တစ္နာရီ မိုင္(၄၀)ထိ တိုက္ခတ္ႏိုင္မည့္ ဆိုင္ကလုန္း မုန္တိုင္း(AMPHAN) ေရာက္လာေတာ့မည္

တစ္နာရီ မိုင္(၄၀)ထိ တိုက္ခတ္ႏိုင္မည့္ ဆိုင္ကလုန္း မုန္တိုင္း(AMPHAN) ေရာက္လာေတာ့မည္

ေန႔စဥ္မိုးေလဝသသတင္း

(၂၀၂၀ ျပည့္ႏွစ္၊ ေမလ (၁၈)ရက္ေန႔ နံနက္(၇:၀၀)နာရီ အခ်ိန္ ထုတ္ျပန္ခ်က္)

ဘဂၤလားပင္လယ္ေအာ္ အ‌ေျခအေန။ ယေန႔ျမန္မာ စံေတာ္ခ်ိန္ (၀၅:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ား အရ ဘဂၤလား ပင္လယ္ေအာ္ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Very Severe CyclonicStorm) အမ္ဖန္ (AMPHAN)သည္ ေျမာက္-အေရွ႕ေျမာက္ ဘက္သို႔ ေရြ႕လ်ားခဲ့ၿပီး၊ ဘဂၤလား ပင္လယ္ေအာ္ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္ လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္းသို႔‌ ေရာက္ရွိ ခဲ့ပါသည္။

အဆိုပါ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္း မုန္တိုင္း (Very Severe Cyclonic Storm) အမ္ဖန္ (AMPHAN)သည္ အိႏၵိယနိုင္ငံ၊ပါရာဒစ္ပ္ၿမိဳ႕ (Paradip) (ဩရိႆ-Odisha)၏ ေတာင္ဘက္ ေရမိုင္ (၄၄၀) မိုင္ခန႔္၊ ဒီဂါၿမိဳ႕(Digha)၏ ေတင္-အေနာက္ေတာင္ဘက္ ေရမိုင္ (၅၃၀)မိုင္ခန႔္၊ ဘဂၤလားေဒ့ရွ္နိုင္ငံ၊ ကမ္ပူ ပါရာၿမိဳ႕ (Khepupara)၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္ (၅၉၀)မိုင္ခန႔္၊ ျမန္မာနိုင္ငံ၊ ကိုကိုးကၽြန္းၿမိဳ႕ (Coco Island)၏ အေနာက္-အေနာက္ေတာင္ဘက္ ေမိုင္ (၄၁၀)မိုင္ခန႔္ႏွင့္ ပုသိမ္ၿမိဳ႕ (Pathein)၏ အေနာက္ ေတာင္ဘက္ ေရမိုင္ (၅၄၀)မိုင္ခန႔္ အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။

ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္း ႏွင့္ အေနာက္အလယ္ပိုင္း တို႔တြင္ တိမ္ထူထပ္ေနၿပီး၊ ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္တို႔ တြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေနပါသည္။

ယေန႔ညေနအထိခန္႔မွန္းခ်က္။ တနသၤာရီတိုင္းေဒသႀကီးႏွင့္ မြန္ျပည္နယ္ တို႔တြင္ ေနရာစိပ္စိပ္၊ ပဲခူးတိုင္း ေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရခိုင္ ျပည္နယ္၊ ကယားျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔ တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာမည္။ ရြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လွိုင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ မိုင္(၄၀)အထိ တိုက္ခတ္နိုင္ပါသည္။လွိုင္းအျမင့္မွာ ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၂)ေပခန္႔ရွိနိုင္ပါသည္။

မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္း မ်ားက်ေရာက္ၿပီး လွိုင္းအသင့္အတင့္မွ လွိုင္း ႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ (၃၅)မိုင္မွ မိုင(၄၀)အထိ တိုက္ခတ္နိုင္ ပါသည္။ လွိုင္းအျမင့္ မွာ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၀)ေပခန္႔ရွိနိင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။ ျမန္မာနိုင္ငံေတာင္ပိုင္းေဒသ မ်ားတြင္ ထစ္ခ်ဳန္းမည့္ အေျခအေနမ်ား ဆက္လက္ျဖစ္ေပၚေန မည္။

ေနျပည္ေတာ္ႏွင့္ အနီးတစ္ဝိုက္အတြက္ ယေန႔ညေနအထိခန္႔မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း ရြာနိုင္ ပါသည္။ ရြာရန္ရာႏႈန္း(၆၀) ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာ မည္။ ရြာရန္ရာႏႈန္(၈၀) ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္ အတြက္ယေန႔ညေန အထိခန္႔မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာ နိုင္ပါသည္။ ရြာရန္ရာႏႈန္း(၆၀) ျဖစ္ပါသည္။

credit မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

unicode

တစ်နာရီ မိုင်(၄၀)ထိ တိုက်ခတ်နိုင်မည့် ဆိုင်ကလုန်း မုန်တိုင်း(AMPHAN) ရောက်လာတော့မည်

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၀ ပြည့်နှစ်၊ မေလ (၁၈)ရက်နေ့ နံနက်(၇:၀၀)နာရီ အချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေ။ ယနေ့မြန်မာ စံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe CyclonicStorm) အမ်ဖန် (AMPHAN)သည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့‌ ရောက်ရှိ ခဲ့ပါသည်။

အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN)သည် အိန္ဒိယနိုင်ငံ၊ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha)၏ တောင်ဘက် ရေမိုင် (၄၄၀) မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တေင်-အနောက်တောင်ဘက် ရေမိုင် (၅၃၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူ ပါရာမြို့ (Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၅၉၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်တောင်ဘက် မေိုင် (၄၁၀)မိုင်ခန့်နှင့် ပုသိမ်မြို့ (Pathein)၏ အနောက် တောင်ဘက် ရေမိုင် (၅၄၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း နှင့် အနောက်အလယ်ပိုင်း တို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိနိုင်ပါသည်။

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်း ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင(၄၀)အထိ တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့် မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသ များတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေ မည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်(၈၀) ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက် အတွက်ယနေ့ညနေ အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာ နိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

credit မိုးလဝေသနှင့ျဇလဗဒေညှှနျကွားမှုဦးစီးဌာန

Add a Comment

Your email address will not be published. Required fields are marked *

twelve − one =