Covid-19 ကုသေဆးေလ့လာမႈေတြ ကို တ႐ုတ္ တို႔ေျခရာခံေနတယ္ လို႔ အေမရိကန္ စြပ္စြဲ

Covid-19 ကုသေဆးေလ့လာမႈေတြ ကို တ႐ုတ္ တို႔ေျခရာခံေနတယ္ လို႔ အေမရိကန္ စြပ္စြဲ

အေမရိကန္အင္တာနက္ လုံၿခဳံေရးဆိုင္ရာ အဖြဲ႕အစည္းမွ အဖြဲ႕ဝင္တခ်ိဳ႕ရဲ႕အဆိုအရ တ႐ုတ္ hackers ေတြဟာ အေမရိကန္တို႔စမ္းသပ္ရွာေဖြေနတဲ့ Covid-19 ကုသေဆးနဲ႔ပတ္သတ္ၿပီး ေထာက္လွမ္းမႈေတြရွိေနတယ္လို႔ ေမလ ၁၁ ရက္ေန႔ထုတ္သတင္းစာႏွစ္ေစာင္မွာ ေဖာ္ျပလာပါတယ္။ FBE နဲ႔ အေမရိကန္လုံၿခဳံေရးေကာင္စီ တို႔က ယခုလုပ္ရပ္နဲ႔ပတ္သတ္ၿပီး တ႐ုတ္ hackers ေတြကို ျပင္းျပင္းထန္ထန္သတိေပးသြားမွာျဖစ္တယ္လို႔ Wall Street Journal နဲ႔ New York Times တို႔မွာေဖာ္ျပ လာတာပါ။

Hackers ေတြဟာ အေမရိကန္ လုပ္ေဆာင္ေန တဲ့ Covid-19 ေရာဂါရွာေဖြကုသေရးနဲ႔ ေဆးဝါးစမ္းသပ္ထုတ္လုပ္ေရးဆိုင္ရာ အခ်က္အလက္ေတြကို ပစ္မွတ္ထားေနၾကတာလည္းျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ လတ္တေလာစုံစမ္းရသေလာက္ကေတာ့ ၎ တ႐ုတ္ Hackers ေတြဟာ တ႐ုတ္အစိုးရနဲ႔ ဆက္စပ္မႈေတြရွိေနတယ္ဆိုတာပါပဲ။ ဒါေၾကာင့္ တရားဝင္သတိေပးတားျမစ္ခ်က္ေတြကို ရက္ပိုင္းအတြင္း ထုတ္ျပန္သြားမွာလည္းျဖစ္ပါတယ္။ယခုစြပ္စြဲခ်က္နဲ႔ပတ္သတ္ၿပီး တ႐ုတ္ႏိုင္ငံျခားေရးရာဌာနက ျငင္းဆိုထားၿပီး တ႐ုတ္ႏိုင္ငံအေနျဖင့္ ယခုလုပ္ရပ္မ်ိဳး မက်ဴးလြန္ဘူးလို႔ အခိုင္အမာေျပာၾကားလာပါတယ္။ ” တ႐ုတ္ဟာ ယခုအခ်ိန္ထိ Covid-19 ကာကြယ္ကုသေဆးရွာေဖြမႈအပိုင္းမွာ ကမာၻကိုဦးေဆာင္ေနတာပါ။ ယခုသက္ေသမရွိပဲစြပ္စြဲတာေတြကိုမလုပ္သင့္ပါဘူး ” လို႔ Zhao ကေျပာပါတယ္။

မၾကာမီထုတ္ျပန္မဲ့ အေမရိကန္ရဲ႕ ဆိုက္ဘာ လုံၿခဳံေရးသတိေပးခ်က္မွာ တ႐ုတ္Hacekrs ေတြကိုသာမကပဲ အီရန္၊ ေျမာက္ကိုရီးယားနဲ႔ ႐ုရွားအစိုး ရေက်ာေထာက္ေနာက္ခံ hackers ေတြကိုပါ သတိေပးမႈေတြျပဳလုပ္ သြားမွာျဖစ္တယ္လို႔သိရပါတယ္။ယခုလို လုပ္ေဆာင္ခံရတာဟာ အေမရိကန္တစ္ႏိုင္ငံ တည္းမဟုတ္ပဲ ၿဗိတိန္ႏိုင္ငံပါပါဝင္ေနၿပီး အမ်ားဆုံးေတြ႕ရွိရ တာကေတာ့ က်န္းမာေရးဝန္ထမ္းေတြ အသုံးျပဳတဲ့ account password ေတြကို ေျခရာခံျခင္းျဖစ္တယ္လို႔ သိရပါတယ္။

crd : panpyoelat

unicode

Covid-19 ကုသဆေးလေ့လာမှုတွေ ကို တရုတ် တို့ခြေရာခံနေတယ် လို့ အမေရိကန် စွပ်စွဲ

အမေရိကန်အင်တာနက် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းမှ အဖွဲ့ဝင်တချို့ရဲ့အဆိုအရ တရုတ် hackers တွေဟာ အမေရိကန်တို့စမ်းသပ်ရှာဖွေနေတဲ့ Covid-19 ကုသဆေးနဲ့ပတ်သတ်ပြီး ထောက်လှမ်းမှုတွေရှိနေတယ်လို့ မေလ ၁၁ ရက်နေ့ထုတ်သတင်းစာနှစ်စောင်မှာ ဖော်ပြလာပါတယ်။ FBE နဲ့ အမေရိကန်လုံခြုံရေးကောင်စီ တို့က ယခုလုပ်ရပ်နဲ့ပတ်သတ်ပြီး တရုတ် hackers တွေကို ပြင်းပြင်းထန်ထန်သတိပေးသွားမှာဖြစ်တယ်လို့ Wall Street Journal နဲ့ New York Times တို့မှာဖော်ပြ လာတာပါ။

Hackers တွေဟာ အမေရိကန် လုပ်ဆောင်နေ တဲ့ Covid-19 ရောဂါရှာဖွေကုသရေးနဲ့ ဆေးဝါးစမ်းသပ်ထုတ်လုပ်ရေးဆိုင်ရာ အချက်အလက်တွေကို ပစ်မှတ်ထားနေကြတာလည်းဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ လတ်တလောစုံစမ်းရသလောက်ကတော့ ၎င်း တရုတ် Hackers တွေဟာ တရုတ်အစိုးရနဲ့ ဆက်စပ်မှုတွေရှိနေတယ်ဆိုတာပါပဲ။ ဒါကြောင့် တရားဝင်သတိပေးတားမြစ်ချက်တွေကို ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမှာလည်းဖြစ်ပါတယ်။ယခုစွပ်စွဲချက်နဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံခြားရေးရာဌာနက ငြင်းဆိုထားပြီး တရုတ်နိုင်ငံအနေဖြင့် ယခုလုပ်ရပ်မျိုး မကျူးလွန်ဘူးလို့ အခိုင်အမာပြောကြားလာပါတယ်။ ” တရုတ်ဟာ ယခုအချိန်ထိ Covid-19 ကာကွယ်ကုသဆေးရှာဖွေမှုအပိုင်းမှာ ကမ္ဘာကိုဦးဆောင်နေတာပါ။ ယခုသက်သေမရှိပဲစွပ်စွဲတာတွေကိုမလုပ်သင့်ပါဘူး ” လို့ Zhao ကပြောပါတယ်။

မကြာမီထုတ်ပြန်မဲ့ အမေရိကန်ရဲ့ ဆိုက်ဘာ လုံခြုံရေးသတိပေးချက်မှာ တရုတ်Hacekrs တွေကိုသာမကပဲ အီရန်၊ မြောက်ကိုရီးယားနဲ့ ရုရှားအစိုး ရကျောထောက်နောက်ခံ hackers တွေကိုပါ သတိပေးမှုတွေပြုလုပ် သွားမှာဖြစ်တယ်လို့သိရပါတယ်။ယခုလို လုပ်ဆောင်ခံရတာဟာ အမေရိကန်တစ်နိုင်ငံ တည်းမဟုတ်ပဲ ဗြိတိန်နိုင်ငံပါပါဝင်နေပြီး အများဆုံးတွေ့ရှိရ တာကတော့ ကျန်းမာရေးဝန်ထမ်းတွေ အသုံးပြုတဲ့ account password တွေကို ခြေရာခံခြင်းဖြစ်တယ်လို့ သိရပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

four × two =