ကွယ်လွန်သွားတဲ့ လူရွှင်တော်ကြီးဦးဝင်းနိုင် နဲ့ အမှတ်တရရှိခဲ့တာတွေကို ပြောပြရင်းဝမ်းနည်းနေတဲ့ “အေးဝတ်ရည်သောင်း”

Posted on

မော်ဒယ်၊ ရုပ်ရှင်သရုပ်ဆောင် အေးဝတ်ရည်သောင်း ကတော့ အနုပညာလောကထဲကို အသက် (၁၃) နှစ် အရွယ်ကတည်းက ဝင်ရောက်လာခဲ့သူမို့ အနုပညာ လောကသားတွေနဲ့ အရမ်းကိုရင်းနှီးပြီး မိသားစုလို မောင်နှမလို ဆက်ဆံရေးမျိုးကို တည်ဆောက်ထားတာ ပဲ ဖြစ်ပါတယ်ဒီကနေ့ ဧပြီလ (၂၉) ရက်နေ့မှာတော့ သရုပ်ဆောင် ဦးဝင်းနိုင် (အနုပညာ) ကွယ်လွန်သွားခဲ့ပြီး အေးဝတ်ရည်သောင်းက ဦးဝင်းနိုင် အတွက် စိတ်မ ကောင်းဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါ တယ်။

အေးဝတ်ရည်သောင်းက “လေးလေးရေ အေးချမ်းတဲ့ နေရာကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ မှတ်မှတ်ရရ ဒီစာအုပ်လေး ထွက်တုန်းက ဖုန်းတွေပြော ဖြစ်သေးတယ်နော်။ ငယ်ငယ်ကဆို လေးလေးနဲ့ သားအဖခန်းအမြဲရိုက်ခဲ့ရတာ ရုပ်ကလေးဆင်လို့တဲ့ လေ။ သမီးနဲ့ဆုံခဲ့ချိန်တိုင်းသင်ပေးခဲ့တဲ့အရာတွေ အတွက်ကျေးဇူးပါ အဝေးကနေပဲကန်တော့ပါတယ် လေးလေးရေ.. ကောင်းရာသုဂတိလားပါစေ ။” ဆိုပြီး ဝမ်းနည်းကြောင်း ရေးသားခဲ့တာပဲ ဖြစ်ပါ တယ်။

အေးဝတ်ရည်သောင်းကတော့ သူမကို ငယ်စဉ် ကတည်းက အနုပညာနဲ့ပတ်သက်ပြီး သင်ကြားပေးခဲ့ သလို ရုပ်ချင်းဆင်တူသူ တစ်ယောက်အနေနဲ့လည်း သားအဖဇာတ်ဝင်ခန်းတွေအများကြီး ရိုက်ခဲ့ဖူးတဲ့ လေး ဦးဝင်းနိုင်ရဲ့နာရေးသတင်းအတွက် တော်တော် လေးစိတ်မကောင်းဝမ်းနည်းဖြစ်နေတာပဲဖြစ်ပါတယ်။

Credit;

zawgyi

ေမာ္ဒယ္၊ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေအးဝတ္ရည္ေသာင္း ကေတာ့ အႏုပညာေလာကထဲကို အသက္ (၁၃) ႏွစ္ အ႐ြယ္ကတည္းက ဝင္ေရာက္လာခဲ့သူမို႔ အႏုပညာ ေလာကသားေတြနဲ႔ အရမ္းကိုရင္းႏွီးၿပီး မိသားစုလို ေမာင္ႏွမလို ဆက္ဆံေရးမ်ိဳးကို တည္ေဆာက္ထားတာ ပဲ ျဖစ္ပါတယ္ဒီကေန႔ ဧၿပီလ (၂၉) ရက္ေန႔မွာေတာ့ သ႐ုပ္ေဆာင္ ဦးဝင္းႏိုင္ (အႏုပညာ) ကြယ္လြန္သြားခဲ့ၿပီး ေအးဝတ္ရည္ေသာင္းက ဦးဝင္းႏိုင္ အတြက္ စိတ္မ ေကာင္းဝမ္းနည္းေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာခဲ့ပါ တယ္။

ေအးဝတ္ရည္ေသာင္းက “ေလးေလးေရ ေအးခ်မ္းတဲ့ ေနရာကိုေရာက္ပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။ မွတ္မွတ္ရရ ဒီစာအုပ္ေလး ထြက္တုန္းက ဖုန္းေတြေျပာ ျဖစ္ေသးတယ္ေနာ္။ ငယ္ငယ္ကဆို ေလးေလးနဲ႔ သားအဖခန္းအၿမဲ႐ိုက္ခဲ့ရတာ ႐ုပ္ကေလးဆင္လို႔တဲ့ ေလ။ သမီးနဲ႔ဆုံခဲ့ခ်ိန္တိုင္းသင္ေပးခဲ့တဲ့အရာေတြ အတြက္ေက်းဇူးပါ အေဝးကေနပဲကန္ေတာ့ပါတယ္ ေလးေလးေရ.. ေကာင္းရာသုဂတိလားပါေစ ။” ဆိုၿပီး ဝမ္းနည္းေၾကာင္း ေရးသားခဲ့တာပဲ ျဖစ္ပါ တယ္။

ေအးဝတ္ရည္ေသာင္းကေတာ့ သူမကို ငယ္စဥ္ ကတည္းက အႏုပညာနဲ႔ပတ္သက္ၿပီး သင္ၾကားေပးခဲ့ သလို ႐ုပ္ခ်င္းဆင္တူသူ တစ္ေယာက္အေနနဲ႔လည္း သားအဖဇာတ္ဝင္ခန္းေတြအမ်ားႀကီး ႐ိုက္ခဲ့ဖူးတဲ့ ေလး ဦးဝင္းႏိုင္ရဲ႕နာေရးသတင္းအတြက္ ေတာ္ေတာ္ ေလးစိတ္မေကာင္းဝမ္းနည္းျဖစ္ေနတာပဲျဖစ္ပါတယ္။

Credit;