Mask တပ်တာ ကိုဗစ် ကူးစက်မှု လျှော့ကျေ စကြောင်း ကြွက်ကလေးတွေ နဲ့ စမ်းသပ်တွေ့ရှိ
တပတ်အတွင်း မှာ…
အဲ့မှာ ထပ်ပြော ထားတာက….
Richard Myo Thant
unicode
🇭🇰 ဟောင်ကောင် တက္ကသိုလ်က သုသေသန ပညာရှင်တွေဟာ Mask တပ်ခြင်းဖြင့် ရောဂါ ကူးစက်မှုလျော့ကျမှု ရှိ မရှိ စမ်းသပ်ခဲ့ကြပါတယ်။
Professor Yuen Kwok-yung ဦးဆောင် တဲ့ ကမ္ဘာ့ ထိပ်တန်း ကိုရိုနာ ဗိုင်းရပ်ကျွမ်းကျင်သူအဖွဲ့ဟာ Hamster ကြွက်ကလေးတွေကို Covid-19 ကူးစက်စေခဲ့ပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ ကြွက်ကလေးတွေမှာ symptomatic လို့ခေါ်တဲ့ ရောဂါလက္ခဏာပြနေတဲ့ ကြွက်ရော၊ asymptomatic လို့ခေါ်တဲ့ ရောဂါလက္ခဏာမပြ တဲ့ ကြွက်ရောပါပါတယ်။ အဲ့ဒီရောဂါကူးစက်ခံထားရတဲ့ ကြွက်ကလေးတွေကို လှောင်အိမ်တစ်ခု၊ ရောဂါမရှိသေးတဲ့ ကျန်းမာတဲ့ကြွက်ကလေးတွေကို လှောင်အိမ်တစ်ခု ခွဲထားပါတယ်။ ဒါမှ မရောသွားပဲ လေ့လာရလွယ် မှာဖြစ်ပါတယ်။
လေကို ရောဂါကူးစက်ခံထားရတဲ့ကြွက်တွေရှိ တဲ့ လှောင်အိမ်ဘက်ကနေ ရောဂါ မရှိတဲ့ကြွက်တွေရှိတဲ့ လှောင်ဘက်ကို တိုက်စေ ပါတယ်။ အဲ့လိုလုပ်ရာ မှာ အောက်ပါတွေ့ရှိချက်ကို တွေ့ရှိခဲ့ပါတယ်။
တပတ်အတွင်း မှာ…
အကယ်၍ လှောင်အိမ်နှစ်ခု စလုံးကို Mask လုံးဝမကာထားရင် ကျန်းမာတဲ့ကြွက်တွေရှိတဲ့ လှောင်အိမ်ထဲက ကြွက် ၃ ပုံ ၂ ပုံဟာ ရောဂါကူးစက်ခံရပါတယ်။
အကယ်၍ ရောဂါရှိနေတဲ့ကြွက်တွေ ရှိတဲ့ လှောင်အိမ်ကို Mask နဲ့ကာထားရင် ကျန်းမာတဲ့ကြွက်တွေ ရှိတဲ့ လှောင်အိမ်ထဲကကြွက် ၁၅ ရာနှုန်းကျော်လေးပဲ ရောဂါကူးစက်ခံရပါတယ်။
အကယ်၍ ကျန်းမာတဲ့ကြွက်တွေရှိတဲ့ လှောင်အိမ်ကို Mask နဲ့ကာထားရင် ကျန်းမာတဲ့ ကြွက်တွေ ထဲက ကူးစက်မှု ၃၅ ရာနှုန်းလျော့ကျသွားစေပါတယ်တဲ့။
ကျနော် နားလည်သလို ပြန်ရှင်း ရရင်..
ဘာမှမကာထားရင် ကျန်းမာတဲ့ အကောင်တွေထဲက 67 % ရောဂါအကူးစက်ခံရမယ်။ မကျန်းမာတဲ့အကောင်တွေကို Mask ကာထားရင် ကျန်းမာတဲ့အကောင်တွေထဲက ၁၅% ကျော်ပဲ ရောဂါအကူးစက်ခံရမယ်။
ကျန်းမာ တဲ့အကောင်တွေကို Mask ကာထားရင် ကျန်းမာတဲ့ အကောင်တွေထဲက ၃၂% ရောဂါအကူးစက်ခံရမယ်။ (မူလ ၆၇% ထဲက ၃၅% လျော့ကျသွားလို့ ၃၂% လို့ရေးထားတာပါ)
အဲ့မှာ ထပ်ပြော ထားတာက….
Mask ဘယ်လိုပဲကာကာ Mask သုံးတာနဲ့ အကူး စက်ခံရတဲ့ကြွက်တွေမှာတွေ့ရတဲ့ ဗိုင်းရပ်စ်ပမာဏက Mask မသုံးတဲ့အချိန်မှာ တွေ့ရတဲ့ ပမာဏထက် ပိုနည်းပါသတဲ့။ အဲ့ဒီတော့ Mask ကိုအားလုံးမေးမှာမချိတ်ပဲ အပြည့်အဝတပ်ခြင်းဖြင့် ကူးစက်မှုကို အတော်ကြီးကို လျော့ချနိုင် လိမ့်မယ်။
ရောဂါရှိနိုင်ပြီး လက္ခဏာမပြတဲ့သူတွေ က Mask တပ်ဖို့ ပိုအရေးကြီးတယ်။ ရောဂါရှိနိုင်ပြီးလက္ခဏာမပြတဲ့သူကဂျိုမပါတော့ အားလုံး အပြင်ထွက်ရင်မေးမှာမချိတ်ပဲ အပြည့်အဝ Mask တပ်ပေးကြပါ။
Richard Myo Thant