ရန္ကုန္ သူနာျပဳ တကၠသိုလ္ ၿပိဳက်သည့္ ကိစၥ စံုစမ္းစစ္ေဆးမႈ စတင္
|ရန္ကုန္ သူနာျပဳ တကၠသိုလ္ ၿပိဳက်သည့္ ကိစၥ စံုစမ္းစစ္ေဆးမႈ စတင္
သက္တမ္း (၇) ႏွစ္ေက်ာ္သာ ရိွေသးသည့္ ရန္ကုန္ သူနာျပဳ တကၠသိုလ္ ၿပိဳက်သည့္ကိစၥ စံုစမ္းစစ္ေဆးေရး စတင္…
ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္ ရိွ သူနာျပဳတကၠသိုလ္ေက်ာင္းဝင္း အတြင္းမွ ၄ ထပ္စာသင္ေဆာင္ ၿပိဳက်မႈႏွင့္ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ား စတင္ေနၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕ထံမွ သိရသည္။
စုံစမ္းစစ္ေဆးမႈတြင္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္းမွ အႀကီးအကဲမ်ား ကိုယ္တိုင္ဦးေဆာင္ပါဝင္ေနၿပီး အခင္းျဖစ္ရာေနရာသို႔လည္း တိုင္းအစိုးရအဖြဲ႕က သြားေရာက္စစ္ေဆးၿပီးျဖစ္ကာ ေဆာက္လုပ္သည့္ ကုမၸဏီလည္း အခင္းျဖစ္ရာေနရာသို႔ ေရာက္ရွိလာေၾကာင္း သိရွိရသည္။
ရန္ကုန္တိုင္း အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက “စစ္ေနၾကပါၿပီ။ စစ္ေဆးေတြ႕ရွိ ခ်က္ေတြကို ဝန္ႀကီးခ်ဳပ္ထံ တင္ျပမယ္။ ၿပီးရင္ လိုအပ္သလို ဆက္လက္ေဆာင္႐ြက္မယ္” ဟု ေျပာပါသည္။
စစ္ေဆးမႈကို အေသးစိတ္ေဆာင္႐ြက္ မည္ျဖစ္ၿပီး ဒီဇိုင္းအား မည္သူဆြဲေပးသနည္း၊ မည္သူက တည္ေဆာက္မႈ ကိုႀကီးၾကပ္ခဲ့သနည္း၊ အရည္အေသြးစစ္ေဆးမႈအပိုင္းကို မည္သူေဆာင္႐ြက္ခဲ့သနည္း စသည္ျဖင့္ ပါဝင္မည္ဟု ဝန္ႀကီးက ေျပာသည္။ ဥပေဒအရ အေရးယူသြားရန္ ရွိပါသလား ဆိုသည့္ အေမး ကိုလည္း ဝန္ႀကီးက ဥပေဒႏွင့္အညီဆက္လက္ေဆာင္႐ြက္မည္ဟု အေျဖေပးသည္။
အဆိုပါ သူနာျပဳ တကၠသိုလ္ ၄ ထပ္စာသင္ေဆာင္ကို ျပည္တြင္းေဆာက္လုပ္ေရး ကုမၸဏီတစ္ခုက ၂၀၁၁ ခုႏွစ္က ေဆာက္လုပ္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္တြင္ ႏိုင္ငံေတာ္သို႔ အပ္ႏွံခဲ့သည့္ အေဆာက္အဦျဖစ္ကာ သက္တမ္းအားျဖင့္ ၇ ႏွစ္ေက်ာ္သာ ရွိေသးသည့္ အေဆာက္အဦးျဖစ္သည္ ဟုသိရသည္။
ယင္းအျပင္ ထိုအေဆာက္အဦးကို တာဝန္ယူေဆာက္လုပ္ ခဲ့သည့္ ကုမၸဏီ မွာ ယခင္အစိုးရ လက္ထက္ ဝန္ႀကီးေဟာင္း၏ ေဆြမ်ိဳးတစ္ဦးပိုင္ဆိုင္သည္ ဟုလည္း ေဆာက္လုပ္ေရးအသိုင္းအဝိုင္းၾကား သတင္း ထြက္ေပၚေနသည္။
crd : whitesone
unicode
ရန်ကုန် သူနာပြု တက္ကသိုလ် ပြိုကျသည့် ကိစ္စ စုံစမ်းစစ်ဆေးမှု စတင်
သက်တမ်း (၇) နှစ်ကျော်သာ ရှိသေးသည့် ရန်ကုန် သူနာပြု တက္ကသိုလ် ပြိုကျသည့်ကိစ္စ စုံစမ်းစစ်ဆေးရေး စတင်…
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ရှိ သူနာပြုတက္ကသိုလ်ကျောင်းဝင်း အတွင်းမှ ၄ ထပ်စာသင်ဆောင် ပြိုကျမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
စုံစမ်းစစ်ဆေးမှုတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ အကြီးအကဲများ ကိုယ်တိုင်ဦးဆောင်ပါဝင်နေပြီး အခင်းဖြစ်ရာနေရာသို့လည်း တိုင်းအစိုးရအဖွဲ့က သွားရောက်စစ်ဆေးပြီးဖြစ်ကာ ဆောက်လုပ်သည့် ကုမ္ပဏီလည်း အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “စစ်နေကြပါပြီ။ စစ်ဆေးတွေ့ရှိ ချက်တွေကို ဝန်ကြီးချုပ်ထံ တင်ပြမယ်။ ပြီးရင် လိုအပ်သလို ဆက်လက်ဆောင်ရွက်မယ်” ဟု ပြောပါသည်။
စစ်ဆေးမှုကို အသေးစိတ်ဆောင်ရွက် မည်ဖြစ်ပြီး ဒီဇိုင်းအား မည်သူဆွဲပေးသနည်း၊ မည်သူက တည်ဆောက်မှု ကိုကြီးကြပ်ခဲ့သနည်း၊ အရည်အသွေးစစ်ဆေးမှုအပိုင်းကို မည်သူဆောင်ရွက်ခဲ့သနည်း စသည်ဖြင့် ပါဝင်မည်ဟု ဝန်ကြီးက ပြောသည်။ ဥပဒေအရ အရေးယူသွားရန် ရှိပါသလား ဆိုသည့် အမေး ကိုလည်း ဝန်ကြီးက ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်မည်ဟု အဖြေပေးသည်။
အဆိုပါ သူနာပြု တက္ကသိုလ် ၄ ထပ်စာသင်ဆောင်ကို ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက ၂၀၁၁ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်သို့ အပ်နှံခဲ့သည့် အဆောက်အဦဖြစ်ကာ သက်တမ်းအားဖြင့် ၇ နှစ်ကျော်သာ ရှိသေးသည့် အဆောက်အဦးဖြစ်သည် ဟုသိရသည်။
ယင်းအပြင် ထိုအဆောက်အဦးကို တာဝန်ယူဆောက်လုပ် ခဲ့သည့် ကုမ္ပဏီ မှာ ယခင်အစိုးရ လက်ထက် ဝန်ကြီးဟောင်း၏ ဆွေမျိုးတစ်ဦးပိုင်ဆိုင်သည် ဟုလည်း ဆောက်လုပ်ရေးအသိုင်းအဝိုင်းကြား သတင်း ထွက်ပေါ်နေသည်။
crd : whitesone