ျမန္မာႏိုင္ငံ ၌ ကိုဗစ္-၁၉ ပထမလႈိင္းၿပီးၿပီဟု ယူဆရေၾကာင္း ရန္ကုန္တိုင္း လူမႈေရးဝန္ႀကီးေျပာ

ျမန္မာႏိုင္ငံ ၌ ကိုဗစ္-၁၉ ပထမလႈိင္းၿပီးၿပီဟု ယူဆရေၾကာင္း ရန္ကုန္တိုင္း လူမႈေရးဝန္ႀကီးေျပာ

က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြ အရ ခုရက္ပိုင္း ကိုဗစ္-၁၉ ေရာဂါကူးစက္မႈအေနအထားေလ်ာ့က်လာတာ၊ ဆရာဝန္ တခ်ိဳ႕ရဲ႕ သုံးသပ္ခ်က္နဲ႔ လက္ရွိေျမျပင္အေနအထားေတြအရ ျမန္မာျပည္မွာ ကိုဗစ္-၁၉ ပထမလႈိင္းၿပီးၿပီလို႔ ယူဆရေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕က လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ဒီဗြီဘီ ကိုေျပာပါတယ္။

“အဲလိုဘဲ ယူဆရမွာပဲဗ်။ အခုေနာက္ပိုင္းနည္းနည္းေလး ၿငိမ္လာ တယ္ေလ။ နည္းနည္းေလး ထိန္းခ်ဳပ္လာႏိုင္တယ္ဆိုေတာ့ က်ေနာ္တို႔ ဒါ စိတ္ေက်နပ္စရာ ေကာင္းပါတယ္ဗ်”

ဒုတိယလႈိင္းအတြက္လည္း ျပင္ဆင္တဲ့အေနနဲ႔ေရာ ႀကိဳတင္ ကာကြယ္တဲ့အေနနဲ႔ပါ က်န္းမာေရးစစ္တမ္းေတြကို ရန္ကုန္မွာ ၿမိဳ႕နယ္အလိုက္ လိုက္ေကာက္ယူေနတယ္လို႔ ဆိုပါတယ္။

စစ္တမ္းေကာက္ယူ ရာမွာ ျပည္သူေတြကိုပါ က်န္းမာေရး စစ္ေဆးၿပီးသားျဖစ္လို႔ သူတို႔ အေနနဲ႔ စိတ္ေက်နပ္မႈရခဲ့ေၾကာင္း၊ ျပည္သူလူထုအေနနဲ႔ အခုကာလမွာ ေတြ႕ရသေလာက္ ႏွာေခါင္းစည္းတပ္တာေတြ မေတြ႕ေၾကာင္း၊ Social Distancingေတြ လုပ္မေနေၾကာင္း၊ လူအုပ္စုလိုက္ ေနတာေတြရွိေၾကာင္း၊ ဒါေတြဟာ အရမ္း စိုးရိမ္စရာေကာင္းတဲ့ အေျခအေနျဖစ္ေၾကာင္း၊ ဒါေတြကို ဆင္ျခင္ၿပီး၊ သၾကၤန္ကာလ ေနတဲ့ပုံစံေလးပဲ ေနေပးဖို႔နဲ႔ မျဖစ္မေနမွဘဲ အျပင္ထြက္ဖို႔ ျပည္သူလူထုကို တိုက္တြန္းလိုေၾကာင္း ဝန္ႀကီးကေျပာပါတယ္။

လက္ရွိမွာေတာ့ ရန္ကုန္ေနျပည္သူေတြအေန နဲ႔ အျပင္ထြက္ရင္ Maskတပ္ဖို႔၊ လူ ၅ ဦးထက္ ပိုမစုဖို႔၊ ည ၁၂ နာရီမွ မနက္ ၄ နာရီအတြင္း အျပင္မထြက္ဖို႔၊ Social Distancing နဲ႔ ေနထိုင္ဖို႔ ထုတ္ျပန္ထားတဲ့ အမိန႔္ေတြက အက်ဳံးဝင္ေနဆဲျဖစ္ပါတယ္။

ကိုဗစ္-၁၉ လူနာအမ်ားဆုံးရွိတဲ့ ရန္ကုန္တိုင္းမွာေတာ့ Semi Lockdown စာရင္းဝင္ ေ႐ႊျပည္သာ၊ လႈိင္သာယာ၊ မဂၤလာဒုံနဲ႔ ဗိုလ္တေထာင္ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္ကိုေတာ့ ေမလ ၁၅ ရက္က စလို႔ ေနအိမ္မွာေနထိုင္ေရး (Stay At Home) အစီအစဥ္မွာ အက်ဳံးဝင္တာကေန ပယ္ဖ်က္လိုက္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ေၾကညာထားပါတယ္။

ရန္ကုန္ၿမိဳ႕က ဆရာဝန္တစ္ဦးကေတာ့ “ႏွာေခါင္းစည္း တပ္ၾကပါ။ လူတိုင္းက ႏွာေခါင္းစည္းတပ္ကို တပ္သင့္ပါတယ္။ သူ႔မွာ ကူးေနသလား၊ ကိုယ့္မွာ ကူးေနသလားဆိုတာ ဘယ္လိုမွ မွန္းမလို႔မွ မရတာ။ ဆိုေတာ့ ႏွာေခါင္းစည္းကို တပ္သင့္တယ္လို႔ေျပာခ်င္တယ္။ Social Distancing ဆိုတာ ကေတာ့ ဆိုင္ေတြလည္း ဖြင့္ေနေတာ့ သိပ္လုပ္ႏိုင္မွာမ ဟုတ္ေတာ့ဘူး။ ေနာက္ပိုင္းကေတာ့ဗိုင္းရပ္စ္နဲ႔ အတူယွဥ္တြဲေနထိုင္ျခင္းဆိုတဲ့ ပုံစံမ်ိဳးပဲ သြားရေတာ့မယ့္သေဘာ ျဖစ္ေနတယ္။”လို႔ သုံးသပ္ေျပာပါတယ္။

ဒီကေန႔ ေမလ ၁၇ ရက္ ည ၈ နာရီ အထိေတာ့ မရမ္းကုန္း နဲ႔ ပုဇြန္ေတာင္ၿမိဳ႕နယ္ေတြမွာ ကိုဗစ္-၁၉ လူနာသစ္ ၂ ဦးထပ္ေတြ႕ခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံမွာ အတည္ျပဳလူနာ စုစုေပါင္း ၁၈၄ ဦးအထိ ရွိလာပါတယ္။

ရန္ကုန္တိုင္းမွာေတာ့ ကိုဗစ္-၁၉ ပိုးေတြ႕လူနာ ၁၄၅ ဦး ေက်ာ္ ရွိၿပီး လူနာ အမ်ားဆုံးေတြ႕ရွိတဲ့ အင္းစိန္ၿမိဳ႕နယ္မွာေတာ့ ၁၀ ဦးနဲ႔အထက္ အုပ္စု လိုက္ဆင့္ပြား ကူးစက္တာ ေတြ႕ရပါတယ္။

သၾကၤန္ကာလေနာက္ပိုင္း ျပည္သူလူထုအေန နဲ႔ ႏွာေခါင္း စည္းမတပ္ဘဲ အိမ္အျပင္ထြက္တာေတြ ရွိခဲ့တဲ့အျပင္ လူအမ်ားစုသြားလာရာေတြျဖစ္တဲ့ ေဈးေတြမွာလည္း ႏွာေခါင္းစည္း မတပ္ဘဲ ေရာင္းဝယ္ေနတာကို သတင္းမီဒီယာေတြ ေဖာ္ျပၿပီးေနာက္ပိုင္း၊ တိုင္းနဲ႔ျပည္နယ္ ၅ ခုကစခဲ့တဲ့ ႏွာေခါင္းစည္းမတပ္ရင္ ဒဏ္႐ိုက္အေရးယူတဲ့ အစီအစဥ္ေတြကို ေမလ ၁၃ ရက္ေန႔ကစၿပီး ရန္ကုန္တိုင္းအစိုးရက လုပ္ေဆာင္ေနပါတယ္။

ေမလ ၁၃ ရက္ကစလို႔ အခုရက္ပိုင္းအတြင္း ၿမိဳ႕နယ္တခ်ိဳ႕မွာေတာ့ ႏွာေခါင္းစည္း မတပ္သူေတြကို ဒဏ္တပ္အေရးယူတာေတြ ရွိခဲ့ေပမဲ့ အေရးယူခံရသူ အေရအတြက္က ဆယ္ဂဏန္းေလာက္ သာ ရွိပါတယ္။

crd : bamakhit

unicode

မြန်မာနိုင်ငံ ၌ ကိုဗစ်-၁၉ ပထမလှိုင်းပြီးပြီဟု ယူဆရကြောင်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးပြော

ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရ ခုရက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနေအထားလျော့ကျလာတာ၊ ဆရာဝန် တချို့ရဲ့ သုံးသပ်ချက်နဲ့ လက်ရှိမြေပြင်အနေအထားတွေအရ မြန်မာပြည်မှာ ကိုဗစ်-၁၉ ပထမလှိုင်းပြီးပြီလို့ ယူဆရကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီ ကိုပြောပါတယ်။

“အဲလိုဘဲ ယူဆရမှာပဲဗျ။ အခုနောက်ပိုင်းနည်းနည်းလေး ငြိမ်လာ တယ်လေ။ နည်းနည်းလေး ထိန်းချုပ်လာနိုင်တယ်ဆိုတော့ ကျနော်တို့ ဒါ စိတ်ကျေနပ်စရာ ကောင်းပါတယ်ဗျ”

ဒုတိယလှိုင်းအတွက်လည်း ပြင်ဆင်တဲ့အနေနဲ့ရော ကြိုတင် ကာကွယ်တဲ့အနေနဲ့ပါ ကျန်းမာရေးစစ်တမ်းတွေကို ရန်ကုန်မှာ မြို့နယ်အလိုက် လိုက်ကောက်ယူနေတယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူ ရာမှာ ပြည်သူတွေကိုပါ ကျန်းမာရေး စစ်ဆေးပြီးသားဖြစ်လို့ သူတို့ အနေနဲ့ စိတ်ကျေနပ်မှုရခဲ့ကြောင်း၊ ပြည်သူလူထုအနေနဲ့ အခုကာလမှာ တွေ့ရသလောက် နှာခေါင်းစည်းတပ်တာတွေ မတွေ့ကြောင်း၊ Social Distancingတွေ လုပ်မနေကြောင်း၊ လူအုပ်စုလိုက် နေတာတွေရှိကြောင်း၊ ဒါတွေဟာ အရမ်း စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ကြောင်း၊ ဒါတွေကို ဆင်ခြင်ပြီး၊ သင်္ကြန်ကာလ နေတဲ့ပုံစံလေးပဲ နေပေးဖို့နဲ့ မဖြစ်မနေမှဘဲ အပြင်ထွက်ဖို့ ပြည်သူလူထုကို တိုက်တွန်းလိုကြောင်း ဝန်ကြီးကပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်နေပြည်သူတွေအနေ နဲ့ အပြင်ထွက်ရင် Maskတပ်ဖို့၊ လူ ၅ ဦးထက် ပိုမစုဖို့၊ ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း အပြင်မထွက်ဖို့၊ Social Distancing နဲ့ နေထိုင်ဖို့ ထုတ်ပြန်ထားတဲ့ အမိန့်တွေက အကျုံးဝင်နေဆဲဖြစ်ပါတယ်။

ကိုဗစ်-၁၉ လူနာအများဆုံးရှိတဲ့ ရန်ကုန်တိုင်းမှာတော့ Semi Lockdown စာရင်းဝင် ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံနဲ့ ဗိုလ်တထောင်မြို့နယ် ၄ မြို့နယ်ကိုတော့ မေလ ၁၅ ရက်က စလို့ နေအိမ်မှာနေထိုင်ရေး (Stay At Home) အစီအစဉ်မှာ အကျုံးဝင်တာကနေ ပယ်ဖျက်လိုက်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။

ရန်ကုန်မြို့က ဆရာဝန်တစ်ဦးကတော့ “နှာခေါင်းစည်း တပ်ကြပါ။ လူတိုင်းက နှာခေါင်းစည်းတပ်ကို တပ်သင့်ပါတယ်။ သူ့မှာ ကူးနေသလား၊ ကိုယ့်မှာ ကူးနေသလားဆိုတာ ဘယ်လိုမှ မှန်းမလို့မှ မရတာ။ ဆိုတော့ နှာခေါင်းစည်းကို တပ်သင့်တယ်လို့ပြောချင်တယ်။ Social Distancing ဆိုတာ ကတော့ ဆိုင်တွေလည်း ဖွင့်နေတော့ သိပ်လုပ်နိုင်မှာမ ဟုတ်တော့ဘူး။ နောက်ပိုင်းကတော့ဗိုင်းရပ်စ်နဲ့ အတူယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့ ပုံစံမျိုးပဲ သွားရတော့မယ့်သဘော ဖြစ်နေတယ်။”လို့ သုံးသပ်ပြောပါတယ်။

ဒီကနေ့ မေလ ၁၇ ရက် ည ၈ နာရီ အထိတော့ မရမ်းကုန်း နဲ့ ပုဇွန်တောင်မြို့နယ်တွေမှာ ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်တွေ့ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၁၈၄ ဦးအထိ ရှိလာပါတယ်။

ရန်ကုန်တိုင်းမှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၄၅ ဦး ကျော် ရှိပြီး လူနာ အများဆုံးတွေ့ရှိတဲ့ အင်းစိန်မြို့နယ်မှာတော့ ၁၀ ဦးနဲ့အထက် အုပ်စု လိုက်ဆင့်ပွား ကူးစက်တာ တွေ့ရပါတယ်။

သင်္ကြန်ကာလနောက်ပိုင်း ပြည်သူလူထုအနေ နဲ့ နှာခေါင်း စည်းမတပ်ဘဲ အိမ်အပြင်ထွက်တာတွေ ရှိခဲ့တဲ့အပြင် လူအများစုသွားလာရာတွေဖြစ်တဲ့ ဈေးတွေမှာလည်း နှာခေါင်းစည်း မတပ်ဘဲ ရောင်းဝယ်နေတာကို သတင်းမီဒီယာတွေ ဖော်ပြပြီးနောက်ပိုင်း၊ တိုင်းနဲ့ပြည်နယ် ၅ ခုကစခဲ့တဲ့ နှာခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်အရေးယူတဲ့ အစီအစဉ်တွေကို မေလ ၁၃ ရက်နေ့ကစပြီး ရန်ကုန်တိုင်းအစိုးရက လုပ်ဆောင်နေပါတယ်။

မေလ ၁၃ ရက်ကစလို့ အခုရက်ပိုင်းအတွင်း မြို့နယ်တချို့မှာတော့ နှာခေါင်းစည်း မတပ်သူတွေကို ဒဏ်တပ်အရေးယူတာတွေ ရှိခဲ့ပေမဲ့ အရေးယူခံရသူ အရေအတွက်က ဆယ်ဂဏန်းလောက် သာ ရှိပါတယ်။

crd : bamakhit

Add a Comment

Your email address will not be published. Required fields are marked *

eighteen − two =