KTV သွားရင်း ပရလောကသားတစ်ယောက်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရကြောင်း ပြောပြလာတဲ့ မော်ဒယ် “ဇာဇာထက်”

Posted on

ပရိသတ်ကြီးရေ ဇာဇာထက်ဟာဆိုရင် ဆက်စီမော်ဒယ် တစ်ယောက် အနေနဲ့အောင်မြင်မှုတွေ ရရှိထားပြီးဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဇာဇာထက်က ထူးထူးဆန်းဆန်း သူမကြုံခဲ့ရတဲ့ သဘာဝလွန်ကိစ္စ တစ်ခုကို ပရိသတ်တွေဆီ ပြောလာပါတယ်။

ဇာဇာထက်က “ကံတွေ မကောင်းတာ စိတ်တွေရှုပ်လို့ ktv သွားတာ။ ktv မှာ ghost ကိုမြင်ပြီးပြန် လာတယ် သူကလဲကိုယ့်ကိုကြည့်နေတယ် ကိုယ်ကလဲမူးမူးနဲ့ကြောင်ပြီးပြန်ကြည့်နေမိတယ် ယောကျာ်းလေးပဲ အဝတ် အစားကလေ အရင်တုန်းက DJ တွေနဲ့rapper တွေဝတ်တဲ့ဒီဇိုင်း🥹 အဲ့ဒါနဲ့စပ်စုချင်တာနဲ့မီးထဖွင့် လိုက်တော့ မရှိတော့ဘူး။

အေး ကံတွေဆက်တိုက်ကောင်းနေလိုက်😩 သေချာတာကမျက်စိမမှားဘူး ဘယ်လောက်မူးမူး တစ်ခါမှ Ghost မမြင်ဖူဘူး🙄သူ့ပုံစံလေးက သူဒီမှာရှိတာကို ပြချင်နေတဲ့ပုံလေး😔နောက် club တစ်ခုရှိသေးတယ် သွားတိုင်း car tite တာ😬ပထမ တစ်ခါ ကိုယ်ဖြစ်တယ်😬ဒုတိယတစ်ခါ ကိုယ့်ညီမ tite တယ် အခုထိစခန်းမှာ ရှင်းတုန်း😩(၂)ခါပဲသွားတာ (၂)ခါစလုံးဖြစ်တာ တိုက် ဆိုင်မှုတော့ မဟုတ်လောက်ဘူးထင်ပါရဲ့😔” ဆိုပြီး ပြောလာပါတယ်။ ဇာဇာထက် ကတော့ သူမအနေနဲ့ စိတ်တွေရှုပ်လို့ KTV သွားပြီး သီချင်းဆိုရာမှ ထူးထူးဆန်းဆန်း အဖြစ်အပျက်နဲ့ ကြုံခဲ့ရကြောင်း ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇာဇာထက်ရဲ့ ထူးခြားဖြစ်စဉ်ကိုဖတ်ပြီး အံ့သြနေကြမယ်ထင်ပါတယ်နော်။

Credit;