ယခုအသက် အရွယ်အထိ အရွယ်တင် နုပျိုလွန်းလှတဲ့ မိခင်ကြီးရဲ့အလှတရားကို မိတ္တူဘယ်လောက် ကောင်းကောင်း မူရင်းကိုမမှီပါဘူး ဆိုပြီး တင်စားကာ ပြောလာတဲ့ အေးမြတ်သူ မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာနဲ့ အောင်မြင်နေတဲ့မင်းသမီးချောလေး သရုပ်ဆောင်အေးမြတ်သူ ကတော့ ပြုံးရယ်လိုက်ရင် ပါးချိုင့်လေးနဲ့ အေးချမ်းလှပလွန်းတဲ့ သူလေးဖြစ်ပြီး ခန္ဓာကိုယ် အချိုးအစားကလည်း မိန်းကလေးတွေပင် အားကျရတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်နော်။
ဗီဒီယိုဇာတ်ကား များစွာကို ရိုက်ကူးခဲ့ပြီး အနုပညာ လမ်းကြောင်းတစ်လျှောက်မှာ အောင်မြင်မှု တစ်နေရာကို ရယူထားနိုင်တဲ့ မင်းသမီးအေးမြတ်ဟာ ရုပ်ရှင်ကားကြီးတွေ များစွာမှာလည်း ဇာတ်ကောင်စရိုက်နဲ့အညီ အကောင်းဆုံး ပုံဖော်နိုင်တဲ့ အနုပညာအရည်အသွေး ပြည့်ဝမှုကြောင့် အကယ်ဒမီ ထူးချွန်ဆုကြီးကိုလည်း ဆွတ်ခူး ထားနိုင်ခဲ့သူပါနော်။ အချိုးအစား ပြေပြစ်ပြီး ချောမောလှပတဲ့ ပုရိသတို့ အသည်းကျော် မင်းသမီးတစ်လက် ဖြစ်ပေမယ့် အေးမြတ်သူဟာ ခုလက်ရှိအချိန်ထိ တစ်ကိုယ်တည်း အပျိုကြီးအဖြစ်နဲ့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။
မိန်းကလေးတိုင်း အားကျရလောက်အောင် လှပတဲ့ ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသူ မမြတ်လေးကတော့ ခန္ဓာကိုယ်လှပဖို့ လေ့ကျင့်ခန်းတွေ မှန်မှန်ပြုလုပ်နေပုံ ပြုလုပ်နည်းတွေကိုလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်ကနေ ပရိသတ်ကြီးအတွက် တင်ပေးနေတာမို့ ယခုကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် ပရိသတ်နဲ့ အဆက်အသွယ်မပြတ် ရှိနေသူလေးလို့ ဆိုရမှာပါနော်။ ပရိသတ်တွေက ချစ်စနိုးနဲ့ မမြတ်လေးလို့ ခေါ်ကြတဲ့ အေးမြတ်သူဟာ အမေတူသမီးလေး ဖြစ်ပြီး မိဘတွေကိုလည်း အရမ်းချစ်ကာ အလေးထား တတ်တဲ့သူလေး တစ် ဉီးလည်းဖြစ်ပါတယ်။
ဒီကနေ့မှာ ဆိုရင်တော့ ပရိသတ်အချစ်တော်ျအးမြတ်သူ က အရွယ်တင်ကာ နုပျိုဆဲဖြစ်တဲ့ မိခင်ကြီးအလှကို “မိတ္တူ ဘယ်လောက်ကောင်းကောင်း မူရင်းကို မမှီပါဘူး”ဆိုတဲ့ စာလေးနဲ့ တင်စားကာ ယခုထိတိုင် သူမနဲ့ အလှချင်းပြိုင်နိုင်နေဆဲ ဖြစ်တဲ့ သူမရဲ့မေမေနဲ့ နှစ်ယောက်တွဲကာ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် ထုတ်ဖော် ပြသလာ ခဲ့တာပဲ ဖြစ် ပါတယ်။ အေးမြတ်သူ ပြောရလောက်အောင်လည်း သူမရဲ့မေမေဟာ သူမနည်းတူ အေးချမ်းချိုသာတဲ့ ပါးချိုင့်အပြုံးလေးနဲ့ နုပျိုလှပနေတာကို တွေ့မြင်ရပါတယ်နော်။ အပြံုးကအစ မိခင်ဖြစ်သူနဲ့ ချွတ်စွတ်တူလွန်းလို့လည်း မမြတ်လေးကတော့ မိတ္တူကောင်းလေး ဖြစ်ကာ အမေတူလို့ အချောအလှလေး ဖြစ်နေတာလို့ ဆိုရမှာပါပဲနော်။ အမေနဲ့သမီး အလြှခင်း ပြိုင်နေတဲ့အေးမြတ်သူနဲ့ သူမရဲ့မေမေတို့ရဲ့ ကြည်နူးစရာ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေလည်း နှစ်သက် သဘောကျလိမ့်မယ် ထင်ပါတယ်နော်။
crd