တနသၤာရီတိုင္းႏွင့္ ကရင္ျပည္နယ္ တို႔တြင္ ကို ဗစ္ လူ နာသစ္ (၃) ဦး ေတြ႕ရွိ

တနသၤာရီတိုင္းႏွင့္ ကရင္ျပည္နယ္ တို႔တြင္ ကို ဗစ္ လူ နာသစ္ (၃) ဦး ေတြ႕ရွိ

အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) က ဓာတ္ခြဲနမူနာ ၁၉၀ ခုအား ေမ ၁၇ ရက္ေန႔ညပိုင္း စစ္ေဆးခ်က္အရ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳ လူနာသစ္ ၃ ဦး ထပ္မံေတြ႕ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ဒီေန႔မနက္ ၇ နာရီခြဲ ထုတ္ျပန္ပါ တယ္။ လူနာသစ္ ၃ ဦးဟာ မေလးရွားက ျပန္လာသူေတြျဖစ္ၿပီး တနသၤာရီတိုင္းက ၁ ဦးနဲ႔ ကရင္ျပည္နယ္က ၂ ဦးတို႔ ျဖစ္ပါတယ္။ တနသၤာရီတိုင္း က အသက္ ၄၆ ႏွစ္အ႐ြယ္ လူနာ အမွတ္ ၁၈၅ ကေတာ့ ေလာင္းလုံးၿမိဳ႕နယ္မွာ အသြားအလာကန႔္သတ္ထားသူျဖစ္ၿပီး လက္ရွိ ထားဝယ္ျပည္သူ႔ေဆး႐ုံႀကီး မွာ ေဆးကုသမႈ ခံယူေနတယ္လို႔ ဆိုပါတယ္။

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္က အသက္ ၂၂ ႏွစ္အ႐ြယ္ လူနာ အမွတ္ ၁၈၆ နဲ႔ အသက္ ၃၅ ႏွစ္အ႐ြယ္ လူနာအမွတ္ ၁၈၇ တို႔ကလည္း အသြားအလာ ကန႔္သတ္ထားသူေတြျဖစ္ၿပီး ဘားအံျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနပါတယ္။မေန႔ညကလည္း လူနာသစ္ ၂ ဦး ထပ္မံေတြ႕ရွိခဲ့ၿပီး မရမ္းကုန္းၿမိဳ႕နယ္ က အသက္ ၅၇ ႏွစ္အ႐ြယ္ အမ်ိဳးသား ၁ ဦးနဲ႔ ပုဇြန္ေတာင္ၿမိဳ႕နယ္က အသက္ ၄၁ ႏွစ္အ႐ြယ္ရွိ မေလးရွားျပန္ အမ်ိဳးသား ၁ ဦးတို႔ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီေန႔မနက္ပိုင္းအထိ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳ လူနာ ၁၈၇ ဦး၊ ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း ၉၇ ဦး၊ ေသဆုံးသူ ၆ ဦး ရွိၿပီးလို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ေမ ၁၇ ရက္ေန႔က COVID-19 ဓာတ္ခြဲစစ္ေဆးမႈကို အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ဓာတ္ခြဲနမူနာ ၃၇၆ ခုနဲ႔ ေဆးသုေတသန ဦးစီးဌာနက ဓာတ္ခြဲနမူနာ ၂၀၀ ခုတို႔အား စစ္ေဆး ခဲ့တာပါ။

crd : panpyoelat

unicode

တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ် တို့တွင် ကို ဗစ် လူ နာသစ် (၃) ဦး တွေ့ရှိ

အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁၉၀ ခုအား မေ ၁၇ ရက်နေ့ညပိုင်း စစ်ဆေးချက်အရ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၃ ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီခွဲ ထုတ်ပြန်ပါ တယ်။ လူနာသစ် ၃ ဦးဟာ မလေးရှားက ပြန်လာသူတွေဖြစ်ပြီး တနင်္သာရီတိုင်းက ၁ ဦးနဲ့ ကရင်ပြည်နယ်က ၂ ဦးတို့ ဖြစ်ပါတယ်။ တနင်္သာရီတိုင်း က အသက် ၄၆ နှစ်အရွယ် လူနာ အမှတ် ၁၈၅ ကတော့ လောင်းလုံးမြို့နယ်မှာ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး လက်ရှိ ထားဝယ်ပြည်သူ့ဆေးရုံကြီး မှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က အသက် ၂၂ နှစ်အရွယ် လူနာ အမှတ် ၁၈၆ နဲ့ အသက် ၃၅ နှစ်အရွယ် လူနာအမှတ် ၁၈၇ တို့ကလည်း အသွားအလာ ကန့်သတ်ထားသူတွေဖြစ်ပြီး ဘားအံပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။မနေ့ညကလည်း လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး မရမ်းကုန်းမြို့နယ် က အသက် ၅၇ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ပုဇွန်တောင်မြို့နယ်က အသက် ၄၁ နှစ်အရွယ်ရှိ မလေးရှားပြန် အမျိုးသား ၁ ဦးတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာ ၁၈၇ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၉၇ ဦး၊ သေဆုံးသူ ၆ ဦး ရှိပြီးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။မေ ၁၇ ရက်နေ့က COVID-19 ဓာတ်ခွဲစစ်ဆေးမှုကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဓာတ်ခွဲနမူနာ ၃၇၆ ခုနဲ့ ဆေးသုတေသန ဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၀၀ ခုတို့အား စစ်ဆေး ခဲ့တာပါ။

Add a Comment

Your email address will not be published. Required fields are marked *

fifteen − 4 =