သမီးရည်းစားဘဝကတည်းက နှစ်ယောက်သားသီချင်းဆိုနေတဲ့ ဗီဒီယိုလေးကိုတင်ပေးလိုက်တဲ့ “မြတ်သူသူ” ရဲ့ခင်ပွန်း

Posted on

သရုပ်ဆောင် မြတ်သူသူ ကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက် အဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးသူ ဖြစ်ပါတယ်။ မြတ် သူသူဟာ “တို့မမနဲ့တို့”၊ “ပျားရည်အိုင်”၊ “မှော်ပလ္လင်”၊ “အေးရိပ်ငြိမ်” စတဲ့ မတူညီတဲ့ ဇာတ်လမ်းတွဲတွေမှာ ကာရိုက်တာအမျိုးမျိုး နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ် ပါတယ်။ လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “သစ္စာ” ဇာတ်လမ်းတွဲမှာလည်း မြတ်သူသူက ကျောင်းဆရာမ လေး ပုလဲသွယ် အဖြစ် ပါဝင်သရုပ်ဆောင်နေရင်း ပရိသတ်အားပေးမှုကို ရရှိနေတာပဲဖြစ်ပါတယ်။

ကြာသေးခင်လတွေ ကပဲ ချစ်သူနဲ့ လက်ထပ်ခဲ့တဲ့ မြတ် သူသူဟာ အခုဆိုရင် သူမရဲ့ကြင်စဦး အိမ်ထောင်သည် ဘဝလေးကို ဖြတ်သန်း ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ မြတ်သူသူရဲ့ ခင်ပွန်း ကလည်း မြတ်သူသူကို အရမ်းချစ် ပြီး သမီးရည်းစားဘဝကတည်းက နှစ်ယောက်သား နားလည်မှုရှိရှိနေထိုင်ခဲ့ကြောင်းကို “2022)ချစ်သူဘဝ တုန်းက ပုံရိပ်လေးတွေပါဗျ အရမ်းချစ်တယ် ချစ်သူ လေးမီးမီးလေးက” ဆိုပြီး အမှတ်တရ ဗီဒီယိုလေးတင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

မြတ်သူသူတို့ ဇနီးမောင်နှံ ကတော့ သမီးရည်းစားဘဝ ကတည်းက တစ်ယောက်နဲ့ တစ်ယောက် ပျော်ရွှင်မှု အပြည့်နဲ့ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ မြတ် သူသူတို့ဇနီးမောင်နှံနှစ်ယောက် အခုလိုပဲပျော်ပျော်ရွှင် ရွှင်နဲ့ ထာဝရချစ်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်နော်။

Credit;

zawgyi




Credit;