









crd : panpyoelat

unicode

(၁၀)နှစ်သား အရွယ် ကောင်လေးကြောင့် ကိုယ်ဝန် ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေး၊ အဖြစ်မှန် ကို ပြန်ရှင်း

ပီးခဲ့တဲ့နှစ် နှောင်းပိုင်း က တစ်ကမ္ဘာလုံးက သတင်း မီဒီယာတွေ ထက်မှာ ရေပန်းစား ခဲ့တဲ့ သတင်းတစ်ပုဒ် ရှိခဲ့ပါတယအသက်(၁၀)နှစ်သာရှိသေးတဲ့ ကောင်လေးကြောင့် (၁၃)နှစ်အရွယ် ကောင်မလေးမှာ ကိုယ်ဝန်ရှိခဲ့တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ရုရှားနိုင်ငံမှာ ဖြစ်ခဲ့တာပါ။(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေး
ကောင်မလေးကို ဆေးပညာရှင်တွေက သေချာ စမ်းသပ်ကြည့်တဲ့အခါ တကယ်ကိုယ်ဝန် ရှိနေတာ ဟုတ် ပါတယ်။

ဒါပေမယ့် ဆေးဘက်ဆိုင်ရာ ပညာရှင်တွေရဲ့အမြင်အရ ဆယ်နှစ်ကောင်လေးဟာ ကလေးရအောင် စွမ်းဆောင်နိုင်တဲ့ အရွယ် ကို မရောက်သေးဘူးဆိုတာပါပဲ။ အဲဒီတုန်းက ဒေါက်တာတွေက ဒီကိုယ်ဝန်ဟာ တခြားသူကြောင့် ဖြစ်ရမယ်၊ ဒီ(၁၀)နှစ်အရွယ် ကောင်လေးကြောင့် လုံးဝ မဟုတ်ဘူး လို့ ယတိပြတ် ငြင်းဆိုခဲ့ပါတယ်။

(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရ ခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေးဒါပေမယ့် ကောင်မလေးက လူငယ်ကလေးပီပီ နာမည်ကြီးချင်လို့ “၁၃ နှစ်နဲ့ ကိုယ်ဝန်ဆောင်တဲ့ ကောင်မလေး”ဆိုပြီး လူမှုကွန်ရက်မှာ ပရိသတ်စုဆောင်းကာ နာမည်ကြီးဖို့အရေး ကြိုးပမ်းပါတော့တယ်။ တစ်ရက်တည်းမှာပဲ ပရိသတ် သိန်းချီ စုဆောင်းနိုင်ခဲ့ပါတယ်။ ကလေးမလေးရဲ့ မိခင်က ရင်သားကင်ဆာ ဝေဒနာ ခံစားနေရတယ်လို့ ဆိုပါတယ်။

(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရခဲ့တယ် ဆို တဲ့ (၁၃)နှစ်ကောင်မလေးအဲဒီကောင်မလေးက Influencer ဘဝနဲ့ မိခင်ကို လုပ်ကျွေးချင်တယ်ဆိုပြီး အကြွေချက်ကို ကိုင်ကာ၊ လူတွေကို သူမဆီ ပါအောင်စည်းရုံးနိုင်ခဲ့ပြီး၊ ဆယ်နှစ်အရွယ် ကောင်လေးနဲ့ တွဲသွားတွဲလာပုံတွေကို တင်ခဲ့ရာ၊ တစ်နေ့တခြား နာမည်ကြီး လာခဲ့ပါတယ်။

(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေးဒီကြားထဲမှာ ကလေးအဖေ ဘယ်သူဆိုတာ သူတို့ လုံးဝ မထုတ်ဖော်ခဲ့ပါဘူး။ နောက်ကွယ်မှာ ကလေးမလေးနဲ့ တွဲနေတယ်ဆိုတဲ့ အသက်(၂၄)နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးစစ်ဆေးတာမျိုးတောင် လုပ်ခဲ့ပါတယ်။ကောင်မလေးရဲ့နာမည်ကတော့ Darya ဖြစ်ပါတယ်။ သူမဟာ အခု (၁၄)နှစ် ရှိနေပါပြီ။ သူမရဲ့ကိုယ်ဝန်ဟာ အခု အသက်(၁၁)နှစ်ကို ရောက်နေပြီဖြစ်တဲ့ Ivan ရဲ့ ကိုယ်ဝန်မဟုတ်သလို၊

ရဲက ဖမ်းဆီးခဲ့တဲ့ (၂၄)နှစ်အရွယ် အမျိုးသားရဲ့ကိုယ်ဝန်လည်း မဟုတ်ဘူးလို့ ပြောပါတယ်။ သူမကို လူတစ်ယောက်က မုဒိမ်းကျင့်ခဲ့ကြောင်း၊ အဲဒီလူဟာ ဝဖိုင့်တဲ့ခန္ဓာကိုယ်နဲ့အတူ အရပ်လည်း အလွန်ရှည်တယ်လို့ ဆိုပါတယ်။

(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန် ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေးဒီဝန်ခံမှုက တကယ် ဟုတ်နိုင်မဟုတ်နိုင်ကိုတော့ မသိရသေးပါဘူး။ အကြောင်းကတော့ Darya ဟာ အောင်မြင်မှုကို ဆာလောင်နေသူဖြစ်တဲ့အတွက် သူမကို တနည်းနည်းနဲ့ စိတ်ဝင်စားသူတွေ ရှိလာဖို့၊ ဒါမှမဟုတ် နာမည်ပိုကြီးလာဖို့၊ ဒါမှမဟုတ် အေးစက်နေတဲ့ သူမအကြောင်းကို လူတွေ ပြန်ပြီး သတိတရဖြစ်သွားအောင်လို့ဆိုတဲ့ သဘောနဲ့ ဇာတ်လမ်းသစ် ပြန်စတာလားဆိုတာ တွေးစရာပါ။ ဒီလို လုပ်ခဲ့တဲ့ အစဉ်အလာကလည်း ရှိနေတာကိုး။

(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေး Darya ဟာ Zheleznogorsk မှာ နေထိုင်ပါတယ်။ နောက်ပိုင်းတော့ သူမဟာ လူမှုကွန်ရက်ပေါ်မှာ တောင်စဉ်ရေမရ လျှောက်ပြောတာတွေကြောင့် တချို့ကလည်း ဒီကောင်မလေး စိတ်ပုံမှန်မှ ရှိရဲ့လားလို့ သံသယတွေ ရှိနေကြပါတယ်။ လက်ရှိအချိန်မှာ သူမ ရဲ့ Pregnant at 13 အမည်ရ လူမှုကွန်ရက် မှာ ပရိသတ် (၃)သိန်းခန့် ပိုင်ဆိုင် ထားပါတယ်။(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေးသူမက Pregnant at 13 အကောင့်မှာ ” အခု ကျွန်မ လျှို့ဝှက်ထား တဲ့ ဗိုက်ထဲက ကလေးရဲ့ အဖေအရင်း အကြောင်းကို အများသိအောင် ပြောချင် ပါတယ် … ဒါက ကျွန်မအတွက် အလွန်နာကျင်စေတဲ့ ကိစ္စပါ …ကျွန်မ ဘယ်ကိုမှ ထွက်ပြေးသွားလို့ မရသလို … နာကျင်မှုက စိတ်ထဲကို စွဲနေပါတယ် … တကယ်က အဓမ္မကျင့်ခံရတာပါ … ဘယ်လို ဖြစ်တယ်ဆိုတာ အပြည့်အစုံ မပြောချင်ပါဘူး .. စိတ်နာရ လို့ပါလို့ “ပြောခဲ့ ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

seventeen − fifteen =