ခံစစ္ သက္သက္ တုိက္ေန ရတဲ့ ကုိဗစ္စစ္ ပြဲႀကီးနဲ႔ လူသား တုိ႔ရဲ႕ ေမွ်ာ္လင့္ခ်က္

ခံစစ္သက္သက္ တုိက္ေနရတဲ့ ကုိဗစ္စစ္ပြဲႀကီး မွာ လူသား တုိ႔ ေမွ်ာ္လင့္ခ်က္ ရွိႏုိင္ပါ့မလား…

COVID-19 ကို စစ္ေရးအျမင္ နဲ႔ ခ်ဥ္းကပ္ျခင္း

ေခါင္းစဥ္ကေတာ့ သိပ္ႀကီးက်ယ္ သြားၿပီ။ သိပ္ေတာ့ မအံ့ၾသလိုက္ပါနဲ႔၊ စစ္ေရးအျမင္ စစ္ေရးအျမင္ ဆိုတာေတြကို ခဏခဏၾကားေနရလို႔ ခပ္တည္တည္ ေခါင္းစဥ္တပ္လိုက္တာပါ။ တကယ္က်ေတာ့ နယ္စပ္က ေတာ္လွန္ေရးနယ္ေျမထဲမွာေတာင္ ေသနတ္တစ္လက္ကိုမွ မထိခဲ့သူပါ။ ထားပါေတာ့ေလ၊ ခပ္တည္တည္ တပ္ထားတဲ့ေခါင္းစဥ္နဲ႔ ကိုက္ညီေအာင္ပဲ ဆက္တာေပါ့။

ဒီကေန႔ျဖစ္ေနတဲ့ ကပ္ေရာဂါက ဧရာမစစ္ဆင္ေရးနဲ႔ တိုက္ရမယ့္ ကမာ ၻစစ္ပါ။ ပိုးကူးစက္သြားသူေတြက စစ္သုံ႔ပန္းေတြဆိုရင္ ရန္သူ ကို႐ိုနာက ဖမ္းမိသြားသူေပါင္း ၄ သန္း ၄ သိန္းေက်ာ္အနက္ ၃ သိန္းေလာက္က ကယ္တင္ေရးစစ္ပြဲထဲမွာ က်ဆုံးခဲ့ရၿပီ။ ၁ သန္း ၆ သိန္းခြဲက ျပန္လြတ္လာတယ္ဆိုေပမယ့္ အခ်ိန္မေ႐ြး ရန္သူ လက္ထဲျပန္ေရာက္မလား စိုးရိမ္ေနရတုန္း။

ရန္သူအသုံးျပဳတဲ့ ဗိုင္းရပ္စ္လက္နက္က အရင္ရွိဖူးတဲ့၊ တိုက္ခိုက္ဖူးတဲ့ လက္နက္ေတြနဲ႔ ခပ္ဆင္ဆင္ဆိုေပမယ့္ ဒီလက္နက္ကို အတိအက်ျပန္လည္ခုခံ ေျခမႈန္းႏိုင္တဲ့ လက္နက္က မရွိေသး။ ဘာေၾကာင့္လဲဆိုေတာ့ တိုက္ခိုက္ခံရတဲ့ ကို႐ိုနာလက္နက္ရဲ႕ သက္ေရာက္မႈ၊ ျဖစ္တည္မႈ၊ ဖ်က္ဆီးႏိုင္မႈ အစရွိတဲ့ အခ်က္အလက္ အျပည့္အစုံကို သိရွိသူက ကမာၻမွာ မရွိေသး။ လက္နက္ေဟာင္း ေဆးၿမီးတိုေတြနဲ႔ အေရးေပၚထုတ္ထားတဲ့ ​ေဆးဝါးသစ္လက္နက္ငယ္ေတြနဲ႔ ရသေလာက္ ျပန္ခုခံေနရတဲ့အေျခအေနပါ။

စစ္ေရးအရဆိုရင္ အခုျဖစ္ေနတဲ့ စစ္က လူေတြအတြက္ ခုခံစစ္ ခံစစ္ သက္သက္။ အလစ္အငိုက္ ၿခဳံခို တိုက္လာရင္လည္းခံ၊ ရန္သူ႔နယ္ေျမထဲ မျဖစ္မေနဝင္ရၿပီဆိုရင္လည္းခံ၊ ေတာ္ေတာ္ မလြယ္တဲ့အေနအထားပါ။ ေလယာဥ္သံမၾကား၊ ဗုံးသံမၾကားဘဲ အသံတိတ္လက္နက္ရဲ႕ဒဏ္ကို မရႈမလွ ခံေနရ တာပါ။

ရန္သူဘက္က တပ္သားတိုင္း အစြမ္းထက္လက္နက္ ကိုင္စြဲ ထားေပမယ့္ ကိုယ္ေတြဘက္မွာက သူတို႔ေပးတဲ့ ဒဏ္ရာ ေရာဂါကိုသာ အႏိုင္ႏိုင္ကုေနၾကရတာ မဟုတ္လား။ ဘယ္ေနရာမွာ သူတို႔ရွိမွန္းမသိဘဲ ပိုးသတ္ေဆးျဖန္းလိုက္၊ သန္႔ရွင္းေရးလုပ္လိုက္နဲ႔ မျမင္ရဘဲ ရမ္းပစ္ေနရတာ။ သန္းေပါင္း ေထာင္နဲ႔ခ်ီတဲ့ လူသားေတြကလည္း လက္ေဆး လိုက္ ႏွာေခါင္း စည္းတပ္လိုက္နဲ႔ အခ်င္းခ်င္း ခပ္စိမ္းစိမ္းေနၿပီး ဒီစစ္ပြဲႀကီး ဘယ္ေန႔ၿပီးမလဲလို႔ ေစာင့္ေနရပါတယ္။

စီးပြားေရးအတြက္ပဲျဖစ္ျဖစ္၊ လူေတြကို ကယ္တင္ဖို႔ပဲျဖစ္ျဖစ္ ေဆးဝါး လက္နက္သစ္ေတြ ထုတ္ တဲ့သူေတြက ထုတ္၊ စမ္းသပ္တဲ့လူေတြက စမ္းသပ္ လုပ္ေနၾကၿပီး ေဆးဝါးလက္နက္သစ္ ေပၚတဲ့သတင္းၾကားတိုင္း လွ်ပ္စစ္မီးျပန္လာလို႔ ေမွာင္ထဲက ဝမ္းသာအားရ ထေအာ္သလို ေမွ်ာ္လင့္တႀကီး အားေပးေနသူေတြကလည္း ကမာၻအႏွံ႔။ ဒါေပမယ့္ ဘယ္ေဆးျဖစ္ျဖစ္ ေရာဂါသည္အားလုံးအတြက္ ကုသေပ်ာက္ကင္း​ေစႏိုင္တဲ့ ေဆးမဟုတ္ေသးတာက ပကတိ အေျခအေန။

ဒီစစ္ပြဲနဲ႔ပတ္သက္ၿပီး ေဟာကိန္းေတြကလည္း မ်ိဳးစုံ။ လာမယ့္ ၁၂ လ ကေန ၁၈ လေလာက္ အထိ ဒီရန္သူကို တိုက္ႏိုင္တဲ့ ေဆးဝါး လက္နက္ေကာင္း မရႏိုင္ဘူးလို႔ တြက္ဆသူရွိသလို၊ ရာသီတုပ္ေကြးေရာဂါလိုပဲ ကာကြယ္ေဆး ႏွစ္စဥ္ထိုးရင္း တစ္သက္လုံး ရင္ဆိုင္သြားရႏိုင္တယ္လို႔ ခန္႔မွန္းသူမ်ားလည္း ရွိပါတယ္။ ေသခ်ာတဲ့အခ်က္ကေတာ့ လာမယ့္ ၁ ႏွစ္ခြဲ ၂ ႏွစ္ေလာက္အထိ လူတိုင္း သတိ နဲ႔ ေနထိုင္ သြားရပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဗိုင္းရပ္ရွိတဲ့ လူတစ္ေယာက္ က်န္ေသးရင္ကိုပဲ စိတ္မခ်ရတဲ့အေျခအေနမဟုတ္လား။

ကို႐ိုနာ တိုက္ပြဲၾကားမွာ လူ႔အသက္ကယ္ေနၾကတဲ့ စစ္သည္ေတာ္ က်န္းမာေရးဝန္ထမ္းေတြထဲမွာလည္း ကိုယ္တိုင္ ကိုဗစ္လက္နက္ထိလို႔ အသက္ေပးလိုက္ရသူေတြ၊ ကိုယ္တိုင္လူနာျပန္ျဖစ္သူေတြ ေနရာအႏွံ႔ရွိေနဆဲ။ မေၾကာက္လို႔ျဖစ္ျဖစ္ ေၾကာက္ရင္းပဲျဖစ္ျဖစ္ ကိုဗစ္က်ည္မွန္တဲ့သူေတြကိုလည္း သူတို႔က ကုေပးရေသး။ ပင္စင္ယူထားသူတခ်ိဳ႕လည္း ဒီစစ္ပြဲထဲ ပါဝင္ကူညီရင္း အသက္ေပးလိုက္ရရွာတယ္။ ဒီလိုေတြျဖစ္ေပမယ့္ ကိုယ့္အတြက္ အမ်ားအတြက္ ဂ႐ုမစိုက္သူေတြကလည္း တပုံတပင္။

ကို႐ိုနာ ေရလႈိင္းစစ္ဆင္ေရးမွာ အခုမွ ပထမလႈိင္း၊ ပထမလႈိင္းဒဏ္ကို မႏိုင္မနင္း ခုခံေနတုန္း ဒုတိယလႈိင္း ရဲ႕ အရိပ္အေယာင္ေတြက စေနၿပီ။ ပိတ္ဆို႔တားျမစ္မႈ လုပ္ထားရာက ျပန္လည္ ေျဖေလွ်ာ့လိုက္တာနဲ႔ ကိုဗစ္ခံတြင္းထဲ အရွိန္အဟုန္နဲ႔ က်သြားတဲ့ေဒသေတြကိုလည္း ျမင္ေန ရသလို၊ ျပန္ဖြင့္ဖို႔ ျပင္ေနသူေတြကလည္း တန္းစီလို႔။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ တၿပိဳင္တည္း ဘာလုပ္ ဆိုတဲ့ အေနအထားမဟုတ္ပါဘူး။ ဖက္ဒရယ္အစိုးရက စီးပြားေရးနာလန္ထဖို႔ တိုင္းျပည္ကို ျမန္ျမန္ျပန္ဖြင့္ခ်င္တယ္၊ ဒါေပမယ့္ ျပည္နယ္အားလုံးက သူတို႔အစီအစဥ္နဲ႔သူတို႔။ ျပည္နယ္အစိုးရက ဘယ္ပုံဘယ္နည္း အဆင့္ဆင့္ျပန္ဖြင့္မယ္လို႔ ေၾကညာေပမယ့္ စီရင္စုေတြ၊ ၿမိဳ႕ေတြက သူတို႔အစီအစဥ္နဲ႔သူတို႔။

ကယ္လီဖိုးနီးယားက စီရင္စု ၅၈ ခုအနက္ ၁၅ ခုကေတာ့ စာသင္ေက်ာင္းေတြ စားေသာက္ဆိုင္ေတြ ျပန္ဖြင့္မတဲ့။ က်န္တဲ့ စီရင္စုေတြက ဖြင့္ဖို႔မျပင္ေသးသလို ေလာ့စ္အိန္ဂ်ယ္လိစ္ စီရင္စုကဆို တားျမစ္မိန္႔ကို ေနာက္ထပ္ ၃ ပတ္ တိုးမတဲ့။ တခ်ိဳ႕ေသာ တကၠသိုလ္မ်ားကလည္း ၾသဂုတ္လေလာက္ မွျပန္ဖြင့္မယ့္ စာသင္ႏွစ္ကို အြန္လိုင္းကေနပဲ သင္ၾကား ဖို႔ျပင္သတဲ့။ အားလုံးက အေျခအေနကိုၾကည့္ၿပီး အေကာင္းဆုံးလမ္းကို ေ႐ြးၾကတာပါ။

ဒီစစ္ပြဲႀကီး ေရရွည္လာရင္ ဘာလုပ္ၾကမလဲ၊ ေမးခြန္းေတြက အမ်ားႀကီး ပါ။ အမ်ားျပည္သူ ခရီးသြားလာေရးေတြ ဘယ္လိုလုပ္ၾကမလဲ၊ လုပ္ငန္းခြင္ေတြ မွာ ဘာလုပ္မလဲ။ ေလယာဥ္ေတြမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ၆ ေပကြာေအာင္ ဘယ္လိုစီစဥ္မလဲ၊ ေလဝင္ေလထြက္ေကာင္း​ေအာင္ ဘာလုပ္မလဲ၊ လူနည္းနည္းပဲ တင္ရင္ စီးနင္းခ ဘယ္ေလာက္ယူမလဲ။ အလုပ္လက္မဲ့ မ်ားျပားမႈေတြ၊ ဆင္းရဲ မြဲေတမႈေတြကို ဘယ္လိုကုစားမလဲ။ ဒီစစ္ႀကီးၿပီးရင္ အဝလြန္ေရာဂါနဲ႔ ဆက္စပ္ေရာဂါမ်ားျဖစ္မယ့္သူေတြ၊ စိတ္ေရာဂါျဖစ္ႏိုင္သူေတြလည္း ရွိလာႏိုင္တယ္လို႔ တြက္ဆ မိပါတယ္။ ဆန္က်င္ဘက္ကေတာ့ အာဟာရခ်ိဳ႕တဲ့မႈနဲ႔ အငတ္ေဘး​ေပါ့။ ျပႆနာေတြက အမ်ားႀကီးပါ။

က်ေနာ္တို႔ ႀကဳံေနရတဲ့ စစ္ႀကီးဟာ ခံစစ္သက္သက္ပါ။ ဒါကို ေမ့မထား ဖို႔ လိုပါတယ္။ ကာကြယ္စစ္ ခုခံစစ္အေန နဲ႔ ကိုယ့္စခန္း မက်ေအာင္ ကိုယ္က တာဝန္ယူမွ ဒီစစ္ပြဲၿပီးတဲ့ အထိ ရွင္သန္ခြင့္ရၾကမွာပါ။

ကမာၻႀကီး က်န္းမာပါေစ။ ။ (ထိန္လင္း)

unicode

ခံစစ်သက်သက် တိုက်နေရတဲ့ ကိုဗစ်စစ်ပွဲကြီး မှာ လူသား တို့ မျှော်လင့်ချက် ရှိနိုင်ပါ့မလား…

COVID-19 ကို စစ်ရေးအမြင် နဲ့ ချဉ်းကပ်ခြင်း

ခေါင်းစဉ်ကတော့ သိပ်ကြီးကျယ် သွားပြီ။ သိပ်တော့ မအံ့သြလိုက်ပါနဲ့၊ စစ်ရေးအမြင် စစ်ရေးအမြင် ဆိုတာတွေကို ခဏခဏကြားနေရလို့ ခပ်တည်တည် ခေါင်းစဉ်တပ်လိုက်တာပါ။ တကယ်ကျတော့ နယ်စပ်က တော်လှန်ရေးနယ်မြေထဲမှာတောင် သေနတ်တစ်လက်ကိုမှ မထိခဲ့သူပါ။ ထားပါတော့လေ၊ ခပ်တည်တည် တပ်ထားတဲ့ခေါင်းစဉ်နဲ့ ကိုက်ညီအောင်ပဲ ဆက်တာပေါ့။

ဒီကနေ့ဖြစ်နေတဲ့ ကပ်ရောဂါက ဧရာမစစ်ဆင်ရေးနဲ့ တိုက်ရမယ့် ကမာ ္ဘစစ်ပါ။ ပိုးကူးစက်သွားသူတွေက စစ်သုံ့ပန်းတွေဆိုရင် ရန်သူ ကိုရိုနာက ဖမ်းမိသွားသူပေါင်း ၄ သန်း ၄ သိန်းကျော်အနက် ၃ သိန်းလောက်က ကယ်တင်ရေးစစ်ပွဲထဲမှာ ကျဆုံးခဲ့ရပြီ။ ၁ သန်း ၆ သိန်းခွဲက ပြန်လွတ်လာတယ်ဆိုပေမယ့် အချိန်မရွေး ရန်သူ လက်ထဲပြန်ရောက်မလား စိုးရိမ်နေရတုန်း။

ရန်သူအသုံးပြုတဲ့ ဗိုင်းရပ်စ်လက်နက်က အရင်ရှိဖူးတဲ့၊ တိုက်ခိုက်ဖူးတဲ့ လက်နက်တွေနဲ့ ခပ်ဆင်ဆင်ဆိုပေမယ့် ဒီလက်နက်ကို အတိအကျပြန်လည်ခုခံ ခြေမှုန်းနိုင်တဲ့ လက်နက်က မရှိသေး။ ဘာကြောင့်လဲဆိုတော့ တိုက်ခိုက်ခံရတဲ့ ကိုရိုနာလက်နက်ရဲ့ သက်ရောက်မှု၊ ဖြစ်တည်မှု၊ ဖျက်ဆီးနိုင်မှု အစရှိတဲ့ အချက်အလက် အပြည့်အစုံကို သိရှိသူက ကမ္ဘာမှာ မရှိသေး။ လက်နက်ဟောင်း ဆေးမြီးတိုတွေနဲ့ အရေးပေါ်ထုတ်ထားတဲ့ ဆေးဝါးသစ်လက်နက်ငယ်တွေနဲ့ ရသလောက် ပြန်ခုခံနေရတဲ့အခြေအနေပါ။

စစ်ရေးအရဆိုရင် အခုဖြစ်နေတဲ့ စစ်က လူတွေအတွက် ခုခံစစ် ခံစစ် သက်သက်။ အလစ်အငိုက် ခြုံခို တိုက်လာရင်လည်းခံ၊ ရန်သူ့နယ်မြေထဲ မဖြစ်မနေဝင်ရပြီဆိုရင်လည်းခံ၊ တော်တော် မလွယ်တဲ့အနေအထားပါ။ လေယာဉ်သံမကြား၊ ဗုံးသံမကြားဘဲ အသံတိတ်လက်နက်ရဲ့ဒဏ်ကို မရှုမလှ ခံနေရ တာပါ။

ရန်သူဘက်က တပ်သားတိုင်း အစွမ်းထက်လက်နက် ကိုင်စွဲ ထားပေမယ့် ကိုယ်တွေဘက်မှာက သူတို့ပေးတဲ့ ဒဏ်ရာ ရောဂါကိုသာ အနိုင်နိုင်ကုနေကြရတာ မဟုတ်လား။ ဘယ်နေရာမှာ သူတို့ရှိမှန်းမသိဘဲ ပိုးသတ်ဆေးဖြန်းလိုက်၊ သန့်ရှင်းရေးလုပ်လိုက်နဲ့ မမြင်ရဘဲ ရမ်းပစ်နေရတာ။ သန်းပေါင်း ထောင်နဲ့ချီတဲ့ လူသားတွေကလည်း လက်ဆေး လိုက် နှာခေါင်း စည်းတပ်လိုက်နဲ့ အချင်းချင်း ခပ်စိမ်းစိမ်းနေပြီး ဒီစစ်ပွဲကြီး ဘယ်နေ့ပြီးမလဲလို့ စောင့်နေရပါတယ်။

စီးပွားရေးအတွက်ပဲဖြစ်ဖြစ်၊ လူတွေကို ကယ်တင်ဖို့ပဲဖြစ်ဖြစ် ဆေးဝါး လက်နက်သစ်တွေ ထုတ် တဲ့သူတွေက ထုတ်၊ စမ်းသပ်တဲ့လူတွေက စမ်းသပ် လုပ်နေကြပြီး ဆေးဝါးလက်နက်သစ် ပေါ်တဲ့သတင်းကြားတိုင်း လျှပ်စစ်မီးပြန်လာလို့ မှောင်ထဲက ဝမ်းသာအားရ ထအော်သလို မျှော်လင့်တကြီး အားပေးနေသူတွေကလည်း ကမ္ဘာအနှံ့။ ဒါပေမယ့် ဘယ်ဆေးဖြစ်ဖြစ် ရောဂါသည်အားလုံးအတွက် ကုသပျောက်ကင်းစေနိုင်တဲ့ ဆေးမဟုတ်သေးတာက ပကတိ အခြေအနေ။

ဒီစစ်ပွဲနဲ့ပတ်သက်ပြီး ဟောကိန်းတွေကလည်း မျိုးစုံ။ လာမယ့် ၁၂ လ ကနေ ၁၈ လလောက် အထိ ဒီရန်သူကို တိုက်နိုင်တဲ့ ဆေးဝါး လက်နက်ကောင်း မရနိုင်ဘူးလို့ တွက်ဆသူရှိသလို၊ ရာသီတုပ်ကွေးရောဂါလိုပဲ ကာကွယ်ဆေး နှစ်စဉ်ထိုးရင်း တစ်သက်လုံး ရင်ဆိုင်သွားရနိုင်တယ်လို့ ခန့်မှန်းသူများလည်း ရှိပါတယ်။ သေချာတဲ့အချက်ကတော့ လာမယ့် ၁ နှစ်ခွဲ ၂ နှစ်လောက်အထိ လူတိုင်း သတိ နဲ့ နေထိုင် သွားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်ရှိတဲ့ လူတစ်ယောက် ကျန်သေးရင်ကိုပဲ စိတ်မချရတဲ့အခြေအနေမဟုတ်လား။

ကိုရိုနာ တိုက်ပွဲကြားမှာ လူ့အသက်ကယ်နေကြတဲ့ စစ်သည်တော် ကျန်းမာရေးဝန်ထမ်းတွေထဲမှာလည်း ကိုယ်တိုင် ကိုဗစ်လက်နက်ထိလို့ အသက်ပေးလိုက်ရသူတွေ၊ ကိုယ်တိုင်လူနာပြန်ဖြစ်သူတွေ နေရာအနှံ့ရှိနေဆဲ။ မကြောက်လို့ဖြစ်ဖြစ် ကြောက်ရင်းပဲဖြစ်ဖြစ် ကိုဗစ်ကျည်မှန်တဲ့သူတွေကိုလည်း သူတို့က ကုပေးရသေး။ ပင်စင်ယူထားသူတချို့လည်း ဒီစစ်ပွဲထဲ ပါဝင်ကူညီရင်း အသက်ပေးလိုက်ရရှာတယ်။ ဒီလိုတွေဖြစ်ပေမယ့် ကိုယ့်အတွက် အများအတွက် ဂရုမစိုက်သူတွေကလည်း တပုံတပင်။

ကိုရိုနာ ရေလှိုင်းစစ်ဆင်ရေးမှာ အခုမှ ပထမလှိုင်း၊ ပထမလှိုင်းဒဏ်ကို မနိုင်မနင်း ခုခံနေတုန်း ဒုတိယလှိုင်း ရဲ့ အရိပ်အယောင်တွေက စနေပြီ။ ပိတ်ဆို့တားမြစ်မှု လုပ်ထားရာက ပြန်လည် ဖြေလျှော့လိုက်တာနဲ့ ကိုဗစ်ခံတွင်းထဲ အရှိန်အဟုန်နဲ့ ကျသွားတဲ့ဒေသတွေကိုလည်း မြင်နေ ရသလို၊ ပြန်ဖွင့်ဖို့ ပြင်နေသူတွေကလည်း တန်းစီလို့။

အမေရိကန်ပြည်ထောင်စုမှာတော့ တပြိုင်တည်း ဘာလုပ် ဆိုတဲ့ အနေအထားမဟုတ်ပါဘူး။ ဖက်ဒရယ်အစိုးရက စီးပွားရေးနာလန်ထဖို့ တိုင်းပြည်ကို မြန်မြန်ပြန်ဖွင့်ချင်တယ်၊ ဒါပေမယ့် ပြည်နယ်အားလုံးက သူတို့အစီအစဉ်နဲ့သူတို့။ ပြည်နယ်အစိုးရက ဘယ်ပုံဘယ်နည်း အဆင့်ဆင့်ပြန်ဖွင့်မယ်လို့ ကြေညာပေမယ့် စီရင်စုတွေ၊ မြို့တွေက သူတို့အစီအစဉ်နဲ့သူတို့။

ကယ်လီဖိုးနီးယားက စီရင်စု ၅၈ ခုအနက် ၁၅ ခုကတော့ စာသင်ကျောင်းတွေ စားသောက်ဆိုင်တွေ ပြန်ဖွင့်မတဲ့။ ကျန်တဲ့ စီရင်စုတွေက ဖွင့်ဖို့မပြင်သေးသလို လော့စ်အိန်ဂျယ်လိစ် စီရင်စုကဆို တားမြစ်မိန့်ကို နောက်ထပ် ၃ ပတ် တိုးမတဲ့။ တချို့သော တက္ကသိုလ်များကလည်း သြဂုတ်လလောက် မှပြန်ဖွင့်မယ့် စာသင်နှစ်ကို အွန်လိုင်းကနေပဲ သင်ကြား ဖို့ပြင်သတဲ့။ အားလုံးက အခြေအနေကိုကြည့်ပြီး အကောင်းဆုံးလမ်းကို ရွေးကြတာပါ။

ဒီစစ်ပွဲကြီး ရေရှည်လာရင် ဘာလုပ်ကြမလဲ၊ မေးခွန်းတွေက အများကြီး ပါ။ အများပြည်သူ ခရီးသွားလာရေးတွေ ဘယ်လိုလုပ်ကြမလဲ၊ လုပ်ငန်းခွင်တွေ မှာ ဘာလုပ်မလဲ။ လေယာဉ်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ၆ ပေကွာအောင် ဘယ်လိုစီစဉ်မလဲ၊ လေဝင်လေထွက်ကောင်းအောင် ဘာလုပ်မလဲ၊ လူနည်းနည်းပဲ တင်ရင် စီးနင်းခ ဘယ်လောက်ယူမလဲ။ အလုပ်လက်မဲ့ များပြားမှုတွေ၊ ဆင်းရဲ မွဲတေမှုတွေကို ဘယ်လိုကုစားမလဲ။ ဒီစစ်ကြီးပြီးရင် အဝလွန်ရောဂါနဲ့ ဆက်စပ်ရောဂါများဖြစ်မယ့်သူတွေ၊ စိတ်ရောဂါဖြစ်နိုင်သူတွေလည်း ရှိလာနိုင်တယ်လို့ တွက်ဆ မိပါတယ်။ ဆန်ကျင်ဘက်ကတော့ အာဟာရချို့တဲ့မှုနဲ့ အငတ်ဘေးပေါ့။ ပြဿနာတွေက အများကြီးပါ။

ကျနော်တို့ ကြုံနေရတဲ့ စစ်ကြီးဟာ ခံစစ်သက်သက်ပါ။ ဒါကို မေ့မထား ဖို့ လိုပါတယ်။ ကာကွယ်စစ် ခုခံစစ်အနေ နဲ့ ကိုယ့်စခန်း မကျအောင် ကိုယ်က တာဝန်ယူမှ ဒီစစ်ပွဲပြီးတဲ့ အထိ ရှင်သန်ခွင့်ရကြမှာပါ။

ကမ္ဘာကြီး ကျန်းမာပါစေ။ ။ (ထိန်လင်း)

Add a Comment

Your email address will not be published. Required fields are marked *

5 × one =