ဧပြီလ (၁၃) ရက်နေ့ သင်္ကြန်အကြိုနေ့မှာတော့ စကစအသိုင်းအဝိုင်း နဲ့ အစိုးရဝန်ထမ်းမိသားစုတွေသာ ကျင်းပကြတာဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့မှာ မြို့တော်မဏ္ဏပ်တွေ ပြုလုပ်ပြီး အချို့သောအနုပညာရှင်တွေကလည်း သီချင်းတွေသီဆိုဖျော်ဖြေပေးခဲ့ကြတာပဲဖြစ်ပါတယ်။
အရင်ကတည်းက စကစထောက်ခံတဲ့ အနုပညာရှင်တွေက မဏ္ဏပ်တွေမှာ သီချင်း ဆိုဖျော်ဖြေတာ အထူးအဆန်းမဟုတ်ပေမယ့် ပရိသတ်ချစ်တဲ့အနုပညာရှင်တွေဖြစ်သလို ယခင်က ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ အနုပညာရှင်တွေဖြစ်တဲ့ ပိုင်တံခွန်၊ G Fatt ၊ Floke Rose တို့က စကစသင်္ကြန်မှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ပုံရိပ်တွေဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့တာပဲဖြစ်ပါတယ်။
မှန်တယ်ထင်ရာကို ပြောဖို့ ဝန်မလေးသလို နိုင်ငံရေးကို မဆိုင်သလိုနေကြတဲ့ အနုပညာရှင်တွေကို ခနဲ့တတ်တဲ့ မင်းမော်ကွန်းဟာ ဒီကနေ့မှာလည်း ” မင်းတို့မို့ ခွေးတိုးပေါက်ကို အောက်ကျို့ ဝင်ချင်တယ်” ဆိုပြီး ပြတ်ပြတ်သားသားပြောလိုက်ပါတယ်။
Credit
zawgyi
Credit