






unicode

ကမ္ဘာခေတ်စား လာတဲ့ အအေချင်း မိုင်(၆၀၀) လောက် ရှိပြီး မုန်တိုင်းမျက်စိ (Eye) ပေါ်စပြု လာသော “AMPHAN” အကြာင်းအရာ

အချင်း မိုင်(၆၀၀) လောက်ရှိပြီး မုန်တိုင်းမျက်စိ (Eye) ပေါ်စပြုလာသော “AMPHAN” “AMPHAN” သို့ မဟုတ် “LOVE” လို့ အဓိပ္ပာယ်ရတဲ့ အား အလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း ကို ညနေပိုင်း အချိန် HIMAWIRI-8 Meteorological Satellite က ရိုက်ကူးထားတဲ့ပုံ ဖြစ်ပါတယ်။ မုန်တိုင်း အဆောက်အအုံ အချင်း မိုင်(၆၀၀) လောက်ရှိနိုင် ပါတယ်။

အားအလွန်ကောင်း တာကြောင့် မုန်တိုင်းမျက်စိ (Eye) ပေါ်စပြုနေတာ ကို တွေ့ရပါတယ်။ ဒီလိုမိုင် ၆၀၀ လောက် အချင်းရှိတဲ့ တိမ်တိုက်ကြီးက ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းသာ ရောက်လာရင် ပင်လယ်ပြင် တစ်ခုလုံး ပြည့်သွားနိုင်မယ် ထင်တယ်။

ပြီးတော့ သူက အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အထိတောင်ရောက်နိုင်တယ် ဆိုတော့ သတိပြုစရာပါ။

လှထွန်း (မိုးလေဝသ) ၁၇-၅-၂၀၂၀

လေးစားစွာဖြင့် ခရစ်ဒက် ….Hla Tun

Add a Comment

Your email address will not be published. Required fields are marked *

8 − one =