Dr Shwe Tun
unicode
ဖေ့ဘွတ် သုံးရတာ ဒီလိုပို့စ်မျိုးတွေကြောင့် ဘေလ်ကုန် ရ ကျိုးနပ်နေတာ ပါ … မျက်ရည်ခိုင် ရင်တော့ ဖတ်ကြည့်စေချင် တယ်…
ဖတ်ကြည့် မှ……သိမှာမို့…..ဖတ်ကြည့်နော် …ဖတ်စေ ချင်လွန်း လို့ပါ……
လင်မယား စုံတွဲတစ်တွဲပါလာတဲ့သင်္ဘောတစ်စင်း နစ်မြှုပ် သွား တယ် …။အချိန်တော်တော်ကြာ မှ အသက်ကယ်လှေ တစ်စင်းရောက် လာတယ် …။အသက်ကယ်လှေပေါ် မှာ နေရာဆိုလို့ တစ်နေရာဘဲ ကျန်တော့တယ် …။အဲဒီ အချိန်မှာ ယောကျ်ားဖြစ်သူက သူ့မိန်းမကိုသူ့အနောက် ဆွဲချလိုက်ပြီး သူကိုယ်တိုင် အသက်ကယ်လှေပေါ်ခုံတက် လိုက်တယ် …။
အဲဒီ အမျိုးသမီး ကတော့တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့ သင်္ဘောပေါ် မှာရပ်ပြီးသူ့ယောကျ်ားကို စကားတစ်ခွန်းအော်ပြောလိုက်တယ် …။ဒီနေရာအထိပြောပြီးတော့ ဆရာမကကျောင်းသားတွေကို မေးလိုက်တယ် …။
“မင်းတို့ ခန့်မှန်းကြည့်…အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”
ကျောင်းသားတွေ ကတော့ အလုအယက်ဒေါ နဲ့မောနဲ့ အော်ပြောကြတယ်…“ငါနင့်ကို မုန်းတယ်… ငါကို ထားပစ်ရစ် ခဲ့တယ် ”အဲဒီအချိန်မှာ ဆရာမကကျောင်းသူလေး တစ်ယောက် ကိုဘာမှမပြောတာကို သတိထား မိတော့ဆရာမက သူ့ကိုမေးလိုက်တယ် …။
အဲဒီကျောင်းသူလေးက ပြန်ဖြေ လိုက်တယ်…“ဆရာမ… သမီး ထင်တယ်…အဲဒီ အမျိုးသမီးအော်ပြောလိုက် မှာက …ငါတို့ကလေး ကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”…
ဆရာမက အံ့သြသွား တယ်…သူ့ကို ပြန်မေး လိုက်တယ်…“အဲဒီ ပုံပြင်ကို နားထောင်ဖူး လို့လာ?”ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ် …။
“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီး ဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့ စကားပါ ”ဆရာမက ပြန်ပြောလိုက်တယ် ….“အဖြေမှန်ပါ တယ်ကွယ်…”သင်္ဘော နစ်မြှုပ်သွားပါတယ် …
ယောကျ်ားက သူ့မြို့ကို ပြန်ရောက်ပြီးသမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးခဲ့တယ် …။နှစ်ပေါင်းများစွာကြာပြီးနောက် အဲဒီယောကျ်ားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့ ….သမီးဖြစ်သူက သူကျန်ရစ် ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှသူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်း စာအုပ်ကိုတွေ့တယ် …။ အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်…ဖေဖေ နဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာ မေမေ့ရောဂါဟာ နောက်ဆုံးအဆင့် ကိုရောက်နေပါပြီ …။
အရေးပေါ်အချိန် မှာဖေဖေဟာ အသက်ရှင်ဖို့ တစ်မျှင်တာရှိတဲ့နေရာကို အရောက်ပြေး ခဲ့တယ် …။သူ့ရဲ့ မှတ်တမ်းစာအုပ် မှာရေးထားတာက“ငါ မင်းနဲ့ ဒီပင်လယ်အောက် ကို အတူတူသာနစ်မြှုပ်သွား လိုက်ချင်ပါတယ် …။ ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး…သမီးလေး အတွက်ကြောင့်….ဒီပင်လယ်ရေနက်အောက် မှာ..နင်တစ်ယောက်တည်းကိုဘဲ ထားခဲ့လိုက်ရတာပါ ”
ပုံပြင်ပြောလို့ပြီးသွားပါပြီ…အခန်းထဲ မှာလဲ ငြိမ်သက်သွားပါတယ်…ဆရာမက သိတယ် …။သူ့ကျောင်းသားတွေ ဒီပုံပြင် ရဲ့ အနှစ်သာရကိုနားလည်လိမ့်မယ်လို့…ဒီလောကမှာ ရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ…တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ် …။ပိုင်းခြားရမှာ ခက်ခဲ လှပါတယ်…ဒါကြောင့် အရာရာတိုင်း ကို အပေါ်ယံဘဲကြည့်ပြီးအလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး …။
ပိုက်ဆံရှင်းချိန်မှာ ပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့ သူဟာ…သူ ပိုက်ဆံ အရမ်းချမ်းသာနေ လို့မဟုတ်ဘူး …။သူက ဒီသူငယ်ချင်း သံယောဇဉ်ကိုငွေကြေးထက်ပိုပြီး အလေးထားလို့ပါ …။အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့ပိုပြီးကြိုးစားလုပ်တဲ့သူဟာသူ အ နေလို့မဟုတ်ဘူး…သူက တာဝန်သိတတ်လို့ပါ …။
ရန်ဖြစ်တဲ့ အချိန်မှာအရင်ဆုံး တောင်းပန်တဲ့သူဟာ သူမှားနေ လို့မဟုတ်ဘူး…ကိုယ့်ဘေးက လူကိုသူ တန်ဖိုးထားရမှန်း သိနေလို့ပါ …။ မင်းကိုအမြဲကူညီနေတဲ့သူဟာမင်းဆီကနေ တစ်ခုခုပြန်ရဖို့တောင့်တနေတာ မဟုတ်ဘူး …။မင်းကို သူငယ်ချင်း အစစ်တစ်ယောက်အနေ နဲ့တန်ဖိုးထားလို့ပါ …။
မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့သူဟာသူ အားယားနေလို့မဟုတ်ပါဘူး … ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါပဲ ….
Dr Shwe Tun
Add a Comment
Your email address will not be published. Required fields are marked *
10 − 8 =