၃) မှာ မတ်လအတွင်းက စင်ကာပူနိုင်ငံမှ ပြန်လည်ရောက် ရှိလာသူဖြစ်သည်ဟုလည်း သိရှိရ သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ် ပြန်မှုတွင်မူ လူနာအမှတ် (၁၈၃)ကို ပြည်ပခရီးသွားရာဇဝင် ရှိ သည်ဟု မဖော်ပြထားပေ။ ထိုကဲ့သို့ခရီးသွားရာဇဝင် မထည့် သွင်းခြင်းမှာ မတ်လအတွင်း ကပြန်လာသူဖြစ် ၍ မတွက်ချက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ည ၈ နာရီအချိန်သတင်းထုတ်ပြန်မှုအပြီးထိ မြန်မာနိုင်ငံ တွင် Covid-19 အတည်ပြုလူနာ ၁၈၄ ဦး ရှိနေသည်။

လူနာအမှတ် (၁၈၄) သည် ပုဇွန်ထောင်မြို့နယ် မှ အသက် ၄၁ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး ရောဂါအတည်ပြု လူနာနှင့် ထိတွေ့မှုမရှိဘဲ မလေးရှားနိုင်ငံသို့ သွားရောက်ထားသော ခရီးသွား ရာဇဝင်ရှိသူဖြစ်ကြောင်း သိရသည်။ ၎င်းသည် ပုစွန်ထောင် ၅ ရပ်ကွက်မှာသော်လည်း မလေးရှားက ပြန်လာပြီး ကတည်းက Q ဝင်နေသဖြင့် ရပ်ကွက်သို့ ပြန်မ ရောက်သေးကြောင်း သိရှိ ရပါသည်။

crd : whitesone