အီတလီနိုင်ငံ ရောမမြို့မှာကျင်းပတဲ့ မွေထိုင်းပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ ဖိုက်တာမလေး ဘရောနီကာဟာ အီတလီဖိုက်တာ အက်စတာဗိုင်အိုလာကို ဒိုင်ဆုံးဖြတ်ချက် နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပြိုင်ပွဲဟာ ဘရော်နီကာရဲ့ ပထမဆုံးပြည်ပပွဲစဉ် ဖြစ်ပြီး မွေထိုင်းပြိုင်ပွဲကို Boxing လက်အိတ်နဲ့ ထိုးသတ်ရတာဖြစ်ပါတယ်။ ဘရော်နီကာနှင့် အက်စတာ ဗိုင်အိုလာတို့ ပွဲချိန်ပြည့် (၃ ) ချီ ထိုးသတ်ပြီး အဖြေမပေါ်ခဲ့တာကြောင့် ပွဲအပြီးမှာ စွမ်းဆောင်ရည်နှင့် ထိုးချက်သာတဲ့ ဘရော်နီကာကပဲ ဒိုင်ဆုံး ဖြတ်ချက်နှင့် အနိုင်ရခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ဘရောနီကာဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ဆယ့်တစ်ပွဲဆက်အနိုင်ရထားတဲ့ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဘရော်နီကာကတော့ ကယန်းတိုင်းရင်းသူ တစ်ယောက်ဖြစ်ပြီးမြန်မာ့ဂုဏ်ဆောင် ဖိုက်တာမလေးဖြစ်ပါတယ်။
crd
zawgyi